Pages

ဂျူဒို-ကရာတေး သိုင်းပညာရှင်များ humble & meek ဖြစ်ဖို့လိုပါတယ်။ မြို့မ မြင့်ကြွယ်

ဂျူ ဒို-ကရာတေး-သိုင်း- သင်ဖို့၊ တတ်ဖို့ လိုပါတယ်
ဒါပေမယ့် Humble and Meek ဖြစ် ဖို့လည်း လိုပါတယ်

 
 Researched by- Myoma Myint Kywe
ဆိုရှိကိ ကရာတေးအသင်း နည်းပြချုပ် 
ဦးမြင့်ကြွယ် ( မြို့ မ မြင့်ကြွယ် )
システム 組織 空手ヘッドマスタ
松濤館 、システム (組織) 空手 主任教師
                                      作家、歴史家,ビルマ(ミャンマー)

အမျိုးသားခေါင်းဆောင်ကြီး
ဗိုလ်ချုပ် အောင်ဆန်း နှင့် 
ဂျပန် ရိုးရာ ကင်ဒို ပညာ  


Shihan Masatoshi Nakayama
Chief Instructor of JKA
Master Hideo Ochi (right) deflects Master Yukichi Tabata's kick and delivers a right punch to the mid-section in the finals of the 1966 All-Japan Karate Championship Tournament at the Budokan.  
The Nippon Budokan (日本武道館), often shortened to simply Budokan, is an indoor arena in central Tokyo, Japan. Ochi won by decision. Great Master Masatoshi Nakayama, chief instructor of the Japan Karate Association served as Chief Referee in the Tournament.
Two competitors were Tabata Sensei and H.Ochi Sensei. H.Ochi responded and counterattacked by Sukui Uke and Tetsui Uchi method. This is one example of real Karate and advanced Bunkai techniques.



Professor Myint Kywe 先生(Myoma Myint Kywe) 
Founder, Principal and Chief Instructor of SOSHIKI Karate 
since 1978
ဆိုရှိကိ 組織 ကရာတေးအသင်း 
နည်းပြချုပ် ဦးမြင့်ကြွယ် ( မြို့ မ မြင့်ကြွယ်)


ယနေ့ကမ္ဘာပေါ်တွင်ရှိသော ကိုယ်ခံပညာရပ်များအနက် ကရာတေးပညာသည် လွန်စွာထင်ရှားလှသည်။ အိုကီနာဝါကျွန်းနှင့် ဂျပန်ပြည်မှ အခြေခံပေါ်ထွန်းလာခဲ့သော ကိုယ်ခံပညာရပ်ဖြစ်ပြီး လူကြီးလူငယ်မရွေး၊ ယောင်္ကျားမိန်းမမရွေး လေ့ကျင့်သင်ယူနိုင်သော အားကစား (sport) နှင့် တိုက်ပွဲဝင်စစ်ပညာ (combat martial arts) ပေါင်းစပ်ထားသော လက်နက်မဲ့ကိုယ်ခံပညာတစ်ရပ်လည်းဖြစ်သည်။ သို့ရာတွင် ဝမ်းနည်းစရာကောင်းသည်မှာ ဂျပန်တို့၏ ကရာတေးပညာရပ်သည် ဂျပန်ပြည်သည်ပင် ယနေ့အခါ လွန်စွာခေတ်မစားတော့ချေ။ 

