Pages

This is truly Karate これは本当に空手です - Myoma Myint Kywe



စစ်မှန်သော ကရာတေးဆိုသည်မှာ…….
This is truly Karate
これは本当に空手です

Researched by- Myoma Myint Kywe
ဆိုရှိကိ ကရာတေးအသင်း နည်းပြချုပ် 
ဦးမြင့်ကြွယ် ( မြို့ မ မြင့်ကြွယ် )
システム 組織 空手ヘッドマスタ
松濤館 、システム (組織) 空手 主任教師
                                      作家、歴史家,ビルマ(ミャンマー)


 


ရပ်ကွက်မှာဖြစ်စေ၊လမ်းမှာဖြစ်စေ၊ ကျောင်းမှာဖြစ်စေ လူတစ်ချို့က ကရာတေးနှင့် ပတ်သက်၍ စော်ကားမော်ကား နောက်ပြောင်သရော်တတ်သည်ကို သတိပြုမိသည်။ တစ်ချို့ ကတော့ သူငယ်ချင်းအချင်းချင်း ခင်မင်လို့ နောက်ခြင်း ဖြစ်ပြီး တစ်ချို့ကတော့ လူကို ရန်စချင်သည့်သဘော၊ စော်ကားချင်သော ရည်ရွယ်ချက်ဖြင့် ပြောဆိုခြင်းဖြစ်သည်။


ဥပမာ- မင်းသိုင်းတတ်တယ် ဟုတ်လား။ မင်း ကရာတေးတတ်တယ် ဟုတ်လား။ ကွန်ဖူး/ တိုက်ကွမ်ဒို တတ်တယ်ဆိုရင် မင်းကိုငါ ဓားနဲ့ ထိုးကြည့်မယ်၊ ခုတ်ကြည့်မယ်။ မင်းရှောင်နိုင် မလား။ ရှောင်နိုင်တယ်ဆိုရင် အခု ငါခုတ်လိုက်မယ်၊ ဓားသွားယူလိုက်ဦးမယ်။ အုတ်နီခဲနဲ့ ထုမယ်။ မင်းရှောင်နိုင်မလား။” …. ဟူ၍ တစ်မျိုး၊မင်းကို ငါတုတ်နဲ့ရိုက်တာကို၊ ဓားနဲ့ခုတ် တာကို မင်းရှောင်နိုင်တယ်၊ ခုခံနိုင်တယ် ထားဦး၊ မင်းကိုငါ သေနတ်နဲ့ ပစ်သတ်မယ်ကွာ၊ အမြှောက်နဲ့ ပစ်မယ်၊ လက်ပစ်ဗုံးနဲ့ပစ်မယ်ဆိုရင် မင်းကျည်ဆံ၊ လက်ပစ်ဗုံးတို့ကိုတော့ 
ရှောင်နိုင်မှာ မဟုတ်ပါဘူး။ မင်းသုံးထပ်တိုက်ပေါ်ကနေ မခုန်ချရဲပါဘူး။ မင်းခုန်ချရဲတယ် ဆိုရင် အခုချက်ချင်း ခုန်ချပြလေ။” ….. ဟူ၍ တစ်ဖုံ စသည်ဖြင့် နောက်ပြောင်သလိုလို၊ ရန်စ သလိုလို ရန်စကား ပြောဆိုလေ့ရှိပါသည်။ 

ဤသည်မှာ စစ်မှန်သော ကရာတေး၏ ability of karate and efficiency of karate အစွမ်းသတ္တိနှင့် ထိရောက်သောစစ်မှန်သော စွမ်းအား Powerful Karate and explosive power of Karate ကို တကယ်မသိ၍သာ ပြောဆိုခြင်း ဖြစ်သည်။ 
ဤကဲ့သို့ စော်ကားမော်ကား ပြောဆိုခြင်းမှာ လွန်စွာဝမ်းနည်းဖွယ်ရာ ကောင်းလှသည်။ ထိုသူတို့၏ အသိဉာဏ်နှင့် ပညာအဆင့်အတန်း နိမ့်ကျကြောင်းလည်း သတိပြုနိုင်သည်။

