Pages

ကရာတေး (Sport Karate and COMBATIVE real Karate) By - မြို့မ မြင့်ကြွယ် Karate Myint Kywe

ကရာတေး (Sport Karate and COMBATIVE real Karate

                                                                           မြို့မ-မြင့်ကြွယ်

 

ကရာတေးသည် လူဆိုး၊ လူယုတ်မာ၊ လူမသမာ၊ ရန်သူတို့၏ ဘေးမှ အကာအကွယ် အစောင့်အရှောက်ပေးမည့်၊ အသက်နှင့်အရှက်၊ စည်းစိမ်ဥစ္စာတို့ကို ကာကွယ်စောင့်ရှောက်ပေးမည့် ပညာရပ်ကောင်းဖြစ်သည့်အပြင် အမျိုးသား၊ အမျိုးသမီးများအတွက်၊ ကျောင်းသားကျောင်းသူများအတွက် မိတ်ဆွေကောင်း၊ အဖော်မွန် ဖြစ်သည်။ သို့ရာတွင်လာရောက်ထိပါးသူများကိုသာ ခုခံကာကွယ်တန်ပြန်တိုက်ခိုက်ခြင်းဖြစ်ပြီး၊ ၄င်းထိပါးသူများအား အကျိုးနစ်နာစေရန် ရည်ရွယ်တိုက်ခိုက်ခြင်း မရှိရပေ။ 

မိမိမှ ကြိုတင် တိုက်ခိုက်ခြင်း မဟုတ်ပဲ မိမိအား လာရောက်ထိပါးမှသာ တုန့်ပြန်ကာကွယ်ခြင်းပင်ဖြစ်သည်။ ကရာတေး တတ်လျှင် မိမိထက် အင်အား ဗလ သာသည်လည်းဖြစ်စေ၊ လက်နက်သာသည်လည်းဖြစ်စေ၊ တယောက်ထက်များသည့် ရန်သူကိုလည်းဖြစ်စေ ကောင်းစွာ ခုခံကာကွယ်တန်ပြန်တိုက်ခိုက်နိုင်သည်။ 

ယနေ့ကမ္ဘာပေါ်တွင်ရှိသော ကိုယ်ခံပညာရပ်များအနက် ကရာတေးပညာသည် လွန်စွာထင်ရှားလှသည်။ တရုတ်ပြည် ရှောင်လင် Temple၊ အိုကီနာဝါကျွန်းနှင့် ဂျပန်ပြည်မှ အခြေခံပေါ်ထွန်းလာခဲ့သော ကိုယ်ခံပညာရပ်ဖြစ်ပြီး လူကြီးလူငယ်မရွေး၊ ယောင်္ကျားမိန်းမ မရွေး လေ့ကျင့်သင်ယူနိုင်သော အားကစား (sport) နှင့် တိုက်ပွဲဝင်စစ်ပညာ (combat martial arts) ပေါင်းစပ်ထားသော လက်နက်မဲ့ကိုယ်ခံပညာတစ်ရပ်လည်းဖြစ်သည်။     

