Pages

ကရာတေး 空手 by- Myoma Myint Kywe ဆိုရှိကိ 組織 ကရာတေးအသင်း နည်းပြချုပ် ဦးမြင့်ကြွယ် ( မြို့ မ မြင့်ကြွယ် )




ကရာတေး 空手

                                                     Myoma Myint Kywe   (Myint Kywe) 先生
ဆိုရှိကိ ကရာတေးအသင်း နည်းပြချုပ် 
ဦးမြင့်ကြွယ် ( မြို့ မ မြင့်ကြွယ် )



 














ကရာတေးဒို Karate Do လို့ရေးသားရင်လည်း မမှားပါ။
သို့သော် Japan Karate Association အဖွဲ့သာ ရှိပါသည်။ Japan Karate-do Association ဟူ၍ မရှိပါ။ ထိုကြောင့် ကရာတေး Karate ဟု ရေးသားခြင်းသည် ပိုမိုသင့်တော်မှန်ကန်ပါသည်။

ဂျပန်ဘာသာစကားလုံးကို မြန်မာအသံထွက်ဖြင့် ခေါ်ဆိုထားခြင်းဖြစ်သည်။ မူရင်း ဂျပန်ဘာသာ အသံထွက်အတိုင်းရေးပါက ခါရာ့တဲ ဒို (ခါရာ့ တဲ) ဟု လည်း ရေးသားနိုင်ပါသည်။

စကားလုံးတစ်လုံးစီ ကို ဘာသာပြန်ကြည့်ပါက-
ခါရာ့ မှာ Empty "ဗလာ" ဖြစ်၍၊
တဲ မှာ Hand "လက်"
ဒို မှာ Way "နည်းလမ်း၊ဗျူဟာ" ဟု အဓိပ္ပါယ်ရပါသည်။

ကရာတေး 空手 ("empty hand") လက်နက်မဲ့ ခုခံကာကွယ်ခြင်း
မှာ မိမိအနေဖြင့် တိုက်ခိုက်သူ၏ မမျှော်လင့်နိုင်သော တိုက်ခိုက်မှုကို ရုတ်တရက် လျှင်မြန်စွာ ရှောင်တိမ်းကာ ၄င်းတိုက်ခိုက်သူအား မိမိကို ဆက်လက်မတိုက်ခိုက်နိုင်စေရန် ချက်ချင်း ပြန်လည် ခုခံထိန်းချုပ် ကာကွယ်ခြင်းပင်ဖြစ်သည်။

မိမိမှ ကြိုတင် တိုက်ခိုက်ခြင်း မဟုတ်ပဲ မိမိအား လာရောက်ထိပါးမှသာ တုန့်ပြန်ကာကွယ်ခြင်းပင်ဖြစ်သည်။ ကရာတေး တတ်လျှင် မိမိထက် အင်အား ဗလ သာသည်လည်းဖြစ်စေ၊ လက်နက်သာသည်လည်းဖြစ်စေ၊ တယောက်ထက်များသည့် ရန်သူကိုလည်းဖြစ်စေ ကောင်းစွာ ခုခံကာကွယ်တန်ပြန်တိုက်ခိုက်နိုင်သည်။ 

Self-control is one of the most important life skills that Karate Martial Arts teaches you. In fact, self-control is the key attribute that helps you develop self-discipline, which is essential to reach your goals. Self discipline is also one of the keys to excellence in karate martial arts.

We all karate practitioners must not be poisoned by the seven poisons such as: greed, anger, hatred, stupidity, conceit, jealousy and malice. We must do to cultivate the power of courage by strengthening our mind and body and overcoming any difficulties in our life. We all instructors and students must abstain from all evil, committing murder, suicide, stealing, lying, betraying, sexual misconduct, adultery, polygamy, homosexuality and intoxicants.
 မိမိကိုယ်မိမိ ယုံကြည်မှု ၊ အမှန်တရားကို ယုံကြည်မှု ထားပါ။ မိမိမှာ အောင်မြင်ဖြတ်သန်းနိုင်ရမယ် ဆိုတဲ့ ယုံကြည်မှု စိတ်ဆန္ဒသာ ရှိပါရန်သူ အားလုံးကို ဖြတ်ကျော်နိုင်ပါသည်။ မိမိကိုယ်မိမိ ယုံကြည်မှု နှင့် မိမိ လုံခြုံမှုကို မြှင့်တင်နိုင်ရန် လူတိုင်း အရေးကြုံလျှင် သက်လုံကောင်းစေရန် နည်းလမ်းတခု အဖြစ် ကရာတေး ကိုယ်ခံပညာရပ်ကို သင်ကြား လေ့ကျင့်နိုင်ကြပါသည်။
 
အမျိုးသား၊ အမျိုးသမီးဖြစ်စေ၊ လူတိုင်းဖြစ်စေ၊ ကရာတေးကိုယ်ခံပညာရပ်ကိုသင်ကြား လေ့ကျင့်နိုင်ကြပါသည်။ ကရာတေး ကိုယ်ခံပညာ ဆိုသည်မှာ မိမိ၏ လုံခြုံမှုအတွက် ခုခံကာကွယ်သော နည်းပညာ များ ကိုဆိုလိုသည်။ တစ်နည်းအားဖြင့် ကိုယ်လုံပညာ ဟု လည်းခေါ်ဝေါ်သုံးစွဲကြသည်။ 

မည်သူမဆို မိမိ၏လုံခြုံမှုကို ထိပါးနှောက်ယှက်လာလျှင် ခုခံကာကွယ်ခွင့်ရှိပေရာ ခုခံကာကွယ်မှုနည်းပညာများသည်လည်း နိုင်ငံအလိုက် လူမျိုးစုအလိုက် အမျိုးမျိုး ပေါ်ထွန်းလာကြပေသည်။ ကိုယ်ခံပညာအနေဖြင့် မိမိအား နှောက်ယှက်ထိပါး စော်ကားသူများအား အချိန်မဆိုင်းပဲ ချက်ချင်း ခုခံကာကွယ်ခြင်းဖြစ်ပေရာ မိမိအနေဖြင့် လက်ချည်းသက်သက်(လက်နက်မဲ့) ခုခံကာကွယ်ခြင်း၊ နီးစပ်ရာ လက်နက်ဖြင့် ခုခံကာကွယ်ခြင်း ၊ ကြိုတင်စီမံထားသော လက်နက်ဖြင့် ခုခံကာကွယ်ခြင်း စသည်ဖြင့် အမျိုးအစား ခွဲခြားနိုင်ပေသည်။ 

ခြေလက်ပူးတွဲ၍ လျှပ်တစ်ပြက် တိုက်ခိုက်နည်းများ ချက်ကောင်း တိုက်ကွက်များ vital points အကောင်းဆုံးနှင့် အထိရောက်ဆုံး နည်းများ ပါဝင် သည်။


မည်သည့် ရန်သူကိုမဆို အကျိုး၊ အပဲ့၊ အသေ၊ တိုက်ခိုက်ပစ်နိုင်သော နည်းများ အကောင်းဆုံးနည်းများ ပါဝင် သဖြင့် လေ့ကျင့်ဖော်နှင့် တွဲဖက်လေ့ကျင့်လျှင် သတိထား၍ ထိန်းထိန်းသိမ်းသိမ်း လေ့ကျင့်သင့်သည်။ မိမိ၌ တစ်ကယ့်ဘေးနှင့် ရင်မဆိုင်ရဘဲနှင့် ၎င်းတို့ကို အသုံးမပြုသင့်။ အပျော်လုံးထွေး သတ်ပုတ်ရာ၌ အသုံးမပြုသင့်ပါ။ အထိရောက်ဆုံး နည်းများ ကို တစ်ကယ့်ရန်ပွဲများ၌သာ အသုံးပြုသင့်သည်။  

ကရာတေးကိုယ်ခံပညာမှာ မိမိအနေဖြင့် လာရောက်ထိပါးသူများကိုသာ ခုခံကာကွယ်တန်ပြန်တိုက်ခိုက်ခြင်းဖြစ်ပြီး၊ ၄င်းထိပါးသူများအား အကျိုးနစ်နာစေရန် ရည်ရွယ်တိုက်ခိုက်ခြင်း မရှိရပေ


ချက်ကောင်း တိုက်ကွက်များ နှင့် အထိရောက်ဆုံး နည်းများ ကို Regularly မှန်မှန် လေ့ကျင့်ပါ။ မိမိနှင့် မိမိပတ်ဝန်းကျင် လုံခြုံမှု အတွက်သာ ကရာတေး ကိုယ်ခံပညာ(ကရာတေး- စစ်ပညာ karate martial arts) ကို အသုံးပြုရပေသည်။ ကမ္ဘာ့နိုင်ငံ (၁၉၀) ကျော်တွင်၊ လူဦးရေ (သန်း ၇၀ ကျော်) သည် လက်နက်မဲ့ ကရာတေး ကိုယ်ခံပညာရပ်ကိုလေ့ကျင့်နေကြပါသည်။