How to save Karate from darkness in Japan!
Who will save our Karate!
ကျွန်တော်သည်၁၉၇၈ ခုနှစ်မှစတင်ပြီး ဆိုရှိကိ ကရာတေးအသင်း
組織空 ၏ တည်ထောင်သူ နှင့် နည်းပြချုပ်  (founder and chief instructor Soshiki Karate Club) အဖြစ် ဆောင်ရွက်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။
 http://my.wikipedia.org/wiki/File:Soshiki_Karate_Academy.png
သင်ကြားပေးသော နည်းစနစ်မှာ ရှိုတိုကန် ကရာတေး စတိုင် (Shotokan Style) ဖြစ်သည်။ ၁၉၈၀-၁၉၈၁ ခုနစ်တွင် ကျွန်တော် ရေးသားပြုစုခဲ့သော ကရာတေး Thesis: Kihon (基本), Kata ( or ), Kumite (組手) " The 3 Ks process of Karate" အား ဂျပန်ကရာတေးအသင်း (J.K.A) ၏ နည်းပြချုပ် ဆရာကြီး မာဆာတိုရှိ နာကာရားမား (JKA 首席師範 Masatoshi Nakayama) က အသိမှတ်ပြု လက်ခံခဲ့သည်။ ဂျပန် ကရာတေး အသင်း Japan Karate Association (日本 空手 協会; Nihon Karate Kyokai ) မှ senior ကရာတေး နည်းပြဆရာအဖြစ် approved and recognised အသိမှတ်ပြုခဲ့သည်။


ကျွန်တော်သည် ၁၉၈၇ မှ ၂၀၁၅ ခုနှစ်အတွင်း စင်ကာပူ၊ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ အမေရိကန်၊ အင်္ဂလန်၊ ဂျာမနီ၊ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ နယ်သာလန် စသော နိုင်ငံများသို့သွားရောက် ခဲ့သည်။ သင်တန်းများ တက်ရောက်ခဲ့သည်။ သင်တန်းများလည်း ပို့ချခဲ့သည်။

 

Senior Instructor Dave (USA), Instructor Erik (UK) စသော နိုင်ငံတကာ ကရာတေးပညာရှင်များ (International karate instructors) နှင့် စာတွေ့+လက်တွေ့ အပြန်အလှန်ဆွေးနွေးခြင်း၊ အမြင်ခြင်းဖလှယ်ခြင်း၊ အားသာချက် အားနည်းချက် ချိန်ညှိခြင်း၊ လွတ်လပ်စွာ ဝေဖန်သုံးသပ်ခြင်း (Mutual sharing and discussion based on optimism, based on TRUE view to systematic approach to applied real karate) များပြုလုပ်ခဲ့သည်။ (Increased SUCCESS is one of the immediate positive effects of a more optimistic attitude. ) ကျောင်းသားကျောင်းသူများ၊ လူငယ်များအား ကရာတေးပညာ သာမက ဗုဒ္ဓဘာသာ ၊ယဉ်ကျေးမှု၊ ကိုယ်ကျင့်တရား၊ ကရာတေးအက်သစ် (Ethics of Karate) စသည် တို့ကိုလည်း စာတွေ့လက်တွေ့ ပူးတွဲပို့ချပေးခဲ့သည်။

ထိုကာလဝန်းကျင်က ကျွန်တော်ကိုယ်တိုင် ဂျပန်နိုင်ငံ တိုကျိုမြို့၊ အိုဆာကာမြို့၊ အီမာဘာရီမြို့စသော နေရာအနှံ့သို့ အကြိမ်ကြိမ်ရောက်ရှိစဉ် ဂျပန်လူမျိုးအယောက် ၂၀ ကို “Do you know Karate? Do you study karate? Have you ever learned Karate?”
ဟု တွေ့ဆုံမေးမြန်းကြည့်သောအခါတွင် ဂျပန်လူမျိုး (၂၀) ယောက်
စလုံးက “I know Karate but I’ve never learned Karate. But at my school, I’ve learned Judo for few months.” ဟူ၍ ဖြေဆိုခဲ့ကြပါသည်။ လူ (၁) ယောက်သာလျှင် “Yes, I’ve learned Karate for six months.” ဟုဖြေဆိုခဲ့သည်။