COMBATIVE ကရာတေး (Real ကရာတေး) သည် လက်ရောက်ထိပါးစော်ကားမှုများကို မခံလိုသူ အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ် ပါမကျန် အကာအကွယ် အစောင့်အရှောက်ပေးမည့် မိတ်ဆွေကောင်း၊ အဖော်မွန် ဖြစ်သည်။  အဆင့်မြင့်မြင့် ကျွမ်းကျင်လာသည်နှင့်အမျှ ပညာအဆင့် မြင့်မားလာပြီး  ဇွဲရှိရှိဖြင့် ကြိုးစားလေ့ကျင့်နိုင်ပါက အရေးကြုံလျှင် အမှန်တစ်ကယ်ပင် သက်လုံကောင်းနိုင်မည်ဖြစ်သည်။  လူတိုင်းအတွက် အရေးကြုံလျှင် အားကိုးဖွယ်ရာ ထူးခြားအဆင့်မြင့်လှသော နည်းလမ်း အသွယ်သွယ် ပါရှိပါသည်။ ချက်ကောင်း တိုက်ကွက်များ vital points to hit in a fight (pressure point fighting)၊ အကောင်းဆုံးနှင့် အထိရောက်ဆုံးနည်းများ၊ ကိုင်ပေါက်နည်းများ၊ တစ်ချက်လွတ် Powerful ထိုးနည်း ကန်နည်းများ၊ တိုက်ခိုက်ရုန်းထွက်နည်းများ၊ လိမ်ချိုး ဖမ်းချုပ်နည်းများ၊ ခြေလက်ပူးတွဲ၍ လျှပ်တစ်ပြက် Combat တိုက်ခိုက်နည်းများ ပါဝင်သည်။ Real ကရာတေး သည် မည်သည့် ရန်သူကိုမဆို အကျိုး၊ အပဲ့၊ အသေ၊ အနာ တိုက်ခိုက်ပစ်နိုင်သော ပညာများ ဖြစ်သည်။ ထို့ကြောင့် မိမိ၌ တစ်ကယ့်ဘေးနှင့် ရင်မဆိုင်ရဘဲနှင့် Powerful Karate ကို အသုံးမပြုသင့်။ အပျော်လုံးထွေး သတ်ပုတ်ရာ၌ Powerful Karate ကို အသုံးမပြုသင့်။ Powerful Karate (Combative) ကို တစ်ကယ့်ရန်ပွဲများ၌သာ အသုံးပြုသင့်သည်။  လက်တွေ့နှင့် သဘောတရားများ ပေါင်းစပ်ကာ အသုံးပြုသင့်သည်။   

ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ ဆိုသောစကားအရ စာတွေ့ Theory နှင့် လက်တွေ့ Practical တို့သည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်သွယ်၊ မှီခို၊အကျိုးပြုလျက် ရှိပါသည်။ ၂ မျိုး စလုံး ပြည့်စုံကျွမ်းကျင်လျှင် အကောင်းဆုံးဖြစ်ပါလိမ့်မည်။ ကရာတေးပညာတွင် သာမက ဘာသာရေး၊ သာသနာရေး အပါအဝင် ပညာရပ်နယ်ပယ်အသီးသီးတို့တွင်အပြန်အလှန်
ဆက်သွယ်အကျိုးပြုလျက်ရှိပြီး လွန်စွာအရေးကြီးလှပါသည်။


စာတွေ့ လက်တွေ့ ပေါင်းစပ် လုပ်တတ်ဖို့လိုသည်။ စာတွေ့ လက်တွေ့ ပေါင်းစပ်လေ့ကျင့်မှ စစ်မှန်သောအောင်မြင်ခြင်းကိုရရှိနိုင်ပေမည်။  စစ်မှန်သော စာတွေ့ စစ်မှန်သောလက်တွေ့ ပူးပေါင်း ဆောင်ရွက်မှု မပြုသမျှ၊ အောင်မြင်ခြင်းနှင့် အလှမ်းဝေးနေမည် ဖြစ်သည်။  စာတွေ့၊ လက်တွေ့ (Theory and Practice) ကို ပေါင်းစပ် လေ့ကျင့်နိုင်ဖို့ သတိ ပြုကြစေချင်ပါသည်။ စာတွေ့-လက်တွေ့ ဆက်စပ် လုပ်တတ်ဖို့လိုသည်။ စနစ်တကျ လုပ်တတ်ဖို့လိုသည်။ အချိုးညီညီ  စုစုစည်းစည်း လုပ်တတ်ဖို့လိုသည်။
ကရာတေး ကျင့်စဉ်များကိုယနေ့ခေတ်တွင် ကိုယ်ခံပညာစစ်ပညာ
Martial arts 格闘技) အသွင်နှင့်အားကစားကိုယ်ခံပညာတစ်ခု
အသွင်အဖြစ်တစ်ကမ္ဘာလုံးမှ လက်ခံလေ့လာနေကြပြီ ဖြစ်သည်။