ကရာတေး ကစားခြင်းမှ စွမ်းရည် အသစ်အကျိုးကျေးဇူးများကို တိုးပွားလာစေနိုင် သလို မိမိကိုယ်မိမိ ယုံကြည်မှု ( Self-confidence ) ကိုလည်း တည်ဆောက်နိုင်စေပါသည်။
သိပ္ပံနည်းကျ ကရာတေး 体系的な空 နှင့် သင်ကြားခြင်း၊ သင်ယူခြင်းပညာ



ကိုယ်ခံပညာ သိပ္ပံပညာရပ်တစ်ခုဖြစ်ပြီး သင်ကြားခြင်း၊ သင်ယူခြင်းများ နှင့် ဆက်နွှယ်နေသည့် ကျွမ်းကျင်မှု ဆိုင်ရာလုပ်ငန်းရပ်များရှိသည်။ စနစ်ကျကျ နှင့် သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားခြင်း၊ သင်ယူခြင်း၊ နက်နဲသိမ်မွေ့သည့် ဇင်ဗုဒ္ဓဘာသာ အသိဉာဏ် ပညာဆိုင်ရာဗဟုသုတများပါဝင်သည်။ စွမ်းဆောင်နိုင်ရည်များ၊ ကိုယ်ကျင့်တရားများစသည်တို့ကို သင်ကြား ပေးသည်။

ဇင်ဗုဒ္ဓဘာသာ နှင့် များစွာ ပေါင်းစပ်နေကြောင်း တွေ့ရသည်။ အရေးအကြီးဆုံးအချက်သည် နည်းစနစ် (Method) ဖြစ်သည်။ နည်းစနစ်ကျခြင်း
(体系的空手Systematic karate) သည် အလွန်အရေးကြီးပေသည်။ မည်သည့်နည်းစနစ်ကိုသုံးခြင်းက အထိရောက်ဆုံးဖြစ်မည်နည်း..... မည်သို့သောအသိပညာများရရှိစေရန် သင်ကြားပေးသင့်သနည်း..... မည်သည့်အသိပညာသည် အဆီလျော်ဆုံး ဖြစ်မည်နည်း.... ကရာတေးပညာကို မည်သို့ဆက်လက်ထိန်းသိမ်းထားအောင်ကြံဆောင် မည်နည်း....စသည့် အချက်များသည် ကရာတေးပညာရေး နှင့်ပတ်သက်၍ အလေး ထားစဉ်းစားရမည့်အချက်များဖြစ်သည်။



အသုံးချ အားကစား သိပ္ပံပညာများ (Applied Sport Science ) ပါဝင်သည်။ ကရာတေးကျွမ်းကျင်မှု ဆိုင်ရာများတွင် စွမ်းအား(Power) ၊စက်ဝိုင်းပုံသဏ္ဌာန်လည်ပတ်ရွေ့လျားသည့်အရှိန် (Centripetal Acceleration) ၊ မျဉ်းဖြောင့်လှုပ်ရှားမှုအရှိန်(Linear acceleration) ၊ နည်းပရိယာယ်(Tactics)၊ အား (နယူတန် ၏ ရွေ့လျားမှု ဆိုင်ရာ ဒုတိယနိယာမ フォース= 質量 x 加速 Force = Mass x Acceleration) ၊ စက်ဝိုင်းပုံသဏ္ဌာန်လည်ပတ်ရွေ့လျားသည့်အား (centrifugal force) ၊ ဂရက်ဗီတေးယှင်း ကမ္ဘာမြေကြီးဆွဲအား(Gravitation) ၊ မိုမင်တမ် (ခေါ်) အဟုန်(Momentum) ၊ မျဉ်းဖြောင့်အတိုင်း ရွေ့လျားသည့်လှုပ်ရှားမှု(Linear motion) ၊ စက်ဝိုင်း ပုံသဏ္ဌာန်ရွေ့လျားသည့် ရွေ့ရှားမှု(Circular motion)၊ တော်ဆို ရိုတေးယှင်းနယ် ဖို့စ် (ခေါ်) တင်ပဆုံ ခြေသလုံး ဝမ်းဗိုက်ပိုင်း ခါး နှင့် အထက်က ရင်ခေါင်းပိုင်း လက်မောင်း လက်ဖျံ ပေါင်းစပ်လည်ပတ်ရွေ့လျားသည့် အား (Torso rotational force) ၊ အင်နားရှား (Inertia) ၊ အလုပ်ပြီးခြင်း (Work done) ၊ အလျင် အမြန်နှုန်း (Velocity)၊ ပါဝါ (power) နှင့်လှုပ်ရှားမှု (Movement) ...စသည့် သိပ္ပံနည်းကျကျ သင်ရိုးညွှန်းတမ်း အချက်များပါဝင်သည်။

လေ့လာတွေ့ရှိချက်များအပေါ်မှ စမ်းသပ်ခံနိုင်သော ကိုယ်ခံပညာသိပ္ပံ ပညာတွင် အခြေခံသည်။ ရုပ်ပိုင်းဆိုင်ရာစွမ်းအား(physical power) ၊ စိတ်ပိုင်းဆိုင်ရာစွမ်းအား(spiritual power) ဆိုင်ရာ သီအိုရီ နှင့် လက်တွေ့ကျင့်စဉ် ဟူ၍ပါဝင်သည်။

ဂျပန်ပြည် ကရာတေးကိုယ်ခံပညာ နှင့် ဇင်ဗုဒ္ဓဘာသာ အစ- ဆရာတော် ဗောဓိဓမ္မ က
ဇင် (ဈာန်) ဗုဒ္ဓဘာသာသည် ဂျပန် တွင် ကိုးကွယ်ကျင့်သုံးကြသော မဟာယာနဗုဒ္ဓဘာသာ တစ်မျိုး ဖြစ်ပြီး သတ္တဝါအားလုံးအား အကြမ်းမဖက်ရေးနှင့် သုညတ ဝါဒ (Śūnyatā) တရား လမ်းစဉ်ပေါ်တွင် အခြေခံထားသည်။ သုညတ မှာ ဘာမျှ မရှိ ဟုအဓိပ္ပါယ်ရပါသည်။

အလုံးစုံငြိမ်းချမ်းခြင်း ၊ ပြုပြင်ပြောင်းလဲမှု မရှိသော အေးငြိမ်းချမ်းသာမှု ၊ တဏှာမရှိခြင်း ၊ တဏှာမှ ကင်းလွတ်ခြင်း ၊ ဒုက္ခမှ အပြီးတိုင်လွတ်မြောက်ခြင်း ၊ စွန့်လွတ်ခြင်း ၊ လွတ်မြောက်ခြင်း ၊ မကပ်ငြိခြင်း ၊ ပူဆွေးမှု မရှိခြင်း ၊ ငိုကြွေးမှုမရှိခြင်း ၊သောက မရှိခြင်း ၊ အညစ်အကြေး ကိလေသာ မရှိခြင်း စသည်တို့ဖြစ်သည်။ မိုးကုတ်ဆရာတော်ဘုရားကြီး ၏ သုညတ (အနတ္တ) တရား မှာကျယ်ပြန့်စွာ လူအများ နာကြားနေကြဆဲဖြစ်သည်။

တရုတ်ပြည်တွင် ဆရာတော် ဗောဓိ ဓမ္မ ကို ( 達摩 Bodhidharma) ချန် ဗုဒ္ဓဘာသာ( Chán Buddhism) နှင့် ရှောင်လင် ကွန်ဖူးကိုယ်ခံပညာတို့ ၏ ရှေ့ဆောင်ဦးစီးဦးကိုင်စတင်တည်ထောင်သူအဖြစ် ဖော်ပြကြသည်။

ရှောင်လင်ကျောင်းတော်သည်တရုတ် ကိုယ်ခံပညာနှင့် အထူးသဖြင့် ရှောင်လင် ကွန်ဖူးနှင့် တွဲဖက်၍ နှစ်ရှည်လများ ထင်ရှားခဲ့သည်။ အနောက်ကမ္ဘာတွင် နာမည်ကျော်ကြား လူသိအများဆုံး မဟာယာနဗုဒ္ဓဘာသာ ကျောင်းတော်တစ်ခုဟုပင်ဆိုနိုင်သည်။ ဆရာတော် ဗောဓိဓမ္မ ( Around 500 အေဒီ ) သည် တရုတ်ပြည်တွင် ချန် ဗုဒ္ဓဘာသာကို စတင်တည်ထောင်ခဲ့သည်။

ဆရာတော် ဗောဓိဓမ္မ (Father of Zen Buddhism ) သည် ဗုဒ္ဓသာသနာတော် ပျံ့ပွားရေးအတွက် (5th/6th century) တွင် တရုတ်ပြည်ရှောင်လင်ဘုရားကျောင်းသို့ ရောက်ရှိခဲ့သော အိန္ဒိယလူမျိုး တရားပြ ဆရာတော်ဖြစ်သည်။ မဟာယာန ဇင်ဗုဒ္ဓဘာသာ တွင် ကမ္ဘာတွင် နာမည်ကျော်ကြား လူသိအများဆုံးဆရာတော် ဖြစ်သည်။

တရုတ်ပြည်ရှောင်လင်ဘုရားကျောင်းသို့ ရောက်ရှိခဲ့ပြီးရှောင်လင် ကိုယ်ခံပညာ နှင့် ချန် ဗုဒ္ဓဘာသာ ကို စံနစ်တကျ သင်ကြားလေ့ကျင့်ပေးခဲ့သည်။

