Pages

Honesty ရိုးသားခြင်း - မြို့မ မြင့်ကြွယ် Myoma Myint Kywe

ရိုးသားခြင်း (Honesty)

How to be honest!
Being honest with yourself
Being honest with others

Honesty is truthful.
Honesty is confidence.
Honesty is integrity.
Honesty is sincerity.
Honesty is reality.
  
Overcome the dishonesty by honesty.
Honesty is forever the best policy.
Honest people are trusted by others.
Honest people trust themselves.

Myoma Myint Kywe မြို့မ-မြင့်ကြွယ်


စည်းကမ်းကောင်း၍ ရိုးသားဖြောင့်မတ်ခြင်း သည် လူတို့တွင် မရှိမဖြစ်လိုအပ်သော ဂုဏ်တစ်ရပ်ဖြစ်သည်။ အဇ္ဇဝ ajjava (ရိုးသားဖြောင့်မတ်ခြင်း Honesty) ဆိုသည်မှာ နုံအခြင်း မဟုတ်ပါ။ ပညာမဲ့ခြင်း မဟုတ်ပါ။ လူရှေ့ သူရှေ့မှာသာ မဟုတ်၊ လူကွယ်ရာအရပ်၊ ဆိတ်ကွယ်ရာအရပ်၌ပင် ရိုးသားမှုဖြောင့်မတ်ခြင်း ဖြစ်သည် ။ ရိုးသားခြင်းသည်  အကောင်းဆုံးဝါဒဖြစ်သည် Honesty is the best policy ဆိုသော စကားရပ်လည်း ရှိပါသည်။ ရိုးသားဖြောင့်မတ် စွာကျင့်ကြံရာ၏။
လူသားတိုင်းရိုးသားဖြောင့်မတ်ရန် လွန်စွာအရေးကြီး၏။ ရိုးသားဖြောင့်မတ်ခြင်းသည် ဗုဒ္ဓဘာသာတွင် လွန်စွာအရေးကြီးသော အရည်အချင်းတစ်ရပ်လည်းဖြစ်သည်။ ရိုးသားဖြောင့်မတ်ခြင်း Honesty and integrity သည် ကမ္ဘာ့မင်္ဂလာတရားဖြစ်သည်။ လူရှေ့သူရှေ့မှာသာ ရိုးသားမှုကိုပြရန်မဟုတ်၊ လူကွယ်ရာအရပ်၊ ဆိတ်ကွယ်ရာအရပ်၌ပင် ရိုးသားမှု Real honesty ရှိရာ၏။
ရှေးမြန်မာဘုရင်များလက်ထက်ကပင် မင်းကျင့်တရားဆယ်ပါး (Ten Codes of conduct for Kings and Government) အဇ္ဇဝ (ရိုးသားဖြောင့်မတ်ခြင်း) သည် မရှိမဖြစ် လွန်စွာအရေးကြီးသော Honesty is an essential qualification in life အရည်အချင်းတစ်ရပ်အဖြစ် ခေတ်အဆက်ဆက်တွင် ပါဝင်ပြဌာန်းခဲ့ပြီးဖြစ်သည်။
ရိုးသားခြင်းသည် ဗုဒ္ဓဘာသာမိသားစုတွင် Honesty, integrity and loyalty are absolutely essential for every family life in Buddhism လွန်စွာ ထင်ရှားသော အမှတ်အသားတစ်ခုဖြစ်သည်။  လင်နှင့်မယားသည် အချင်းချင်းရိုးသားပွင့်လင်းစွာ စကားပြောဆိုကြရမည်။ အိမ်ထောင်ဖက် မဟုတ်သူ နှင့် လူစိမ်းများဖြင့် ပရောပရီပြု ခြင်း၊ အင်တာနက်မှတစ်ဆင့် လျှို့ဝှက်ဆက်သွယ်ခြင်း၊ ညစ်ညမ်းသောရုပ်ပုံများကြည့်ခြင်း အစရှိသော မသန့်ရှင်းသည့်အကျင့်များ ဗုဒ္ဓဘာသာအိမ်ထောင်တွင် လုံးဝမရှိသင့်ပါ။ အိမ်ထောင်သည်အချို့သည် ဤကဲ့သို့သော မှားယွင်းသည့်အကျင့်များကို အိမ်ထောင်ဖက်မသိအောင် လျှို့ဝှက်ပြုမူနေကြ၏။ ထိုသို့ပြုမူခြင်းသည် မရိုးသားပါ။ မိမိအိမ်ထောင်ဖက်အပေါ်သစ္စာဖောက်ရာကြ၏။ အိမ်ထောင်သည်ဖြစ်လျှင် အိမ်ထောင်ဖက်မသိအောင် လျှို့ဝှက်ပြုမူစေသောအပြုအမူများကို ဘယ်တော့မျှမပြုပါနှင့်။ အကယ်၍ တစ်စုံတစ်ယောက်သောသူတစ်ဦးသည် မည်မျှပင်အရည်အချင်းကောင်းများ ပြည့်စုံစေကာမူ ရိုးသားမူ မရှိလျှင် မကြာခင်ကျဆုံးမည်သာဖြစ်သည်။ အိမ်ထောင်ရေးတွင်သာမက လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး..စသော နယ်ပယ်အသီးသီးတွင်လည်း ရိုးသားမှုသည် မရှိမဖြစ်လိုအပ်သော Honesty is an essential အရည်အချင်းကောင်းတစ်ရပ်ဖြစ်သည်။
လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး နယ်ပယ်၌ ရိုးသားမှုသည် လွန်စွာ အရေးပါသော အကြောင်း တရားဖြစ်သဖြင့် လူတစ်ဦးနှင့် လူတစ်ဦး ပေါင်းသင်း  ဆက်ဆံရာ  တွင် ရိုးသားမှု (honesty) သည် အရေးကြီးသည်။  လူ့လောကတွင် ဂုဏ်အမျိုးမျိုး ရှိကြသည့် အနက် ရာထူးဂုဏ်နှင့် စည်းစိမ်ဂုဏ် တို့သည် ကြိုးစားသူတို့ အဖို့ ရရှိနိုင်ကြသော်လည်း ရိုးသားခြင်း ဂုဏ်မှာ ရိုးသားစွာ ကျင့်ကြံ နေထိုင်သူများသာ ရနိုင်သည်။ ရိုးသားခြင်း ဂုဏ်သည် လောက၌ အမြင့်ဆုံးနှင့် အမြတ်ဆုံး ဂုဏ်ပင်ဖြစ် သည်။  