ရန်ဖြစ်ရုံသက်သက် ဆိုရင် ကရာတေး သင်စရာလည်း မလိုပါ၊ သိုင်းသင်စရာမလိုပါ၊ ကွန်ဖူး သင်စရာမလိုပါ၊ ကိုယ်ခံပညာများ တတ်စရာလည်း မလိုပါ။ 

မိမိ၏ အရှက်ကိုဖြစ်စေ၊ အသက်နှင့် စည်းစိမ်ဥစ္စာတို့ကို ဖြစ်စေ ထိခိုက်နစ်နာမှု ရှိသောအခါမှသာ၊ အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်သည့် အခါမှသာ ကရာတေးပညာကို အသုံးပြု ခွင့်ရှိသည်။ power control systems  ရှိသည်။ နေရာတကာတိုင်း ကရာတေးပညာကို 100% maximum power အသုံးပြု ခွင့်ရှိပါ

သာမန်အားဖြင့် မိမိအသက် ကို ထိခိုက်နစ်နာစေရန် သုံးကြိမ်သုံးခါ စော်ကားရန်ပြုသူကိုသာ တုံ့ပြန်ချေမှုန်းလေ့ရှိသည်။ မည်သူ့ကိုမဆို အတတ်နိုင်ဆုံး သည်းခံပါ၊ ပြဿ     နာကိုရှောင်ရှားပါ၊ ရန်ကို ရှောင်ရှားပါ စသည်ဖြင့် အဆုံးအမ လမ်းညွှန်မှုများသည် စစ်မှန်သော ကရာတေးပညာ တွင် ရှေးခေတ်မှသည် ယနေ့တိုင် အထင်အရှားရှိသည်။



၁၉၄၂ ခုနစ် နောက်ပိုင်းကာလတွင် ဂျပန်စစ်သားများ သယ်ဆောင် လာခဲ့သော ဂျူ ဒို၊ ဂျူ ဂျစ်ဆု၊ အိုက်ကီဒို၊ ကင်ဒို၊ ကရာတေး တို့သည် မြန်မာနိုင်ငံသို့

စတင်ပျံ့နှံ့ရောက်ရှိခဲ့ပါသည်။ ၁၉၄၂ ခုနစ်ကတည်းက တည်ရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။
 
ကရာတေးပညာ သာမက မြန်မာ့သိုင်း၊ ဂျူ ဒို၊ ဂျူ ဂျစ်ဆု၊ အိုက်ကီဒို၊ ကင်ဒို၊ ကွန်ဖူး၊ ရှောင်လင်၊ ဗန်တို၊ တိုက်ကွမ်ဒို၊ မြန်မာ့လက်ဝှေ့ စသော ကိုယ်ခံပညာ အားလုံး တို့သည်လည်း သူနည်းသူ့ဟန် နှင့် သူ  အသုံးဝင်လှသည်၊ တန်ဖိုးရှိလှသည်။  

ကရာတေး ပညာရပ်သည် ၁၉၆၅ ခုနစ် နောက်ပိုင်းကာလတွင် ပျံ့နှံ့ခဲ့ပါသည်။ 
တက္ကသိုလ် ကောလိပ်များ၊ အထက်တန်းကျောင်းများ၊ တပ်မတော် နှင့် ရဲတပ်ဖွဲ့တို့တွင် ကရာတေး သင်တန်းများ ပေါ်ထွန်းခဲ့သည်။

ဂျပန်ရိုးရာ ကိုယ်ခံပညာများကို အာရှလူငယ် အစည်းအရုံး ၊ တို့ဗမာအစည်းအရုံး ၊ ဗမာ့လွတ်လပ်‌ရေး တပ်မတော် (ဘီ၊ အိုင်၊ ‌အေ) ၊ ရဲဘော်သုံးကျိပ် တို့သည်လည်း ကိုယ်ခံပညာအဖြစ်လည်းကောင်း ၊ တိုက်ခိုက်ရေးအတွက်လည်းကောင်း ၊ အားကစားပညာအဖြစ်လည်းကောင်း လေ့ကျင့်သင်ကြားခဲ့ပါသည်။
 





အမျိုးသားခေါင်းဆောင်ကြီး
ဗိုလ်ချုပ် အောင်ဆန်း နှင့်
ဂျပန် ရိုးရာ ကင်ဒို ပညာ

















 