ဂျပန်ပြည်တွင် ဆရာတော်ဗောဓိဓမ္မ ကို 達磨 Daruma) ၊ ဇင်(ဈာန်) ဗုဒ္ဓဘာသာ(  Zen Buddhism) နှင့် ဂျပန် ကရာတေး ကိုယ်ခံပညာတို့၏ရှေ့ဆောင် ဦးစီး ဦးကိုင် စတင်တည်ထောင်သူအဖြစ် ဖော်ပြကြသည်။

ဆရာတော် ဗောဓိဓမ္မ သည် ကိုယ်ခံပညာ သမိုင်းတွင် ဩဇာအကြီးမားဆုံးသော သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ဇင် ဗုဒ္ဓဘာသာ ၏ တရားရှုမှတ်ခြင်း Zazen 坐禅 သည်ထင်ရှားကျော်ကြားသည်။


"ဇင်" သည် ကျင့်စဉ် သက်သက်မျှသာ ဖြစ်၏ ။
သုတ္တန် ၊ အဘိဓမ္မာ စသည့် တရားများလည်းမရှိချေ ။ လူအများနားလည်ရန် " ဇင်ဝါဒ" ဟူ၍လည်းကောင်း၊ "ဇင် ဗုဒ္ဓဘာသာ " ဟူ၍ လည်းကောင်း ခေါ်ဝေါ်သုံးနုန်းရသော်လည်း စင်စစ် ဇင် ဝါဒ ကို တစ်စုံ တစ်ရာ ပညတ် သတ်၍ ခေါ်ဝေါ်နိုင်ခြင်းမရှိချေ ။




ကရာတေး(Karate) နှင့်(Kara) "ဗလာ"


 


















ဆရာတော် ဗောဓိဓမ္မ အစရှိသော ဇင်ဗုဒ္ဓဘာသာ အဆုံးအမများ နှင့် 
 ဆရာကြီး ဖူနာကိုရှိ ဂီချင်း တို့သည် ကရာတေး(Karate) ၏ (Kara) ဗလာ ကို ......" မိမိအား နှောက်ယှက်ထိပါး စော်ကားသူများအား 
မိမိအနေဖြင့်အချိန်မဆိုင်းပဲ ချက်ချင်း လက်ချည်းသက်သက်("လက်နက်မဲ့ Unarmed Combat ") ဖြင့် ခုခံကာကွယ်ခြင်း " ......ဟုဖော်ပြခဲ့သည်။ ကရာ (Kara) ၏ ဗလာ ကို ငါ-အတ္တဝါဒစိတ် (Ego/Un-selfish) မရှိခြင်း/ ဗလာဖြစ်ခြင်း ၊ အမုန်းတရား (Hatred) နှင့် မကောင်းမှုစိတ်စသောစိတ်အညစ်အကြေး မရှိခြင်း/ ဗလာဖြစ်ခြင်း၊ လောဘစိတ် (グリード、欲 Greed / Desire)၊ ဒေါသစိတ် ( Anger )၊ မောဟစိတ် (無知、妄 Ignorance/Delusion) စသောစိတ်အညစ်အကြေး မရှိခြင်း/ ဗလာဖြစ်ခြင်း၊ မာနခက်ထန်ယုတ်မာမှုမရှိခြင်း/ ဗလာဖြစ်ခြင်း... ဟုဖော်ပြခဲ့သည်။

မြင့်မြတ်ဖြူစင်သောမေတ္တာစိတ်ရှိခြင်း၊ စိတ်ယဉ်ကျေးမှု ရှိခြင်း၊ တိတ်ဆိတ်ငြိမ်သက်ခြင်း၊ စိတ်ကို အတိတ် (Past) နှင့် အနာဂတ် (Future) သို့ တွေဝေ ငေးမောမနေပဲ ပစ္စုပန် (Present) တည့်တည့်တွင် စိတ်ကိုကောင်းစွာ တည်ငြိမ်စွာ ထားရှိခြင်း...စသည်တို့သည် ကရာတေးပညာရှင်တို့၏ အရေးကြီး သော အကောင်းဆုံးအရည်အချင်း(空手マスターズの倫理 Ethics of Karate Masters) များဖြစ်သည်...ဟုဖော်ပြခဲ့သည်။

သတ္တဝါအားလုံးအား အကြမ်းမဖက်ရေးနှင့် သုညတ ဝါဒ  Śūnyatā (仏教) တရား လမ်းစဉ်ပေါ်တွင် အခြေခံထားသည်။ သုညတ Śūnyatā (or) emptiness သည် အလုံးစုံ ငြိမ်းချမ်းခြင်း ၊ ပြုပြင်ပြောင်းလဲမှု မရှိသော အေးငြိမ်းချမ်းသာခြင်း ၊ တဏှာမရှိခြင်း ၊ တဏှာမှ ကင်းလွတ်ခြင်း ၊ ဒုက္ခမှ အပြီးတိုင်လွတ်မြောက်ခြင်း ၊ စွန့်လွတ်ခြင်း ၊ လွတ်မြောက်ခြင်း ၊ မကပ်ငြိခြင်း ၊ ပူဆွေးမှု မရှိခြင်း ၊ ငိုကြွေးမှုမရှိခြင်း ၊သောက မရှိခြင်း ၊ အညစ်အကြေး ကိလေသာ မရှိခြင်း စသည်တို့ဖြစ်သည်။

ကြည့်မှန်၏ ရှေ့တွင် ကြည့်သူ၏ကိုယ်နေကိုယ်ထား အမူအရာသည် ပကတိအတိုင်း 

 မိမိတို့ကိုယ်နေကိုယ်ထား အမူအရာကို မိမိတို့ ပြန်မြင်နိုင်သော ကြည့်မှန် (ミラー反

射効果 Mirror Reflection Effect) နှင့်တူသော ကံ၊ ကံ၏ အကျိုးနိယာမ  因果関係  

(アクション、反 ) Causality ဟု ခေါ်ဆိုနိုင်သောအမှန်တရားရှိခြင်း ".....  

ဟုရှင်းလင်းခဲ့သည်။

ဂျပန် ကရာတေး ဖခင်ကြီး ဟုခေါ်ကြသော ဆရာကြီး ဖူနာကိုရှိ ဂီချင်း 船越 (၁၈၆၈-၁၉၅၇) သည် ကရာတေး ကိုယ်ခံပညာ သမိုင်းတွင်ပထမဆုံး ဩဇာအကြီးမားဆုံးသောဆရာကြီး ဖြစ်သည်။


ကရာတေး ကျင့်စဉ်(၁၀)ချက်

https://www.facebook.com/photo.php?fbid=1407892119470917&set=pb.100007504273340.-2207520000.1409129188.&type=3&src=https%3A%2F%2Fscontent-b-nrt.xx.fbcdn.net%2Fhphotos-xpf1%2Ft31.0-8%2F10011867_1407892119470917_391518743_o.jpg&smallsrc=https%3A%2F%2Fscontent-b-nrt.xx.fbcdn.net%2Fhphotos-xpf1%2Ft1.0-9%2F1978858_1407892119470917_391518743_n.jpg&size=1022%2C599ကရာတေးလက်နက်မဲ့ ကိုယ်ခံပညာရပ်ကျင့်စဉ်တွင် အရေးပါသည့် အချက်(၁၀)ချက်နှင့် ဖွဲ့စည်းထားပါသည်။

 


 
https://www.facebook.com/photo.php?fbid=1391770634416399&set=pb.100007504273340.-2207520000.1409129188.&type=3&src=https%3A%2F%2Ffbcdn-sphotos-d-a.akamaihd.net%2Fhphotos-ak-xpa1%2Ft31.0-8%2F1077550_1391770634416399_1578101605_o.jpg&smallsrc=https%3A%2F%2Ffbcdn-sphotos-d-a.akamaihd.net%2Fhphotos-ak-xpf1%2Fv%2Ft1.0-9%2F1656109_1391770634416399_1578101605_n.jpg%3Foh%3De675310f54ab42356a467b900ed2a3f6%26oe%3D546E87A3%26__gda__%3D1415420414_b1de58cc1b130717c2c111a7e290eba4&size=2510%2C1172

 1. မှန်ကန်ပြီး စနစ်ကျသည့် လေရှူရှိုက်မှု(濃度と呼 Concentration and breathing)

      2. သီအိုရီ နှင့် စနစ်ကျသည့်လက်တွေ့ လေ့ကျင့်ခန်း ပြုလုပ်ခြင်း(トレーニング  の理論と実 Training theory and practice)

3. အားကစား နှင့် ခုခံတိုက်ခိုက်ခြင်းကိုယ်ခံပညာ(စစ်ပညာ)( スポーツ空手と戦闘空手武 Sport Karate and Combat Karate Martial arts)

4. အနားယူမှု( Relaxation)

5. ရိုးသားဖြောင့်မတ်ခြင်း( Honesty)

6. သည်းခံခြင်း (忍耐と我慢強 Patience or forbearing)

7. ခွင့်လွှတ်ခြင်း( Forgiveness)

8. ယဉ်ကျေးမှု( Courtesy )