ဆိုလိုသည်မှာ ဂျပန်ပြည်၌ပင် ကရာတေးကို လူ (၂၀) တွင် (၁) ယောက်သာလျှင် သင်ကြားခဲ့ဖူးကြောင်းသိရှိရပါသောကြောင့် ကရာတေးကိုသင်ယူလေ့ကျင့်သောရာခိုင်နှုန်းမှာ (၅) ရာခိုင်နှုန်းသာလျှင် ရှိကြောင်း နားလည်မိပါသည်။ ကရာတေးသည်သာမက ဂျပန်တို့၏ ရိုးရာကီမိုနို Kimono (Japanese traditional garment) ဝတ်စုံသည်လည်းကောင်း၊ ရိုးရာ Kabuki (Japanese dance-drama) သည်လည်းကောင်း ရိုးရာအခမ်းအနားပွဲတော်အချို့မှအပ နေရာတိုင်းလိုလို
 ပျောက်ကွယ်လုနီးပါးရှိနေသည်ကိုလည်း သတိပြုမိခဲ့သည်။ စီးပွားရေးတိုးတက်ကြီးမားလာသည့်အမျှ စီးပွားရေးကိုသာ ပိုမိုအာရုံစိုက်လာသောကြောင့်လားမသိ။ ရိုးရာအားကစားနှင့်ယဉ်ကျေးမှု ဓလေ့ထုံးစံများ မှေးမှိန် (fading) ပျောက်ကွယ်လုနီးပါးရှိနေသည်မှာ အမှန်တကယ်ဖြစ်သည်။

သို့ရာတွင်ဂျပန်နိုင်ငံ၏ ပြင်ပနိုင်ငံတော်တော်များများ ကမ္ဘာ့နိုင်ငံအသီးသီးကို ကျွန်တော်ရောက်ရှိစဉ် အဆိုပါနိုင်ငံများ၌ ကရာတေးသင်တန်းများ၊ ကရာတေးလေ့ကျင့်သူများ (Practitioners) များပြားစွာ တွေ့ရှိခဲ့ရပါသည်။ ဂျပန်နိုင်ငံတွင် တွင်တွင်ကျယ်ကျယ်မပြန့်ပွားသော်လည်း ဂျပန်နိုင်ငံ၏ ပြင်ပကမ္ဘာ့နိုင်ငံတော်တော်
များများတွင်မူ တိုးတက်ပြန့်ပွားလျက်ရှိကြောင်း တွေ့ရှိခဲ့ရပါသဖြင့် အံ့အားသင့်ဝမ်းသာခဲ့ရပါသည်။
ကမ္ဘာ့နိုင်ငံ (၁၉၀) ကျော်တွင်၊ လူဦးရေ ( သန်း ၅ ၀ ကျော် )သည်လက်နက်မဲ့ကရာတေးကိုယ်ခံပညာရပ်ကိုလေ့ကျင့်နေကြပါသည်။ 

(Web Japan (sponsored by the Japanese Ministry of Foreign Affairs) claims there are 50 million karate practitioners worldwide, while the World Karate Federation claims there are 100 million practitioners around the world). 
 


ဥရောပနိုင်ငံများ၊ အမေရိကန်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများသို့ ကျွန်တော်ရောက်ရှိစဉ် Army combative training တပ်မတော် တိုက်ခိုက်ရေး သင်တန်းများ၊ Close Quarter Combat (CQC) Training and Army commando training သင်တန်းများ၊ Police combative training and Police commando training ရဲတပ်ဖွဲ့တိုက်ခိုက်ရေး သင်တန်းများ၊ REAL karate ကရာတေးသင်တန်းများ၊ Combat karate ကရာတေးသင်တန်းများနှင့် စိတ်ပါဝင်စားစွာဖြင့် hand-to-hand Combat training တိုက်ခိုက်ရေးကိုယ်ခံပညာ (Combative training and powerful Combat karate အဖြစ်ကရာတေးလေ့ကျင့်သင်ယူနေကြသည်ကို နေရာအနှံ့
အပြားတွင်တွေ့ရှိခဲ့ရပါသည်။ Sport Karate သည် ကောင်းမွန်သောနည်းစနစ်လေ့ကျင့်ခန်းများ ပါဝင်သော်လည်း တပ်မတော်နှင့်ရဲတပ်ဖွဲ့များတွင် သင်ယူလေ့ကျင့်နေသူများ အနည်းငယ်သာ တွေ့ရှိခဲ့ရပါသည်။  
Sport Karate သည် ကမ္ဘာ့နိုင်ငံများရှိ တပ်မတော်တိုက်ခိုက်ရေးသင်တန်းများ၊ ရဲတပ်ဖွဲ့တိုက်ခိုက်ရေး သင်တန်းများ၊ special ကွန်မန်ဒို သင်တန်းများ၌် Combative Karate (Combat Karate) လောက် popular မဖြစ်ရခြင်းမှာ ယနေ့ sport karate အများစုသည် dancing & bouncing သဘောမျိုး၊ အလှသဘောမျိုးသာဖြစ်နေကြောင်း၊ street fight နှင့် ground fight များတွင် လက်တွေ့အသုံးမဝင်ကြောင်း၊ စွမ်းအားထက်မြက်သော ကရာတေးနည်းစနစ်များ (Powerful techniques) နှင့် ထိရောက်သော တိုက်ခိုက်ရေးနည်းစနစ်များ (effective combat trainings) ကို လစ်လျူရှုနေကြောင်း၊ ထို့ကြောင့် အနောက်နိုင်ငံများတွင် sport karate ကို သင်ယူလေ့ကျင့်သူနည်းပါးရခြင်းဖြစ်သည်ဟု ဆိုသည်။