စစ်မှန်သောနည်းပညာ ကို နေ့စဉ် ကြိမ်ဖန်များစွာ လေ့ကျင့်ထားသော စစ်မှန်သော ကရာတေးပညာရှင်တစ်ဦး (ဝါ) ကိုယ်ခံပညာရှင်တစ်ဦးသည် မည်သည့် ရန်သူတစ်ဦး ကိုသာမက လက်နက်ကိုင်ဆောင်ထားသော ရန်သူ တစ်စု ကိုပင် အကျိုး-အကန်း- အသေ ဖြစ်အောင် တိုက်ခိုက်နိုင်စွမ်းရှိသည်။ သို့ရာတွင် လိုအပ်သလောက်သာ Limited power and control အတိုင်းအတစ်ခု အနေဖြင့် အသုံးပြုခွင့်ရှိသည်။ Victory depends on your daily training ဟူသော အဆိုအမိန့်ရှိသည်။

ကရာတေးတွင် မိမိကိုယ်မိမိယုံကြည်ခြင်း( self-confidence)+ မေတ္တာ-ဂရုဏာ (愛情のこもった優し Loving-kindness)+ သည်းခံခြင်း 忍耐 (我慢) patience + မိမိကိုယ်မိမိအားကိုးခြင်း(独立独歩 self reliance)+ အသိဉာဏ်(インテリジェン intelligence)+ လက်တွေ့ကျင့်စဉ်(実習 , 練習 practice) + နည်းစနစ်ကျခြင်း (体系的 空手,  システム ( 組織 ) + စနစ် (体系的な方 systematic methods) သည် အလွန်အရေးကြီးပေသည်။ 


ကရာတေးပညာ တွင်သာမက မြန်မာ့သိုင်း၊ ဂျူဒို၊ ဂျူဂျစ်ဆု၊ အိုက်ကီဒို၊ ကင်ဒို၊  မြန်မာ့လက်ဝှေ ကွန်ဖူး၊ ရှောင်လင်၊ ဗန်တို၊ တိုက်ကွမ်ဒို၊ စသော ကိုယ်ခံပညာ အားလုံး တို့သည်လည်း သူနည်းသူ့ဟန် နှင့်သူ  အသုံးဝင်လှသည်၊ တန်ဖိုးရှိလှသည်။

ကရာတေး (karate) တွင်ပါသော ခရ (kara) သည် လက်ထဲတွင် တစ်စုံတစ်ရာ မပါပဲ ဗလာ သက်သက်ဖြင့် ရန်သူကို ခုခံတိုက်ခိုက်ရသော ကိုယ်ခံပညာဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုသော်လည်း အမှန်စစ်စစ် (kara) မူလရည်ရွယ်ချက်သည် လူတို့တွင် ရှိကြသော လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ အမုန်းတရား စသော မကောင်းမှု မျိုးစုံများ မရှိအောင်၊ မဖြစ်အောင် မိမိစိတ်ကို ဗလာ (empty) ထားရမည်ဟုဆိုသည်။  

စိတ်ကို မကောင်းမှု မျိုးစုံ တို့ကို မတွေးအောင်-မရှိအောင်၊ တစ်နည်းအားဖြင့်ဆိုရင် ဗလာဖြစ်အောင် ထားပါ ဟူသော ရည်ရွယ်ချက်များ ပါရှိသည်။ ပြောဆိုလေ့ရှိပါသည်။