9. အကောင်းမြင်ဝါဒကျင့်သုံးမှု( Optimism)

10.         တရားထိုင်ခြင်း( Meditation) တို့ ဖြစ်သည်။

ကရာတေးကျင့်စဉ် နှင့် အသက်ရှူခြင်း ( breathing)

အသက်ရှူခြင်း (breathing) ကျင့်စဉ် သည် ကရာတေးပညာရှင်တို့အတွက် မရှိ မဖြစ်လိုအပ်သည်။ အသက်ရှူခြင်းဖြင့် အောက်ဆီဂျင်ကို ကိုယ်ခန္ဓာအစိတ်အပိုင်း အသီးသီးသို့ ပို့ဆောင်ပေးပြီး၊ ခန္ဓာကိုယ်အတွက် မလိုအပ်သော ကာဗွန်ဒိုင်အောက်ဆိုက်ကို ဖယ်ထုတ်ပေးသည်။ အသက်ရှူခြင်းနှင့် သွေးကြောတွင်း သွေးလည်ပတ်မှုတို့မှာ ဆက်စပ်လျက် ရှိသည်။

ပထမဦးဆုံး အသက်ရှူသွင်းသည့်အခါ အဆုတ်ထဲသို့ အောက်ဆီဂျင်နှင့် အခြားဓာတ်ငွေ့များ ရောက်ရှိသွားသည်။ ထိုမှတဆင့် အဆုတ်တွင်ရှိသော ဆံခြည်မျှင်သွေးကြောထဲသို့ ထိုဓာတ်ငွေ့များ စိမ့်ဝင်သွားသည်။ ထိုသွေးကို နှလုံးမှ ညှစ်ထုတ်ပြီး ခန္ဓာကိုယ်အနှံ့ လည်ပတ်စေကာ အောက်ဆီဂျင်ဓာတ်ငွေ့ကို ရရှိစေသည်။ မလိုအပ်သော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များကို ပြန်လည်သယ်ဆောင်လာပြီး အဆုတ်မှတဆင့် လေထုထဲသို့ ပြန်လည်စွန့်ထုတ်သည်။

အသက်ရှူသွင်းခြင်း(breathe in) လေ့ကျင့်ခန်း အသက်ရှူထုတ်ခြင်း(breathe out) လေ့ကျင့်ခန်းကျင့်စဉ်သည် ကရာတေးပညာရှင်တို့အတွက် မရှိ မဖြစ်လိုအပ်သည်။ ကမ္မဋ္ဌဌာန်း တရားထိုင်ခြင်း(Meditation) သမထအလုပ်သည် မိမိစိတ်ဓာတ်၏ ဖြူစင်မှု တိုးပွားလာအောင် အားထုတ်ရသော အလုပ်မျိုးဟု ဆိုလိုသည်။ သမထ ဟူသည် အာရုံခြောက်ပါး၌ လွင့်ပါးချောက်ချား၍ နေသောစိတ်ကို တစ်ခုတည်းသော အာရုံ၌ သမ္မာသတိ(右マインドフルネ Right mindfulness) စွဲမြဲစွာ သက်ဝင် စေ၍ စူးစူးစိုက်စိုက် သမ္မာသမာဓိ(右濃 Right Concentration) တည်တည်တံ့တံ့ ရှုခြင်းသဘောဖြစ်သည်။


ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းတွင်ကိုယ်ခံပညာ စတင်ဖြစ်ပေါ်လာပုံ


ဂျပန်၏ ကရာတေးပညာရေးစနစ်သည် ဗုဒ္ဓဘာသာရေးနှင့် အတော် လေး ဆက်စပ်နေသည်။ ကျောင်းသင်ပညာရေးစနစ်ကို ဗုဒ္ဓဘာသာဘုရားကျောင်း များမှတစ်ဆင့်ချုပ်ကိုင်ထားပြီး ဗုဒ္ဓ စာပေများကို ဘုန်းတော်ကြီးများ မှတစ်ဆင့် သင်ကြားလေ့လာကြရသည်။ ကရာတေးကိုယ်ခံပညာကို အိုကီနာဝါကျွန်းတွင် အိုကီနာဝါ တေး (Okinawa te) အဖြစ် စတင်ခေါ်ဆိုခဲ့သည်။

ကရာတေး သည် လက်နက်ကိရိယာမပါဘဲ ‌ခြေ နှင့် လက်ကိုအသုံးပြုလျက် တစ်ဘက် ရန်သူကို လျှက်တစ်ပြက် တန်ပြန်တိုက် ခိုက်နိုင်‌သော ဂျပန်ရိုးရာ ကိုယ်ခံပညာတစ်ရပ် ဖြစ်သည်။ ကရာတေးဆရာများ သည် သည်းခံခြင်း၊ လူ့ကျင့်ဝတ်ဆိုင်ရာများ၊ စာရိတ္တ၊ ဇင်ဗုဒ္ဓဘာသာဒဿန၊ စာပေ၊ စစ်ပညာ၊ ကရာတေးပညာ ပရိယာယ်များကို သင်ကြားပေး ကြသည်။

၁၄၂၉-၁၈၇၉ ခုနှစ်များအတွင်း ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း (沖縄 Okinawa Island) တွင် စတင်ခဲ့သော ခြေထောက်ဖြင့် တိုက်ခိုက်ခြင်း နည်းပညာကို အခြေခံသည့် ဂျပန်ရိုးရာ ကိုယ်ခံပညာ တစ်ရပ်ဖြစ်သည်။ ကရာတေး ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ ရှင်းလင်းချက် အမျိုးမျိုးရှိပါသည်။ ယေဘူယျအဖြစ် လူသိများသော ရှင်းလင်းချက်မှာ အိုကီနာဝါဒေသ၏ တိုက်ခိုက်ရေးပညာမှ လက် ပိုင်းဆိုင်ရာ နည်းဗျူဟာတွင် တရုတ်ရိုးရာ ကိုယ်ခံပညာကို ပေါင်းစပ်ထားခြင်းဖြင့် တီထွင်အဆင့်မြှင့်ထား သည်ဟု ယူဆနိုင်သည်။

ဂျပန်နိုင်ငံ၏ တိုင်းရှောခေတ် 大正時 Taishō period (၁၉၁၂-၁၉၂၆) အတွင်း အိုကီနာဝါကျွန်းမှ အခြားခရိုင်များသို့ ပြန့်နှံ့လာခဲ့သည်။ ဆရာကြီး ဖူနာ့ကိုရှိ၊ ဂိချင်း (the founder of modern Karate-do) ကို ဂျပန်ရိုးရာ ရှိုတိုကန် ကရာတေးကိုယ်ခံပညာစတင်တည်ထောင်သူအဖြစ် ဖော်ပြကြသည်။

ဒုတိယ ကမ္ဘာစစ် ပြီးသောအချိန်တွင်မူ ဂျပန်ကရာတေး သည် ကမ္ဘာအရပ်ရပ်သို့ ပြန့်နှံ့သွားခဲ့ပါသည်။ ယခုအခါ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် တိုက်ခိုက်ရေးအတွက် လည်း ကောင်း၊ ကိုယ်ခံပညာအဖြစ် လည်း ကောင်း၊ အားကစားပညာအဖြစ် လည်း ကောင်း လူတိုင်းနှင့် ရင်းနှီးသောဩဇာအကြီးမားဆုံးသောကိုယ်ခံပညာတစ်ရပ်အဖြစ် နေရာယူထားပါသည်။

 






ဆရာကြီး ဖူနာကိုရှိ ဂီချင်း ၏ ဩဝါဒများမှာ လူတို့၏ကိုယ်ကျင့်တရား ကောင်းမွန်ရေးဖြစ်၍ အသက်ရှင်နေစဉ်တွင် မည်သို့နေထိုင်ပြုမူမှ ကောင်းသောနေခြင်း ဖြစ်မည်ကို
 ဆောင်ပုဒ်ကလေးများဖြင့် သွန်သင်ခဲ့၏။

"Karate-Do must always strive to be inwardly humble and outwardly gentle. However, once he has decided to stand up for the cause of justice, then he must have the courage expressed in the saying, "Even if it must be ten million foes, I go!" Thus, he is like the green bamboo stalk: hollow (kara) inside, straight, and with knots, that is, unselfish, gentle, and moderate. "

" To win one hundred victories in one hundred battles is not the highest skill. To subdue the enemy without fighting is the highest skill......."

" Students of any art, including Karate-do must never forget the cultivation of the mind and the body........"