လောက၌ ရိုးသားခြင်း ဂုဏ်ကိုသိပြီး တစ်သက်တာလုံး ရိုးသားခြင်း ဂုဏ်ဖြင့် နေထိုင် သွားကြသူ များစွာရှိသကဲ့သို့ ရိုးသားခြင်း ဂုဏ်ကို သိသော်လည်း လိုက်နာ ကျင့်ကြံမှု မရှိဘဲ လျစ်လျူရှု နေထိုင် သွားကြသူ များစွာရှိ နိုင်သည်။ ရိုးသား ဖြောင့်မတ်သူများကို သဘောမကျ၊ မနှစ်သက်သူဟူ၍ မရှိဘဲ ရိုးသားဖြောင့်မတ် သူများကို ချစ်ခင်လေးစား တန်ဖိုး ထားတတ်ကြသည်။ ရိုးသားခြင်းဂုဏ်ကို တန်ဖိုးထား သူတို့သည် ဤတစ်သက်တွင် ဝတ်ကောင်းစားလှများ မဝတ်ရ၊ မစားရလျှင်သော် လည်းကောင်း၊ ရာထူးဥစ္စာ ဂုဏ်ရှိန်ဝါတို့ မရလျှင်သော် လည်းကောင်း၊ မချမ်းသာလျှင် သော်လည်းကောင်း စိတ်ပျက်အားငယ်ခြင်း မရှိကြပေ။ မိမိ၏ ရိုးသား ခြင်းဂုဏ်၊ ရိုးသားခြင်း အကျင့်တို့ကို မည်သည့်အခါမျှ မချိုးမဖောက် ကြဘဲ မိမိကိုယ်ကိုမိမိ ထိန်းသိမ်း နေထိုင်ကြသည်။

လောက၌ ရိုးသားမှုကို အခြေခံ၍ လူအများ၏ ယုံကြည်မှုကို ရရှိနိုင်ပြီး ယုံကြည်မှုရခြင်းမှ တစ်ဆင့် တိုးတက် အောင်မြင်မှုကို ရရှိကြသည်။ ရိုးသား မှုကြောင့် ရရှိသော အောင်မြင်မှု၊ ကြီးပွား ချမ်းသာမှုကို လူတိုင်း တန်ဖိုးထား ကြခြင်းကြောင့် မြင့်မြတ်သည်။ နေရာဌာနတိုင်းတွင် ရိုးသား ဖြောင့်မတ်မှု အပေါ် အခြေခံ၍ လုပ်ကိုင်ကြလျှင် တန်ဖိုးရှိသော အောင်မြင်မှုရမည် ဖြစ်သည်။ ရိုးသားသူများကိုသာ နေရာပေး၍ ရိုးသားသူများကို ချစ်ခင် လေးစား ကြသည်။  
လူမှုရေးနယ်ပယ်၌ ရိုးသားမှုသည် လွန်စွာ အရေးပါသော အကြောင်း တရားဖြစ်သဖြင့် လူတစ်ဦးနှင့် တစ်ဦး ပေါင်းသင်း ဆက်ဆံရာ  တွင် ရိုးသားမှု (honestyသည် အရေးကြီးသည်။  လူ့လောကတွင် ဂုဏ်အမျိုးမျိုး ရှိကြသည့် အနက် ရာထူးဂုဏ်နှင့် စည်းစိမ်ဂုဏ် တို့သည် ကြိုးစားသူတို့ အဖို့ ရရှိနိုင်ကြသော်လည်း ရိုးသားခြင်း ဂုဏ်မှာ ရိုးသားစွာ ကျင့်ကြံ နေထိုင်သူများသာ ရနိုင်သည်။ ရိုးသားခြင်း ဂုဏ်သည် လောက၌ အမြင့်ဆုံးနှင့် အမြတ်ဆုံး ဂုဏ်ပင်ဖြစ် သည်။