သို့ရာတွင် တစ်ချို့သော ကိုယ်ခံပညာ အနည်းငယ်တတ်သော ( - နှစ်) လောက် ကရာတေး နည်းနည်းပါးပါးသင်ပြီး လူတွင်ကျယ်၊ လူတတ်ကြီးများ လုပ်နေသော လူငယ် လူရှုပ် လူငယ် တစ်စုကြောင့်လည်း ကရာတေး အပါအဝင် ကိုယ်ခံပညာများ အလှောင်ပြောင်ခံ အထင်လွဲခံရသည့် ဖြစ်ရပ်တစ်ချို့ကိုလည်း ကြားသိဖူးပါသည်။ မတတ်တစ်ခေါက် မိုက်ရူးရဲ သူတို့တွေကြောင့် စစ်မှန်သော ကရာတေးပညာရှင်များ၊ ကိုယ်ခံပညာရှင်များ အနေရ အထိုင်ရ ခက်လှသည်။ စိတ်အနှောင့်အရှက် ဖြစ်ရသည်။ ထိုတတ်ရောင်ကား လူငယ်များသည် သူတစ်ပါးအပေါ် ရန်လိုခြင်း၊ ရန်ဖြစ်ခြင်းသာမက၊ မိမိအိမ်သား မောင်နှမများကိုသာမက၊ မိမိလူကြီး မိဘများကိုသည်ပင် မထေမဲ့မြင် ပြုတတ်လေ့ရှိသည်။

ဒဂုံ ကရာတေးအသင်း၊ အဆာဟိ ကရာတေးအသင်း၊ ဟိုက်ကာရီ ကရာတေးအသင်း၊ ဗထူးတပ်မတော် ကရာတေးအသင်း၊ ယူနိုက်တက် ကရာတေးအသင်း၊ အိုကီနာဝါ ကရာတေး အသင်း၊ တိုက်ဂါး ကရာတေးအသင်း၊ အိုယားမား ကရာတေးအသင်း၊ ဘားမား ကရာတေးအသင်း၊ ဂိုစိုးကု ကရာတေး အသင်း၊ ဂိုဂျူးကု ကရာတေးအသင်း၊ အက်ဆက် ကရာတေးအသင်း၊ တန်ဆိုင်း ကရာတေးအသင်း၊ ဖူနာကိုရှိ ဂီချင်း ကရာတေးအသင်း၊ ဆိုရှိကိ ကရာတေးအသင်း ....စသော ကရာတေး အသင်းအဖွဲ့များ ပေါ်ပေါက်ခဲ့သည်။

မြန်မာနိုင်ငံတွင် ရှိုတိုကန် ကရာတေး စတိုင်နှင့် ကျိုရှင်ကိုင်း ကရာတေး စတိုင် တို့ကို အဓိကထားပြီး ကစားကြသည်။ တက္ကသိုလ် ကောလိပ်များ၊ အထက်တန်းကျောင်းများ၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့တွင် ကရာတေး သင်တန်းများ ပေါ်ထွန်းခဲ့သည်။

ဆရာကြီး ဦးကျော်ညွန့်၊ ဆရာကြီး ဦးရစ်ချတ်၊ ဆရာကြီး ဦးစိုးတင့်၊ ဆရာကြီး ဦးသောင်းဒင်၊ ဗိုလ်ကြီးမိုးဟိန်း (ဗထူး)၊ ဆရာ ဦးမောင်မောင်သန်း၊ ဆရာ ဦးမြင့်ကြည်၊ ဆရာ ဦးစံနီ၊ ဆရာ ဦးဝင်းနိုင်၊ ဆရာ ဦးတင်ဝင်းအောင် (ခေါ်) ဆရာ ဦးဖိုးသာအောင်၊ ဆရာ ဦးစိုးဝင်း (မြန်မာနိုင်ငံ ကရာတေးဒို အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး)၊ ဆရာ ဦးအောင်တင်စိန်၊ ဆရာ ဦးဂေးလ်မို စိုးမင်း၊ ဆရာ ဦးမောင်မောင်ဦး၊ ဆရာ ဦးမောင်မောင် မြင့် ဆရာ ဦးနေဝင်း၊ ဆရာ ဦးမင်းလွင်၊ ဆရာ ဦးမြင့်အောင်၊ ဆရာ ဦးစိုးဝင်း (ဟိုက်ကာရီ)…..စသော ကရာတေး ဆရာ များသည် ထင်ရှားခဲ့သည်။