ဆရာကြီး ဖူနာ့ကိုရှိ ဂီချင်း ၏ တပည့်ရင်းဖြစ် သော ဆရာကြီး မာဆာတိုရှိ နာကာရားမား 中山 သည် ၁၉၅၅ တွင် ဂျပန်ကရာတေး အသင်း 日本 空手 協会 (Japan Karate Association) ကို စတင်တည်ထောင်သည်။ 
ဂျပန်ကရာတေး အသင်း 日本 空手 協会 (Japan Karate Association ) ၏ နည်းပြချုပ် ဆရာကြီး မာဆာတိုရှိ နာကာရားမား(၁၉၁၃-၁၉၈၇) သည် ဆရာကြီး ဖူနာ့ကိုရှိ ဂီချင်း၏ တပည့်ရင်းတစ်ဦးဖြစ်ပြီး J.K.A ကရာတေး သမိုင်း နှင့် ရှိုတိုကန်သမိုင်းတွင်ဆရာကြီးဖူနာ့ကိုရှိဂီချင်းပြီးလျှင်အထင်ရှားဆုံးသောဩဇာ
အကြီးမားဆုံးသောဆရာကြီး ဖြစ်သည်။

ဆရာကြီး ဖူနာ့ကိုရှိ ဂီချင်း၏ ယုံကြည် ကိုးစားခြင်းခံရသူ ဖြစ်သည်။ ကရာတေး စာအုပ်ပေါင်းများစွာ ကိုလည်း ရေးသားခဲ့သည်။


လူသိများသော ကရာတေး အမျိုးအစားနှစ်မျိုးမှာ (၁) ပြိုင်ပွဲစည်းကမ်းကိုလိုက်၍ ရိုးရာ ကရာတေး ကစားနည်း ဖြစ်သည့် စွန်းဒိုမဲ” Sun-dome (Meaning to stop, just before contact with the Target ) ခေါ်သော ထိန်းသိမ်းမှု ကစားနည်း နှင့် (၂ ) တိုက်ရိုက်တိုက်ခိုက်သည့် (Full contact Karate) ကစားနည်းဖြစ်သည်။ အကာအကွယ်ပစ္စည်းသုံးသော ကရာတေး ကစားနည်းမျိုးလည်း ရှိပါသေးသည်။ 


ကရာတေး တွင် (၁) Kihon 基本,  (Basics) (၂ ) Kata or (Forms) (၃) Kumite 組手 (Sparring) (၄) Kime 決め (The Power of Focusing (or) The essence of Karate technique is Kime) (၅) Relax the body and mind 体と心をリラック တို့သည် ထင်ရှားလေသည်။



မိမိနှင့် မိမိပတ်ဝန်းကျင် လုံခြုံမှု အတွက်သာ ကရာတေး ကိုယ်ခံပညာကို အသုံးပြုရပေသည်။ မိမိအနေဖြင့် ရန်သူ ၏ မမျှော်လင့်နိုင်သော တိုက်ခိုက်မှုကို ရုတ်တရက် လျှင်မြန်စွာ ရှောင်တိမ်းကာ ၄င်းတိုက်ခိုက်သူရန်သူ အား မိမိကို ဆက်လက်မတိုက်ခိုက်နိုင်စေရန် ချက်ချင်း ပြန်လည် ခုခံထိန်းချုပ်ကာကွယ်ခြင်း ပင်ဖြစ်သည်။

ကရာတေး ပညာတတ်မြောက်သူသည် ကာယဗလ အားဖြင့် မိမိထက်အားအင်ကြီးမား သန်စွမ်းသူ ရန်သူကို လက်နက်ကိရိယာ မပါဘဲ ‌ခြေနှင့် လက်ကိုအသုံးပြုလျက်အလွယ်တကူ တိုက်ခိုက်အောင်မြင်နိုင်သည်။ ကရာတေး ကျင့်စဉ်များကို ယနေ့ခေတ်တွင် ကိုယ်ခံပညာ(စစ်ပညာ Martial arts 格闘技) အားကစား တစ်ခုအသွင်အဖြစ် တစ်ကမ္ဘာလုံးမှ လက်ခံလေ့လာနေကြပြီ ဖြစ်သည်။

ကရာတေး တွင် အများအားဖြင့်-

(၁) Full Contact Sport Karate (physical impact force)
(၂) Non Contact Sport Karate
(၃) COMBAT- Martial arts Karate နှင့်
(၄)Techniques of Knockdown Karate (most powerful Karate) ကရာတေးကျင့်စဉ် ကစားနည်းစနစ်(၄) မျိုး သတ်မှတ်လေ့ ရှိသည်။

ကရာတေး အက်သစ်


ကရာတေး အက်သစ် (空手の倫 Ethics of Karate) ကို ကိုယ်ကျင့်တရားနှင့် သက် ဆိုင်သော အတွေးအခေါ်ပညာဟုလည်း ခေါ်ဆိုကြပြီး လူသားဆန်မှုနှင့် ပတ်သက်သော မေးခွန်းများကို ငြင်းခုံဆွေးနွေးလေ့ ရှိကြသည်။ ကောင်းခြင်း နှင့် ဆိုးခြင်း၊ မှန်ကန်ခြင်း နှင့် မှားယွင်းခြင်း၊ စင်ကြယ်မှုနှင့် ဆိုးယုတ်မှု၊ တရားမျှတမှု နှင့် တရားဥပဒေ ချိုးဖောက်မှု စသည့် အကြောင်းအရာများပင် ဖြစ်သည်။

ယခုလက်ရှိတွင် ကရာတေးကို တိုက်ရိုက်တိုက်ခိုက်သောနည်းကို အဓိကထားပြီး ၊ မူလ စတင်ခဲ့သော အိုကီနာဝါကရာတေး ကို တိုရိတဲ Torite” ဟုခေါ်သည့် Tactics for restraining or escaping and catching/ seizing hand သွယ်ဝိုက်သော တိုက်ခိုက်နည်း၊ ပစ်ပေါက်နည်းတို့ ထည့်သွင်းထားပါသည်။ ရှေးယခင်က ကရာတေး အပြင် တုတ်ရှည်၊ ဓားရှည်၊ မြန်မာပြည်တွင် နံချပ်ကူ ဟု လူသိများသော တုတ်ချောင်းတိုနှစ်ချောင်းကို ကြိုးနှင့်ဆက်ထားသည့် လက်နက်များကိုလည်း အသုံးပြု လာကြပါသည်။

ယခုခေတ်တွင်မူ ရှေးရိုးရာတွင် နည်းပညာသစ်များကို ထပ်မံပေါင်းစပ်ကာ ပိုမိုတိုးတက်သော ကစားကွက်များကို တီထွင်လာလျှက်ရှိနေပါသည်။ ကီ ki () energy (or) mood သွင်းခြင်းကိုလည်း ကောင်း အသုံးပြု ကြပါသည်။ အော်ဟစ်တိုက်ခိုက်ခြင်း Kiai (気合) (karate shouts) ကိုလည်း ကောင်း အသုံးပြု ကြပါသည်။
ကရာတေးပညာ အဆင့်သတ်မှတ်ခြင်းစနစ်နှင့် အရောင်သတ်မှတ်ခြင်းစနစ်ကို ကိုးကားနိုင်ရန် မိတ်ဆက်တင်ပြလိုပါသည်။ ၁၉၂၄ ခုနှစ်တွင် ဂျပန်နိုင်ငံ ကရာတေးလောက၏ ကရာတေးဖခင်ကြီးဖြစ်သော ဆရာကြီး ဖူနာ့ကိုရှိ၊ ဂိချင်း 船越義珍 မှ ပထမဦးဆုံး ထုတ်ပြန်သတ်မှတ်ခဲ့သည်ဟု ဆိုကြသည်။ ပထမတွင် ခါးပတ်နက်၊ ခါးပတ်ဖြူ ကို စတင်သတ်မှတ်ခဲ့ပြီး ခါးပတ်နက်ကို ပညာအဆင့်ရှိသူအဖြစ် လည်း ကောင်း၊ ခါးပတ်ဖြူကို ပညာသင်စသူအဖြစ်
လည်း ကောင်း ခွဲခြားခဲ့သည်။ခါးပတ်နက်တွင် အဆင့်လိုက်သတ်မှတ်ခွဲထားပါသေးသည်။ ထိုအဆင့်ကို ခါးပတ်အနက်တွင်ပါသော လိုင်းများ(ဒန်ဟုခေါ်သည်- ၉ ဒန်သည်အမြင့်ဆုံးဖြစ်သည်) ကို ကြည့်ခြင်းဖြင့်သိရှိနိုင်သည်။




ခါးပတ်နက်နှင့် ခါးပတ်ဖြူအကြားတွင် ခါးပတ်ညိုကိုလည်း သတ်မှတ်ခဲ့သည်။ ထပ်မံ၍ ခါးပတ်ညိုအောက်တွင် ထိုအချိန်က ခလေးများအတွက် ရည်ရွယ်ပြီး အစိမ်း၊ အဝါ၊ အပြာစသော အရာင်များကိုလည်း သတ်မှတ်လာခဲ့ရာမှ ယခုအချိန်တွင်မူ ယေဘူယျပုံစံ ပညာအဆင့်များ ဖြစ်လာကြသည်။ 

ပညာအဆင့်သတ်မှတ်ခြင်းစနစ် နှင့် အရောင်သတ်မှတ်ခြင်းစနစ်တို့သည် အသင်းအဖွဲ့ style ပေါ်မူတည်၍ ကွဲပြားမှုရှိနိုင်သော်လည်း ရိုးရာ၊ ကရာတေးပညာအတွက် ဂျပန်တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထုတ်ပြန်သတ်မှတ်မှုရှိသည်။