လောက၌ ရိုးသားခြင်း ဂုဏ်ကိုသိပြီး တစ်သက်တာလုံး ရိုးသားခြင်း ဂုဏ်ဖြင့် နေထိုင် သွားကြသူ များစွာရှိသကဲ့သို့ ရိုးသားခြင်း ဂုဏ်ကို သိသော်လည်း လိုက်နာ ကျင့်ကြံမှု မရှိဘဲ လျစ်လျူရှု နေထိုင် သွားကြသူ များစွာရှိ နိုင်သည်။  ရိုးသား ဖြောင့်မတ်သူများကို သဘောမကျ၊ မနှစ်သက်သူဟူ၍ မရှိဘဲ ရိုးသားဖြောင့်မတ် သူများကို ချစ်ခင်လေးစား တန်ဖိုး ထားတတ်ကြသည်။ ရိုးသားခြင်းဂုဏ်ကို တန်ဖိုးထား သူတို့သည် ဤတစ်သက်တွင် ဝတ်ကောင်းစားလှများ မဝတ်ရ၊ မစားရလျှင်သော် လည်းကောင်း၊ ရာထူးဥစ္စာ ဂုဏ်ရှိန်ဝါတို့ မရလျှင်သော် လည်းကောင်း၊ မချမ်းသာလျှင် သော်လည်းကောင်း စိတ်ပျက်အားငယ်ခြင်း မရှိကြပေ။ မိမိ၏ ရိုးသား ခြင်းဂုဏ်၊ ရိုးသားခြင်း အကျင့်တို့ကို မည်သည့်အခါမျှ မချိုးမဖောက် ကြဘဲ မိမိကိုယ်ကိုမိမိ ထိန်းသိမ်း နေထိုင်ကြသည်။

လောက၌ ရိုးသားမှုကို အခြေခံ၍ လူအများ၏ ယုံကြည်မှုကို ရရှိနိုင်ပြီး ယုံကြည်မှုရခြင်းမှ တစ်ဆင့် တိုးတက် အောင်မြင်မှုကို ရရှိကြသည်။ ရိုးသား မှုကြောင့် ရရှိသော အောင်မြင်မှု၊ ကြီးပွား ချမ်းသာမှုကို လူတိုင်း တန်ဖိုးထား ကြခြင်းကြောင့် မြင့်မြတ်သည်။ နေရာဌာနတိုင်းတွင် ရိုးသား ဖြောင့်မတ်မှု အပေါ် အခြေခံ၍ လုပ်ကိုင်ကြလျှင် တန်ဖိုးရှိသော အောင်မြင်မှုရမည် ဖြစ်သည်။ ရိုးသားသူများကိုသာ နေရာပေး၍ ရိုးသားသူများကို ချစ်ခင် လေးစား ကြသည်။  

ဤတွင်မက ရိုးသားခြင်း သည် မိဘနှင့် သားသမီး ဆက်ဆံရေး၊ မိသားစုတစ်စုနှင့် အခြားမိသားစု ဆက်ဆံရေး၊ ဌာနဆိုင်ရာအချင်းချင်း ဆက်ဆံရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး၊ ဆရာနှင့် ဒကာတို့၏ အပြန်အလှန်ဆက်ဆံရေး၊ ဆရာနှင့်တပည့် ဆက်ဆံရေး၊ လင်နှင့်မယားတို့၏ ဆက်ဆံ  ရေး၊ မိတ်ဆွေအပေါင်းအသင်းတို့၏ ဆက်ဆံရေး၊  လူကြီးနှင့်လူငယ်ဆက်ဆံရေး၊ အစ်ကိုနှင့်အစ်မဆက်ဆံရေး၊
မောင်နှင့်နှမ ဆက်ဆံရေး၊ ယောက္ခမနှင့်သားမက်ဆက်ဆံရေး၊
 ယောက္ခမနှင့် ချွေးမ ဆက်ဆံရေး၊  သမီးယောင်းမ ဆက်ဆံရေး၊ ဆရာနှင့်တပည့်ဆက်ဆံရေး၊ အစိုးရနှင့်ပြည်သူဆက်ဆံရေး၊ အရာရှိနှင့်အလုပ်သမားဆက်ဆံရေး၊ ဈေးရောင်း
သူနှင့် ဈေးဝယ်သူ ဆက်ဆံရေး၊ ကျွန်နှင့်သခင် (အလုပ်ရှင်နှင့် အလုပ်သမားတို့အကြားဆက်ဆံရေး၊..... တို့တွင်  ရိုးသားခြင်းသည် 
အပြန်အလှန်အသုံးဝင်လှပေသည်။ ရိုးသားခြင်းသည် မရှိမဖြစ် လိုအပ်လှပေသည်။ 
Honesty refers to a facet of moral character and connotes positive and virtuous attributes such as integrity, truthfulness, and straightforwardness, including straightforwardness of conduct, along with the absence of lying, cheating, theft, etc. Furthermore, honesty means being trustworthy, loyal, fair, and sincere.