Combat Karate (real powerful karate) သည် kihon, kata, kumite နည်းစနစ်များကို စနစ်တကျ လေ့ကျင့်ရုံသာမက street fight နှင့် ground fight များတွင် ထိရောက်စွာ အသုံးဝင်လှကြောင်း၊ စွမ်းအားထက်မြက်သော ကရာတေးနည်းစနစ်များ (Powerful techniques) နှင့် ထိရောက်သော တိုက်ခိုက်ရေးနည်းစနစ်များ (effective combat trainings) ပါဝင်ပြီး အစွမ်းရှိလှကြောင်း၊ အထူးသဖြင့် အနီးကပ်တိုက်ပွဲများ (Close Quarter Combat (CQC))၊ တပ်မတော် ကွန်မန်ဒိုများ (army commando) နှင့် ရဲကွန်မန်ဒိုများ (police commando) အတွက် အထူးအသုံးဝင်လှကြောင်း၊ ထို့ကြောင့် အနောက်နိုင်ငံများတွင် combat karate (real powerful karate) ကို သင်ယူလေ့ကျင့်သူ အထူးများပြားရခြင်းဖြစ်သည်ဟု ဆိုသည်။
ကရာတေး 空手 ("empty hand") လက်နက်မဲ့ ခုခံကာကွယ်ခြင်းမှာ မိမိအနေဖြင့် တိုက်ခိုက်သူ၏ မမျှော်လင့်နိုင်သော တိုက်ခိုက်မှုကို ရုတ်တရက် လျင်မြန်စွာ ရှောင်တိမ်းကာ ၄င်းတိုက်ခိုက်သူအား မိမိကို ဆက်လက်မတိုက်ခိုက်နိုင်စေရန် ချက်ချင်း ပြန်လည် ခုခံထိန်းချုပ် ကာကွယ်ခြင်းပင်ဖြစ်သည်။ 



ကရာတေး (karate 空手) နှင့် ကရာတေးဒို (karate-do 空手道) အတူတူပဲလားဟူ၍ နိုင်ငံခြားသားတစ်ချို့က မေးမြန်းခဲ့ဖူးပါသည်။ ကရာတေး (karate 空手) နှင့် ကရာတေးဒို (karate-do 空手道) နှစ်မျိုးစလုံးသည် သူ့နည်းသူ့ဟန်နဲ့သူ ကောင်းမွန်ကြပါသည်။ "Sport karate" ပဲဖြစ်ဖြစ်၊ "Karate-do" ပဲဖြစ်ဖြစ် စစ်မှန်သော နည်းစနစ်များ၊ အခြေခံယဉ်ကျေးမှု လူ့တန်ဖိုးများ ပါဝင်ဖို့တော့လိုသည်။ ထိုနည်းတူ "Combative karate" လို့ပဲပြောပြော၊ "Real karate" လို့ပဲပြောပြော၊ Originated karate လို့ပဲပြောပြော စစ်မှန်သောနည်းစနစ်များ၊ အစွမ်းထက်သောပညာများ၊ အခြေခံယဉ်ကျေးမှု လူ့တန်ဖိုးများ ပါဝင်ဖို့လိုသည်။