ဘွဲ့တံဆိပ် Rank သတ်မှတ်မှုတွင်လည်း မိမိ၏ အသင်းအဖွဲ့ကို လိုက်၍ှိဟန်း Shihan 師範 (အဆင့် ၈ အထက်) ၊Hanshi ဟန်းရှိ 範士 (အဆင့် ၈ အထက်) ၊ Kyoshi ကျောရှိ 教士 (ဟန်းရှိ အောက်၊ ရလ်းမ်ရှိ အထက် )၊ Renshi ရမ်ရှိ 錬士 ( အဆင့်၆ အထက်) ဟုသတ်မှတ်ထားသည်။ ဘွဲ့တံဆိပ်ကို အသုံးမပြုသော အသင်းအဖွဲ့များလည်းရှိသည်။

မြန်မာနိုင်ငံ ရှိ ကရာတေး ကလပ်များတွင် အများအားဖြင့် အဖြူ၊ အဝါ၊ အစိမ်း၊ အညို၊ အနက် ဟု ခါးပတ် အရောင်ကို အနိမ့်မှ အမြင့်သို့ (၅) ဆင့် သတ်မှတ်လေ့ ရှိကြသည်။ သို့သော်လည်း အချို့သော ကရာတေး ကလပ်များတွင် အဖြူ၊ အဝါ၊ လိမ္မော်၊ အစိမ်း၊ အပြာ၊ အညို၊ အနက် ဟူ၍ ခုနှစ်ဆင့် သတ်မှတ်လေ့ ရှိကြသည်။

ကရာတေးဝတ်စုံ

ရိုးရာ၊ ကရာတေးအဖြူရောင်ဝတ်စုံသည် အပေါ်ဝတ်အင်္က࿿ျီလက်မှာ လက်ကောက်ဝတ်အထိ ရှည်သည်။ နွေရာသီတွင် အပူချိန် မည်မျှပင်ဖြစ်စေကာမူ အင်္က࿿ျီလက်ကိုမတင်ခြင်းအား ခွင့်မပြု။ သို့သော် လေ့ကျင့်သည့်အချိန်တွင် ဆရာ၏ခွင့်ပြုမှုပေါ် မူတည်သည်။

အင်္က࿿ျီအောက်ဘက်နားတွင် တွဲချုပ်ထားသော ကြိုးပါသဖြင့် ၊ ကော်လာနှစ်ဘက်ကို ညီအောင်စေ့ပြီး နောက်တွင် အောက်နားရှိကြိုးကို ချည်လိုက်ပါက အောက်အနားများ ကိုညီညာသွားစေသည်။

ဘောင်းဘီ၏အရှည်မှာ ခြေမျက်စိအထိဖြစ်သည်။ အသင်းအဖွဲ့များ ကိုယ်စားပြုသော အမှတ်တံဆိပ်များကိုလည်း ကပ်ချုပ်ထားခြင်းမျိုးလည်း ရှိသည်။ ကရာတေး လေ့ကျင့်ကွင်းကိုမသွားပဲ ကရာတေးဝတ်စုံများကို ဝယ်ယူဆင်မြန်းနိုင်သည်။ 

ကရာတေးဝတ်စုံ သည် တစ်ထောင်ဆစ် မဖုံးတဖုံး လက်အရှည်ရှိသောအင်္က࿿ျီ လက်တစ်ဆက်တည်း ပုံစံမျိုးဖြစ်သည်။ ဘောင်းဘီသည် ကြမ်းပြင်ကို ထိလောက်သည်အထိ ရှည်ရှည်ဖားဖား ပုံစံဖြစ်သည်။ ဝတ်စုံတွင် အသင်းအမှတ်တံဆိပ် Logo လိုဂိုများ ပုံနှိပ်ထားပြီး လေ့ကျင့်ကွင်းကိုသွားရောက်မှသာ ဝယ်ယူဆင်မြန်းနိုင်သည်။

ကိုရီးယားနိုင်ငံသို့ ကရာတေးပညာ ပျံ့နှံ့ ခဲ့ပုံ




https://www.facebook.com/photo.php?fbid=1416080948652034&set=pb.100007504273340.-2207520000.1409129188.&type=3&src=https%3A%2F%2Fscontent-b-nrt.xx.fbcdn.net%2Fhphotos-xfp1%2Ft31.0-8%2F1979187_1416080948652034_5093934898973015538_o.jpg&smallsrc=https%3A%2F%2Fscontent-b-nrt.xx.fbcdn.net%2Fhphotos-xpa1%2Fv%2Ft1.0-9%2F1902994_1416080948652034_5093934898973015538_n.jpg%3Foh%3D86fb378648192554ac7223e683c53a25%26oe%3D546B3484&size=1525%2C1369
ကိုရီးယားနိုင်ငံတွင် ရှေးအခါက ကွန်စုဒိုး ဟု
လည်း ကောင်း၊ တမ်စုဒိုး ဟု လည်း ကောင်း ခ်ါခဲ့ကြသော ကရာတေးသည် ကိုရီးယားမူ၊ ကိုရီးယားဟန် ပြောင်းလည်း တီထွင်ခဲ့ရာမှ ခြေဖြင့်ကန်သော ပညာကို အလေးပေးကာ တယ်ကွန်ဒိုး (မြန်မာဘာသာဖြင့် တိုက်ကွမ်ဒို ဟုခေါ်သော) ဟုခေါ်သော ကိုယ်ခံပညာ အသစ်အဖြစ် ပေါ်ပေါက်လာခဲ့တော့သည်။











 ၁၄ အောင်စ အလေးချိန်ရှိသော လက်အိပ်နှင့် မျက်နှာဖုံးကို ဝတ်ဆင်အသုံးပြုသော 
ကိုယ်ခံပညာ အသစ် သည်လည်း ယခုတစ်လော ရေပန်းစားလာသည့် ပြိုင်ပွဲကစားနည်း တစ်ခုလည်းဖြစ်သည်။ ၁၉၄၀ ခုနှစ်လယ်ပိုင်း နောက်ကျကျ အချိန်များတွင် စတင်ပျံ့နှံ့လာသော တိုက်ကွမ်ဒို ကို တီထွင်သူ ကိုရီးယားပညာရှင်များသည် ဂျပန်နိုင်ငံတွင် ကရာတေးပညာကို သင်ယူလေ့ကျင့်ခဲ့သူများဖြစ်သည်။

ထို့ကြောင့် တိုက်ကွမ်ဒို ၏ မူလရင်းမြစ်ကို ရှာဖွေကြည့်မည်ဆိုလျှင် ကရာတေး ပညာသာဖြစ်နေကြောင်းတွေ့ရှိရမည် ဖြစ်သည်။

အမေရိကသို့ ကရာတေးပညာ ပျံ့နှံ့ခဲ့ပုံ

အိုကီနာဝါနှင့် ဂျပန်နိုင်ငံပင်မကျွန်းတွင် ကာရာတေး ပညာသင်သွားကြသော အမေရိကန်စစ်သားများ က မိမိတို့နိုင်ငံသို့ပြန်ပြီးနောက်၊ လေ့ကျင့်ကွင်းဖွင့်က သင်ပေးခြင်းဖြင့် အမေရိကန်နိုင်ငံတွင် ကာရာတေးပညာ ပျံ့နှံ့ခဲ့သည်ဟုဆိုကြသည်။ ပထမဦးဆုံး ကာရာတေးဆရာမှာ အများက အမေရိကန် ကာရာတေးဖခင်ကြီး ဟုခေါ်ကြသော ရောဘတ် ထရီအတ်စ် (၁၉၂၃-၁၉၈၉)ဖြစ်သည်။ ထရီအတ်စ် သည် ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဆော်လမွန်ကျွန်းတွင် အိုကီနာဝါကျွန်းသား ကရာတေးပညာရှင် မိုတိုဘု ချိုးကိ ၏ တပည့်ဖြစ်သော တရုပ်လူမျိုးတစ်ယောက်ထံမှ သင်ယူခဲ့သည်။ 

၁၉၄၂ခုနှစ်တွင် အာရီဇိုးနားပြည်နယ် ဖီးနစ်စ် ကာရာတေးလေ့ကျင့်ကွင်း ကိုဖွင့်လှစ်ခဲ့သည်။ သို့သော်လည်း မည်သူက ကာရာတေးကို အမေရိကသို့ ပထမဦးဆုံး မိတ်ဆက်ခဲ့သည်ကိုမူ အခြားအဆိုများလည်းရှိ၍ ယနေ့တိုင် အငြင်းပွါးနေကြဆဲဖြစ်သည်။

ဥရောပ သို့ ကရာတေးပညာ ပျံ့နှံ့ခဲ့ပုံ

၁၉၆၀နှစ်နောက်ပိုင်းကာလတွင် ဂျပန်နိုင်ငံမှ ကရာတေးပညာရှင်များ စေလွှတ်ခြင်းဖြင့် ဥရောပတွင် ကရာတေးပညာ ပျံ့နှံ့ခဲ့ရသည်။ အီဝါ့တဲ့ ဇာတိ ကာနာဇာဝါ ဟီရိုးခါ့ဇု ကို ဂျာမဏီနှင့် အင်္ဂ္လန်နိုင်ငံတို့၏ ကရာတေးနည်းပြအဖြစ် လည်း ကောင်း၊ ဟီဂါ့ရှိအွန်းနာ့ မိုရိအို ကို ပေါ်တူဂီနိုင်ငံ၏ ကာရာတေးနည်းပြအဖြစ် လည်း ကောင်း အသိအမှတ်ပြုကြသည်။ ယခင်ဆိုဗီယက်နိုင်ငံ တွင် ၁၉၆၀နှစ်နောက်ပိုင်း မော်စကိုတက္ကသိုလ်တွင် ကရာတေးကိုအသင်းရှိခဲ့သည်။

