Pages

ဆိုရှိကိ ကရာတေး 組織空手 Soshiki Karate meaning by- Karate Myint Kywe




ဆိုရှိကိ ကရာတေး


Soshiki Karate Academy Logo



Soshiki Karate  ဆိုရှိကိ ကရာတေး 組織空手  Logo ဖြစ်သည်။

















ထို့အပြင် ဆိုရှိကိ ကရာတေး (စနစ်ကျသည့် ကရာတေး) တွင်
·        Kihon (Basics)
·        Kata (Forms)
·        Kumite (Sparring)
·        Kime (The Power of Focusing)
·        အားကစား နှင့် ခုခံတိုက်ခိုက်ခြင်း ကိုယ်ခံပညာ (စစ်ပညာ) (Sport Karate and powerful combat Karate)
·        သီအိုရီ နှင့် စနစ်ကျသည့်လက်တွေ့ လေ့ကျင့်ခန်း ပြုလုပ်ခြင်း (Training theory and practice) တို့ပါဝင်သည်။

ကရာတေးအသင်းများကိုကျွန်းတောလမ်း စမ်းချောင်းမြို နယ် တွင်လည်းကောင်း၊ ၃၅၃၊ မြို့ မ ကျောင်းလမ်း ..က() ဒဂုံ မြို့ မ ကျောင်း ဒဂုံမြို နယ် တွင်လည်းကောင်း၊ ခြံအမှတ်-၇၄ စီ အင်လျားလမ်း၊ ကမာရွတ် မြို နယ်တွင်လည်းကောင်း၊ နိုင်ငံခြားဘာသာတက္ကသိုလ် နောက်ဘက်ရှိ အင်းလျားလမ်း ကမာရွတ်မြို နယ်(ဦးဘဘကြီး) ခြံတွင်လည်းကောင်း၊ ရန်ကုန်ဆေးတက္ကသိုလ် () ပြည်လမ်း လိပ်ခုံးခန်းမ ကမာရွတ် မြို နယ်တွင်လည်းကောင်း၊ ခြံအမှတ်-၁၀၅ ဟယ်လပင်လမ်း (ယခု ပြည်ထောင်စုရိပ်သာလမ်း) ဒဂုံ မြို နယ် တွင်လည်းကောင်း၊ ခြံအမှတ်-၃၀ F အင်လျားလမ်း ကမာရွတ် မြို နယ်တွင်လည်းကောင်း တည်ထောင်ဖွင့်လှစ်ပို့ချခဲ့သည်။ ကျောင်းသားကျောင်းသူများ၊ လူငယ်များအား ကရာတေးပညာ သာမက ဗုဒ္ဓဘာသာ ၊ယဉ်ကျေးမှု၊ ကိုယ်ကျင့်တရား၊ ကရာတေးအက်သစ် (Ethics of Karate) စသည် တို့ကိုလည်း စာတွေ့လက်တွေ့ ပူးတွဲပို့ချပေးခဲ့သည်။

 ကျောင်းသားကျောင်းသူများ၊ လူငယ်များအား ဆိုရှိကိ ကရာတေးပညာသာမက ဗုဒ္ဓဘာသာ၊ ယဉ်ကျေးမှု၊ ကိုယ်ကျင့်တရား၊ ကရာတေးအက်သစ် (Ethics of Karate) စသည်တို့ကိုလည်း ပြည်တွင်းပြည်ပတွင် စာတွေ့လက်တွေ့ ပူးတွဲပို့ချပေးခဲ့သည်။ ငွေကြေးချို့တဲ့သူများဆိုပါက အခမဲ့ (Free of charge) ကရာတေးသင်ပေးခဲ့သည်။
Myint Kywe (Myoma Myint Kywe) is the founder, chief instructor and principal of the Soshiki Karate Academy since 1978 in Rangoon (Yangon).  Soshiki  Karate techniques was descended directly from the Shotokan karate style 松濤館空手.  Soshiki  literally means " SYSTEM and organization ".Soshiki karate is consists NOT ONLY about sport training and powerful self-defence BUT ALSO build morality, humility, patience, self- discipline, self- control, self- confidence, strength of character, kindness, compassion, forgiveness, truthfulness, and righteousness .
There are different characteristic of  Soshiki karate martial arts. 
Red is signifies of courage. Red is associated with energy, strength, ability, and power. 

White is signifies of purification. White is associated with peace, honesty, truth, politeness, goodness, innocence, clear mind, and cleansing.

The colors and their significance still trace back to the birth of the Soshiki Karate Academy.

When a student of karate hears the term “Soshiki Tiger,” one image comes to mind: the traditional symbol of the TIGER inside the circle which has become representative of Shotokan Karate.