ထိုကြောင့် မြန်မာနိုင်ငံ ကရာတေးဒို အဖွဲချုပ် အောင်မြင်စွာ မဖွဲ့ စည်းမှီ ၁၉၈၁ခုနှစ် ကာလကတည်းကပင် မြန်မာနိုင်ငံ ကရာတေးဒို အဖွဲချုပ် ဖွဲ့စည်းနိုင်ရေးအတွက် လည်းကောင်း၊ ကရာတေး ပညာရပ်နှင့် လေ့ကျင့်သူ လူငယ်များ၊ စစ်မှန်သော ကရာတေးပညာကို စနစ်တကျ သင်ကြားနိုင်ရေးအတွက် လည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနသို့ စာဖြင့် လည်းကောင်း၊ ..၁၉၈၁ ကြေးမုံသတင်းစာ မှ တစ်ဆင့် ပြည်သူလူထုတစ်ရပ်လုံးသို့ လည်းကောင်း၊  ကျွန်တော်က ဓာတ်ပုံနှင့် တကွ ရေးသားတင်ပြအကြံပြုခဲ့ပါသည်။ 

  
ကျွန်တော်၏ သတင်းစာပါ ဤကရာတေး ဆောင်းပါး သည် မြန်မာ့ကရာတေးလောက အတွက် Myanmar Karatedo Federation အတွက် သမိုင်းဝင်ကရာတေး ဆောင်းပါး Document တစ်ပုဒ်ဖြစ်ခဲ့သည်။

၁၉-၁၉၈၁ ခုနှစ်တွင် ကျွန်တော်ရေးသားပြုစုခဲ့သော ကရာတေး Thesis: Kihon (基本 ), Kata ( or ), Kumite (組手) " The 3 Ks process of Karate" အား ၁၉၈၁ ခုနစ်တွင် ဂျပန် ကရာတေး အသင်း (J.K.A) ၏ နည်းပြချုပ် ဆရာကြီး မာဆာတိုရှိ နာကာရားမား က အသိမှတ်ပြု လက်ခံခဲ့သည်။ ကျိုရှင်ကိုင်း (Kyokushin) စတိုင်(Style) သည် ရှိုတိုကန် စတိုင်(Style) ပြီးလျှင် ဒုတိယမြောက် အထင်ရှားဆုံးသော ကရာတေး စတိုင်(Style) ဖြစ်သည်။

မည်သည့် နည်းစနစ် ကို မည်သို့သုံးခြင်းက အထိရောက်ဆုံးဖြစ်မည်နည်း.....! လက်တွေ့ကျင့်စဉ်၊ အမှန်တရား(real truth) အသိပညာ ၊ မေတ္တာ ၊ သည်းခံခြင်း များ develop ဖြစ်စေရန် ရရှိစေရန် မည်သို့သင်ကြားပေးသင့်သနည်း !
Ethics of Karate + အသိပညာ + ကိုယ်ကျင့်တရား + လက်တွေ့ကျင့်စဉ်ကို မည်သို့ အမှန်ဆုံး ဆက်လက်ထိန်းသိမ်းထား အောင် သင်ကြားလေ့ကျင့်ပေးမည်နည်း....!
Real ကရာတေးပညာကို မည်သို့ အကောင်းဆုံး ဆက်လက်ထိန်းသိမ်း
ထားအောင်ကြံဆောင် မည်နည်း….! မျိုးဆက်သစ် ကရာတေး လူငယ်များကို စစ်မှန်သော ကရာတေး နည်းစနစ်များနှင့် ethics of Karate တို့ကို မည်သို့ လက်ဆင့်ကမ်း Handover, the process of transferring လုပ်ဆောင်ပေးမည်နည်း....! စသည့် အချက်များသည် ယနေ့ခေတ် ကျွန်တော်တို့ ကရာတေးဆရာများ အလေးထား စဉ်းစားလုပ်ဆောင်ရမည့်အချက်များဖြစ်သည်။  ကရာတေးပညာရေး နှင့်ပတ်သက်၍ အလေး ထားစဉ်းစား ရမည့် အချက်များ ဖြစ်သည်။

၁၉ ခုနှစ် ကာလကတည်းကပင် ကျွန်တော်သည် ဆိုရှိကိ ကရာတေး အသင်းများ၊ I.O.K (Institute of Karate), Soshiki Karate Academy ကျောင်းများ တည်ထောင် ဖွင့်လှစ်ပို့ချခဲ့သည်။ 