သို့သော်လည်း ၁၉၇၃ခုနှစ်တွင် ဆိုဗီယက်အစိုးရက ကရာတေးပညာအပါအဝင် အခြားကိုယ်ခံပညာများကိုပါ ရုတ်တရက် တားမြစ်ပိတ်ပင် ခဲ့သည်။ ရုရှား ကိုယ်ခံပညာဟု လူသိများသော စမ်ဘို” sambo ကို စတင်ကစားလာခဲ့ကြသည်။ သို့သော်လည်း ဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲပြီးနောက် ရုရှားနိုင်ငံတွင် ကရာတေးကို ပြန်လည်ကစားလာခဲ့ကြပါသည်။



မြန်မာနိုင်ငံသို့ ကရာတေးပညာ ပျံ့နှံ့ခဲ့ပုံ



အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း 
 နှင့်
ဂျပန် ရိုးရာ ကင်ဒို ပညာ



     


                                              

၁၉၄၂ ခုနစ် နောက်ပိုင်းကာလတွင် 
ဂျပန်စစ်သားများ သယ်ဆောင် လာခဲ့သော ဂျူ ဒို၊ ဂျူ ဂျစ်ဆု၊ အိုက်ကီဒို၊ ကင်ဒို(ဓားသိုင်း)၊ 
ကရာတေး တို့သည် မြန်မာနိုင်ငံသို့ စတင်ပျံ့နှံ့ရောက်ရှိခဲ့ပါသည်။ 


ဆရာကြီး ဦးသောင်းဒင်


(ယူနိုက်တက် ကရာတေးအသင်း )


အဆာဟိ ကရာတေးအသင်း
 ဆရာကြီး ဦးရစ်ချတ်ဆရာကြီး ဦးကျော်ညွန့်





















Dagon ကရာတေး အသင်း နည်းပြချုပ် ဆရာကြီး ဦးစိုးတင့်
နှင့် အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး အောင်ဒင်




























ကရာတေး ကျင့်စဉ် အရည်အချင်းကောင်းများ (၁၅)ချက်
Essential abilities of Karate instructors
空手のインストラクターの必須能
(၁) စိတ်ထားဖြူစင်ခြင်း(心の精 Purification of Mind)
(၂ ) ယဉ်ကျေးခြင်း( Courtesy)
(၃) ရိုးသားဖြောင့်မတ်ခြင်း( Honesty)
(၄) နည်းစနစ်ကျခြင်း(体系化 Systematisation)
(၅) ကိုယ်ကျင့်သီလကောင်းခြင်း(道徳 Morality)
(၆) မေတ္တာစိတ်ရှိခြင်း(愛情に満ちた優し Loving kindness)
(၇) ကရာတေးပညာထူးချွန်ခြင်း(空手業 Skill in Karate )
(၈) သည်းခံခြင်း (忍耐、我慢強い Patience or forbearing)
(၉) အကောင်းမြင်ဝါဒကျင့်သုံးခြင်း( Optimism)
(၁၀) မိမိကိုယ်မိမိ စိတ်တည်ငြိမ်စွာထိန်းချူပ်နိုင်ခြင်း(セルフコントロー Self control)
(၁၁) ကိုယ်ချင်းစာတရားရှိခြင်း( Sympathy)
(၁၂) သတ္တိကောင်းခြင်း( Courage)
(၁၃) နှောက်ယှက်ထိပါးသူ ရန်သူကိုကျွမ်းကျင်စွာ တိုက်ခိုက်ခြင်း (敵に関する専門家の戦闘 Expert counter attack in a hand to hand every combat situation)
(၁၄) ခွင့်လွှတ်ခြင်း( Forgiveness) နှင့်
(၁၅) သီအိုရီ နှင့် လက်တွေ့ ပေါင်းစပ်လေ့ကျင့်ခြင်း(理論と実践的な技術と空手留 Study in karate with theory and practical techniques) 

... စသည် တို့သည် ကရာတေးပညာရှင်တို့အတွက် မရှိ မဖြစ်လိုအပ်သော(空手における必須の能 Essential abilities in Karate) အရည်အချင်းကောင်းများ (グッド空手マスターの資 Good qualities of real Karate masters) ဖြစ်သည်"  (Reference: Myint Kywe  ဦးမြင့်ကြွယ် ( မြို့ မ မြင့်ကြွယ် ) ရေးသား ပြုစုသော 空手 Thesis: Kihon (基本 ), Kata ( or ), Kumite (組手) " The 3 Ks process of Karate" for 3rd Dan (Sandan) 三段 JKA 1981).


မြန်မာနိုင်ငံတွင် ဂျူ ဒို၊ ဂျူ ဂျစ်ဆု၊ အိုက်ကီဒို၊ ကင်ဒို၊ ကရာတေး ကိုယ်ခံ
ပညာရပ်များသည် ၁၉၄၂ ခုနစ်ကတည်းက တည်ရှိခဲ့ကြောင်း 
 မှတ်တမ်းများအရ သိရှိရပါသည်။


 


ဂျပန်ရိုးရာ ကိုယ်ခံပညာများကို အာရှလူငယ် အစည်းအရုံး ၊ တို့ဗမာအစည်းအရုံး ၊ ဗမာ့လွတ်လပ်‌ရေး တပ်မတော် (ဘီ၊ အိုင်၊ ‌အေ) ၊ ရဲဘော်သုံးကျိပ် တို့သည်လည်း ကိုယ်ခံပညာအဖြစ်လည်းကောင်း ၊ တိုက်ခိုက်ရေးအတွက်လည်းကောင်း ၊ အားကစားပညာအဖြစ်လည်းကောင်း လေ့ကျင့်သင်ကြားခဲ့ပါသည်။ လေ့ကျင့်ခန်းများကို အခြေခံမှစ၍ သင် ကြားခဲ့ရသည်။




ဦးစိုးဝင်း (မြန်မာနိုင်ငံ ကရာတေးဒို အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး)
 ၁၉၈ ခုနှစ် တွင် မြန်မာနိုင်ငံ ကရာတေးဒို အဖွဲချုပ် စတင်တည်ထောင် ဖွဲ့စည်းနိုင်ရေးအတွက် ဦးဆောင်ပါဝင်သူ ဖြစ်သည်။ 




















မြန်မာနိုင်ငံ ကရာတေးဒို အဖွဲချုပ် အောင်မြင်စွာ မဖွဲ့ စည်းမှီ ၁၉၈၁ခုနှစ် ကာလကတည်းကပင် မြန်မာနိုင်ငံ ကရာတေးဒို အဖွဲချုပ် ဖွဲ့စည်းနိုင်ရေးအတွက် လည်းကောင်း၊ ကရာတေး ပညာရပ်နှင့် လေ့ကျင့်သူ လူငယ်များ၊ စစ်မှန်သော ကရာတေးပညာကို စနစ်တကျ သင်ကြားနိုင်ရေးအတွက် လည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနသို့ စာဖြင့် လည်းကောင်း၊ ၈.၆.၁၉၈၁ ကြေးမုံသတင်းစာ မှ တစ်ဆင့် ပြည်သူလူထုတစ်ရပ်လုံးသို့ လည်းကောင်း၊  ဆိုရှိကိ 組織 ကရာတေးအသင်း နည်းပြချုပ် ဦးမြင့်ကြွယ် ( မြို့ မ မြင့်ကြွယ်) က ဓာတ်ပုံနှင့် တကွ စတင်ရေးသားတင်ပြအကြံပြုခဲ့ပါသည်။ 










ကရာတေး ပညာရပ်သည် ၁၉၆၅ ခုနစ် နောက်ပိုင်းကာလတွင် ပိုမိုပျံ့ပွားလာခဲ့ပါသည်။ တက္ကသိုလ် ကောလိပ်များ၊ အထက်တန်းကျောင်းများ၊ တပ်မတော် နှင့် ရဲတပ်ဖွဲ့တို့တွင် ကရာတေး သင်တန်းများ ပေါ်ထွန်းခဲ့သည်။

ဒဂုံ ကရာတေးအသင်း၊ အဆာဟိ ကရာတေးအသင်း၊ ဟိုက်ကာရီ ကရာတေးအသင်း၊ 
ယူနိုက်တက် ကရာတေးအသင်း၊ အိုကီနာဝါ ကရာတေး အသင်း၊ တိုက်ဂါး ကရာတေးအသင်း၊ အိုယားမား ကရာတေးအသင်း၊ မူရာယားမား ကရာတေးအသင်း၊ ဘားမား ကရာတေးအသင်း၊ ဂိုစိုးကု ကရာတေး အသင်း၊  အက်ဆက် ကရာတေးအသင်း၊ တန်ဆိုင်း ကရာတေးအသင်း၊ ဖူနာကိုရှိ ဂီချင်း ကရာတေးအသင်း၊  ဆိုရှိကိ ကရာတေးအသင်း Institute of Karate ....စသော ကရာတေး အသင်းဖွဲ့များ ပေါ်ပေါက်ခဲ့သည်။ မြန်မာနိုင်ငံတွင် ရှိုတိုကန် ကရာတေး စတိုင် နှင့် ကျိုရှင်ကိုင်း ကရာတေး စတိုင် တို့ကို အဓိကထားပြီး ကစားကြသည်။