ဆိုရှိကိ ကရာတေး သင်တန်းကျောင်း (Soshiki Karate Academy) တွင် သင်ကြားသော နည်းစနစ်များသည် ရှိုတိုကန် (Shotokan Style) နည်းစနစ်များသာ ဖြစ်သည်။ Soshiki Karate Club ဟုလည်းခေါ်သည်။ ထူးခြားသည်မှာ ဆိုရှိကိ ကရာတေးသည် အားကစား နှင့် ကိုယ်ခံပညာ  လေ့ကျင့်ခန်း များသာမက လူတို့တွင် ထားအပ်သော ကိုယ်ကျင့်တရား Morality လေ့ကျင့်ခန်း များကိုပါ သင်ကြားလေ့ကျင့်မှုများပါဝင်သည်။ ဆိုရှိကိ ကရာတေးတွင် Kihon, Kata, Kumite သာမက powerful combat training, applied bunkai and applied kumite များ အထူးပါဝင်သည်။ 

(Bunkai (分解), literally meaning "analysis" or "disassembly", is a term used in Japanese martial arts referring to the application of fighting techniques extracted from the moves of a "form" (kata). Bunkai is usually performed with a partner or a group of partners which execute predefined attacks, and the student performing the kata responds with defenses, counterattacks, or other actions, based on a part of the kata. Bunkai is a part of the martial arts which is often neglected). 

ဦးမြင့်ကြွယ် (မြို့ မ မြင့်ကြွယ်) မှ ၁၉၇၈ ခုနှစ်တွင် ဆိုရှိကိ ကရာတေး ကို  တည်ထောင်ခဲ့ပြီး ဆိုရှိကိ ကရာတေးအသင်း၏ တည်ထောင်သူ နှင့် နည်းပြချုပ် အဖြစ်လည်းကောင်း၊ Soshiki Karate Academy ဆိုရှိကိ ကရာတေးသိပ္ပံ ကျောင်းအုပ်ဆရာကြီးအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။

စနစ်ကျသည့် ဆိုရှိကိ ကရာတေး တွင် အရေးပါသည့် အချက်(၁၅) ချက်နှင့် ဖွဲ့စည်းထားပါသည်။

The most common formulation of Soshiki Karate ethics are the fifteen precepts: 


(၁) စိတ်ထားဖြူစင်ခြင်း (Purification of Mind)
(၂) ယဉ်ကျေးခြင်း (Courtesy)
(၃) ရိုးသားဖြောင့်မတ်ခြင်း (Honesty)
(၄) နည်းစနစ်ကျခြင်း (Systematisation)
(၅) ကိုယ်ကျင့်သီလကောင်းခြင်း (Morality)
(၆) မေတ္တာစိတ်ရှိခြင်း (Loving kindness)
(၇) ကရာတေးပညာထူးချွန်ခြင်း (Skill in Karate)
(၈) သည်းခံခြင်း (Patience or forbearing)
(၉) အကောင်းမြင်ဝါဒကျင့်သုံးခြင်း (Optimism)
(၁၀) မိမိကိုယ်မိမိ စိတ်တည်ငြိမ်စွာထိန်းချူပ်နိုင်ခြင်း (Self- control)
(၁၁) ကိုယ်ချင်းစာတရားရှိခြင်း (Sympathy)
(၁၂) သတ္တိကောင်းခြင်း (Courage)
(၁၃) နှောက်ယှက်ထိပါးသူ ရန်သူကိုကျွမ်းကျင်စွာ တိုက်ခိုက်ခြင်း (counterattack to enemies)
(၁၄) ခွင့်လွှတ်ခြင်း (Forgiveness)
(၁၅) သီအိုရီ နှင့် လက်တွေ့ ပေါင်းစပ်လေ့ကျင့်ခြင်း (Theoretical knowledge and practical skill)


စာတွေ့ Theory နှင့် လက်တွေ့ Practical အချိုးညီညီ  စုစုစည်းစည်း လုပ်တတ်ဖို့ ပြည့်စုံကျွမ်းကျင်ဖို့ လိုသည်


ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ ဆိုသောစကားအရ  စာတွေ့ Theory နှင့် လက်တွေ့ Practical တို့သည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်သွယ်၊ မှီခို၊အကျိုးပြုလျက် ရှိပါသည်။ ၂ မျိုး စလုံး ပြည့်စုံကျွမ်းကျင်လျှင်
အကောင်းဆုံးဖြစ်ပါလိမ့်မည်။ ကရာတေးပညာတွင် သာမက ဘာသာရေး၊ သာသနာရေး အပါအဝင် ပညာရပ်နယ်ပယ်အသီးသီးတို့တွင်အပြန်အလှန်
ဆက်သွယ်အကျိုးပြုလျက်ရှိပြီး လွန်စွာအရေးကြီးလှပါသည်။
စာတွေ့ လက်တွေ့ ပေါင်းစပ် အားကိုးကြပါ။  စာတွေ့ လက်တွေ့ ပေါင်းစပ်ဆင်ခြင်မှ စစ်မှန်သောအောင်မြင်ခြင်း ကို ရရှိနိုင်ပေမည်။  စစ်မှန်သော စာတွေ့ လက်တွေ့ ပူးပေါင်း ဆောင်ရွက်မှု မပြုသမျှ၊ အောင်မြင်ခြင်းနှင့် အလှမ်းဝေးနေမည် ဖြစ်သည်။  စာတွေ့၊ လက်တွေ့ (Theory and Practice) ကို ပေါင်းစပ် လေ့ကျင့်နိုင်ဖို့ သတိ ပြုကြစေချင်ပါသည်။ စာတွေ့-လက်တွေ့ ဆက်စပ် လုပ်တတ်ဖို့လိုသည်။ စနစ်တကျ လုပ်တတ်ဖို့လိုသည်။ အချိုးညီညီ  စုစုစည်းစည်း လုပ်တတ်ဖို့လိုသည်။