စမ်းချောင်း မြို့ နယ် တွင်လည်းကောင်း၊ အထက(၂) ဒဂုံ မြို့ မကျောင်းတွင် လည်းကောင်း၊ ခြံအမှတ်-၇၄ စီ အင်လျားလမ်း၊ ကမာရွတ် မြို့ နယ် တွင်လည်းကောင်း၊ နိုင်ငံခြားဘာသာတက္ကသိုလ် University of Foreign Languages, Yangon ၏ နောက်ဘက်ရှိ ဦးဘဘကြီး အင်းလျားလမ်း ခြံတွင်လည်းကောင်း၊ ရန်ကုန်ဆေးတက္ကသိုလ် (၁) University of Medicine 1, Yangon လိပ်ခုံးခန်းမ တွင်လည်းကောင်း၊ ခြံအမှတ်-၃၀ F အင်းယားလမ်း ကမာရွတ် မြို့ နယ် တွင်လည်းကောင်း ကျောင်းသားကျောင်းသူများ၊ လူငယ်များအား ဖွင့်လှစ်ပို့ချခဲ့သည်။

ငွေကြေးချို့တဲ့သူများဆိုရင် Free of charge အခမဲ့ ကရာတေးသင်ပေးခဲ့သည်။ ကရာတေး သာမက ဗုဒ္ဓဘာသာ ယဉ်ကျေးမှု၊ စာရိတ္တကျင့်ဝတ်၊ ယဉ်ကျေးမှု၊ ကိုယ်ကျင့်တရား၊ လူမှုဆက်ဆံရေး၊ စသည်တို့ကိုလည်း စာတွေ့လက်တွေ့ပူးတွဲပို့ချပေးခဲ့သည်။

အထူးသဖြင့် မြန်မာ့သိုင်းနှင့် ကရာတေးပညာရပ်တို့တွင် သမထ ထိုင်ခြင်း (meditation) စိတ်ကို ထိန်းချုပ်ခြင်း (mind control) စိတ်ကို စုစည်းခြင်း (mind concentration) စိတ်ကို ပြုစုပျိုးထောင်ခြင်း (mind cultivation) မှန်သော သတိရှိခြင်း (right mindfulness) စသော ဗုဒ္ဓဘာသာ၏ ကျင့်စဉ်တစ်ချို့ကို မဖြစ်မနေ လေ့ကျင့်ရသော နည်းလမ်းများ ပါဝင်သည်။

စစ်မှန်သောကရာတေးပညာ၏ မူလ ရည်ရွယ်ချက် သည် အားကစားနှင့် ကိုယ်ခံပညာကို စနစ်တကျ ကျင့်ကြံရန် ဖြစ်သည့်အပြင် စိတ်ပိုင်းဆိုင်ရာ၊ ကာယပိုင်းဆိုင်ရာ နည်းစနစ်များ၊ ကျင့်စဉ်များ၊ ရိုးသားခြင်း၊ ယဉ်ကျေးခြင်း၊ ခွင့်လွှတ်ခြင်း နှင့် သည်းခံခြင်း ခံယူချက် သဘောတရားများ ပါဝင်သည်။

ကရာတေးပညာတွင် မည်သူ့ကိုမဆို ဘယ်သောအခါမှ မိမိက စတင်ပြီး မတိုက်ခိုက်ရ၊ အမြဲယဉ်ကျေးရမည်၊ ကြင်နာတတ်ရမည်၊ ရိုးသားရမည်၊ စွမ်းရည်ရှိရမည် ဟူသော စည်းကမ်းချက်များရှိသည်။

In Karate, there is no first attack!
Karate: begins and ends with courtesy!
Karate: begins and ends with mercy!
Karate: begins and ends with honesty!
Karate: begins and ends with ability!
ဟူသော အခြေခံ စည်းကမ်းချက်များလည်း ရှိသည်။

တိုက်ပွဲ ၁၀၀ ကို အောင်နိုင်ခြင်းသည် အကျွမ်းကျင်ဆုံးမဟုတ်ပါ။
ရန်သူကို မတိုက်ခိုက်ပဲနှင့် (မေတ္တာတရား၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းဖြင့်) အောင်နိုင်ခြင်းသည်သာ အကျွမ်းကျင်ဆုံးဖြစ်သည်။

For to win one hundred victories in one hundred battles is not the acme of skill. To subdue the enemy without fighting is the acme of skill.