8th anniversary of Soshiki Karate school in 1986







 





















တက္ကသိုလ် ကောလိပ်များ၊ အထက်တန်းကျောင်းများ၊ တပ်မတော် နှင့် ရဲတပ်ဖွဲ့ တို့တွင် ကရာတေး သင်တန်းများ ပေါ် ထွန်းခဲ့သည်။ ဆရာကြီး ဦးကျော်ညွန့်၊ ဆရာကြီး ဦးရစ်ချတ်၊ ဆရာကြီး ဦးစိုးတင့်၊ ဆရာကြီး ဦးသောင်းဒင်၊ ဗိုလ်ကြီးမိုးဟိန်း (ဗထူး) ဆရာကြီး ဦးမောင်မောင်သန်း၊ ဆရာ ဦးမြင့်ကြည်၊ ဆရာ ဦးစံနီ၊ ဆရာ ဦးဝင်းနိုင်၊ ဆရာ ဦးတင်ဝင်းအောင် (ခေါ်) ဆရာ ဦးဖိုးသာအောင်၊ ဆရာ ဦးသိန်းဝင်းဆရာ ဦးစိုးအာင်၊ ဆရာ ဦးစိုးဝင်း (မြန်မာနိုင်ငံ ကရာတေးဒို အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး)၊ ဆရာ ဦးအောင်တင်စိန်၊ ဆရာ ဦးဂေးလ်မို စိုးမင်း၊ ဆရာ ဦးမောင်မောင်ဦး၊ ဆရာ ဦးမောင်မောင်မြင့်၊ ဆရာ ဦးနေဝင်း၊ ဆရာ ဦးမင်းလွင်၊ ဆရာ ဦးစိုးဝင်း(ဟိုက်ကာရီ)

ဆရာဦး မြင့်အောင်..စသော ဆရာများသည် ထင်ရှားခဲ့သည်။

ကျိုရှင်ကိုင်း (Kyokushin) စတိုင်(Style) သည် ရှိုတိုကန် စတိုင်(Style) ပြီးလျှင် ဒုတိယမြောက်အထင်ရှားဆုံးသော ကရာတေး စတိုင်(Style) ဖြစ်သည်။













Ref:


http://26.yun285.cf/?cdf=Y29tbW9uCy53aWtpbWVkaWEub3JnL3Dpa2kvQ2f0ZWDvCnk6sGlzDG9yaWfuCz91C2VSYW5nPXpoLWhR
http://www.altiusdirectory.com/Society/historians-list.html
ဦးမြင့်ကြွယ် ( မြို့ မ မြင့်ကြွယ် ) ရေးသားသော The Benefits of Karate  
မြို့ မ မြင့်ကြွယ် ရေးသားသော ဇင်ဗုဒ္ဓဘာသာအစ-ဆရာတော် ဗောဓိဓမ္မ
မြို့ မ မြင့်ကြွယ် ရေးသားသော  ဗုဒ္ဓဘာသာ နှင့် ကရာတေးပညာ
မြို့ မ မြင့်ကြွယ် ရေးသားသော သုညတ ဝါဒ (or) Śūnyatā (or) emptiness
မြို့ မ မြင့်ကြွယ် ရေးသားသော သုညတ ဝါဒ (or) Śūnyatā (or) emptiness
မြို့ မ မြင့်ကြွယ် ရေးသားသော Karate and Buddhism
မြို့ မ မြင့်ကြွယ် ရေးသားသော  အသက်ရှူခြင်း (breathing) ကျင့်စဉ်
မြို့ မ မြင့်ကြွယ် ရေးသားသော  松濤館空手 ရှိုတိုကန် ကရာတေး
မြို့ မ မြင့်ကြွယ် History of Karate
မြို့ မ မြင့်ကြွယ် ဆရာကြီး ဖူနာ့ကိုရှိ၊ ဂိချင်း ၏ ကရာတေးအမှန်တရား
မြို့ မ မြင့်ကြွယ် ရေးသားသော I love Karate
မြို့ မ မြင့်ကြွယ် ရေးသားသော  How to play Karate
မြို့ မ မြင့်ကြွယ် ရေးသားသော  How to Understand Kime 決め
Myint Kywe မြင့်ကြွယ် ရေးသား ပြုစုသော 空手Thesis: Kihon (基本 ), Kata ( or ), Kumite (組手) " The 3 Ks process of Karate" for 3rd Dan (Sandan) 三段 JKA 1981

http://www.sammyfranco.com/karate.html
http://physics.tutorcircle.com/motion/centripetal-acceleration.html
http://www.dragondoor.com/articles/forcemass-x-acceleration-or-surfing-the-force-velocity-curve/
http://www.24fightingchickens.com/2008/09/20/force-mass-x-acceleration/
http://www.shotokai.com/ingles/essays/another_way.html
http://www.iuma.be/karate%20motion%20efficiency%20analysis.html
http://www.martiallife.com/index.php/component/content/article/4-personal-development/44-the-science-of-punching-harder-why-is-speed-more-important-than-mass.html
http://my.wikipedia.org/wiki/%E1%80%80%E1%80%9B%E1%80%AC%E1%80%90%E1%80%B1%E1%80%B8%E1%80%92%E1%80%AD%E1%80%AF
http://www.buddhanet.net/cbp2_f6.htm
http://ultemalibrary.blogspot.com/2012/09/blog-post_8048.html
http://archaeologyexcavations.blogspot.com/2011/11/true-history-of-bodhidharma-life.html
http://en.wikipedia.org/wiki/Bodhidharma
http://en.wikipedia.org/wiki/Zazen
http://zmm.mro.org/teachings/meditation-instructions/
http://www.onmarkproductions.com/html/daruma.shtml#.UeIaVqz7b64
http://www.caledonkarate.ca/about/history.html
http://www.knowledgerush.com/kr/jsp/db/board.jsp?id=77471
http://martikar.pikay.org/2012/10/blog-post_44.html
http://www.okinawate.co.nz/history.asp
http://www.okinawate.co.nz/history.asp
http://www.natkd.com/funakoshi%27s_shotokan.htm
http://www.keithgeyerkarate.com/insights/history.html
http://www.knowledgerush.com/kr/jsp/db/board.jsp?id=76999
http://global.britannica.com/EBchecked/topic/580889/Taisho-period
http://en.wikipedia.org/wiki/Gichin_Funakoshi
http://zenmirror.blogspot.com/2010/10/sunyata.html
http://www.buddhanet.net/cbp2_f6.htm
http://www.fourseas.co.uk/taichi/gichin%20funakoshi.html
http://www.fightingmaster.com/masters/funakoshi/
http://www.shotokanryukaseha.com/other_languages/articles/quotes_of_funakoshi.htm
http://www.jka.or.jp/english/about/early.html
http://en.wikipedia.org/wiki/Masatoshi_Nakayama
http://www.jka.or.jp/english/about/nakayama.html
http://web.ics.purdue.edu/~shotokan/docs/karate/
http://www.shotokai.com/ingles/essays/another_way.html
http://adsabs.harvard.edu/abs/1963JPSJ...18..229N
http://www.knowledgerush.com/kr/jsp/db/board.jsp?id=76999
https://www.facebook.com/GKRKarate/posts/491401007600169
http://www.knowledgerush.com/kr/jsp/db/board.jsp?id=76999
http://www.fourseas.co.uk/taichi/gichin%20funakoshi.html
http://www.aibudo.com/history/shotokan/gichin.html
http://www.knowledgerush.com/kr/jsp/db/board.jsp?id=77471
http://tenguhouse.typepad.com/aikikuzushi/page/2/
http://www.shotokai.com/ingles/kyohan/karakyoh.html
http://www.shotokai.com/ingles/kyohan/karakyoh.html
http://en.wikipedia.org/wiki/Flower_Sermon
http://en.wikipedia.org/wiki/Kiai
http://en.wikipedia.org/wiki/Masatoshi_Nakayama
http://www.jka.or.jp/english/about/nakayama.html
http://ja.wikipedia.org/wiki/%E7%A9%BA%E6%89%8B
http://images.google.com/imgres?imgurl=http://kenshinjukukaratedo.com/Kenshinjuku_Karate_Do_-_Aventura_North_Miami_Beach_Shotokan_Karate_Do_files/shapeimage_2.jpg&imgrefurl=http://kenshinjukukaratedo.com/&usg=__MLTL4Zv8QN2D4fqsC5FmvS5b7Ug=&h=313&w=386&sz=49&hl=en&start=42&um=1&tbnid=vsj3W1pPIrEwbM:&tbnh=100&tbnw=123&prev=/images%3Fq%3Dkarate-do%26ndsp%3D18%26hl%3Den%26sa%3DN%26start%3D36%26um%3D1
http://ikomyanmar.com/ikomyanmar.htm