အကယ်၍ စစ်မှန်သောနည်းစနစ်များ၊ အစွမ်းထက်သော ပညာရပ်၊ ယဉ်ကျေးမှုလူ့တန်ဖိုးများ မပါဝင်သော မည်သည့် karate (ကရာတေး) ဖြစ်စေ၊ မည်သည့် karate-do (ကရာတေးဒို) ဖြစ်စေ တင့်တယ်ကောင်းမွန်မည် မဟုတ်ချေ။ ကရာတေးပညာ၏ မူလဝေါဟာရ kara ဆိုသောစကားရပ်သည် ဗလာ (emptiness) လက်နက်မဲ့ဟူသော အဓိပ္ပာယ်ရပါသည်။ ထို့အပြင် လေ့ကျင့်သူကရာတေးသမား၏ တွေးခေါ်မျှော်မြင်ချက် စိတ်ဓာတ်တွင် လောဘ၊ ဒေါသ၊ မာန၊ အဃာတ စသော မကောင်းမှုများ မပါဝင်ခြင်း၊ (မရှိခြင်း မရှိအောင်လုပ်ခြင်း) ဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ရည်ရွယ်ချက် သဘောထားများပါ ပါဝင်သည်။

အမှန်စင်စစ် ကရာတေးသည် မူလအစတွင် ကရာတေး (karate) ဟူ၍လည်းကောင်း၊ ကရာတေးဂျစ်ဆု (Karate Jitsu) ဟူ၍လည်းကောင်း ခေါ်ဝေါ်သုံးစွဲခြင်းသည် မူလအမှန်ဆုံးဝေါ်ဟာရဖြစ်သည်။ 

ကရာတေးဒို ဆိုသည်မှာ နောက်ပိုင်းကာလမှ ဖြည့်စွက်ခေါ်ဝေါ်သော အမည်နာမတစ်ခုသာ ဖြစ်သည်။ ကမ္ဘာ့ကရာတေးအဖွဲ့ချုပ် (World Karate Federation) ဟူ၍သာရှိပါသည်။ World Karate-do Federation ဟူ၍ ဘယ်သောအခါမှ မရှိခဲ့ချေ။

ထိုနည်းတူ modern karate ၏ ဖခင်ကြီးဟူ၍ ခေါ်တွင်ခြင်းခံသော ဆရာကြီး Funakoshi Gichin ကိုယ်တိုင် နှင့် သူ၏တပည့်ဖြစ်သူ နာမည်ကျော်ကရာတေးဆရာကြီး Masatoshi Nakayama တို့ကိုယ်တိုင် စတင်တည်ထောင်ခဲ့သော ဂျပန်ကရာတေးအဖွဲ့ချုပ် (Japan Karate Association) ဟူသော အမည်ကို သာဓကထား၍ လေ့လာကြည့်ပါက "do" ဟူသော ဝေါဟာရကို မူလနှစ်ပေါင်းများစွာမှပင် ယနေ့တိုင် သုံးစွဲခြင်းမရှိ၊ ပါဝင်ခြင်းမရှိသည်ကို သိရှိနိုင်ပါသည်။ ဂျပန်ကရာတေးအဖွဲ့ချုပ် (Japan Karate Federation) ဟူ၍သာရှိပါသည်။ Japan Karate-do Federation ဟူ၍ ဘယ်သောအခါမှ မရှိခဲ့ချေ။ 

သို့ရာတွင် အချို့သော ကရာတေးအသင်းများက ကရာတေးဒို ဟူ၍ နောက်ပိုင်းကာလတွင် သုံးစွဲလာကြသည်ကို သတိပြုမိပါသည်။ "ဒို (do)" ဟူသည့်အဓိပ္ပာယ်မှာ ဂျပန်ဘာသာဖြင့် လမ်း /လမ်းကြောင်း (road/way) ဟူ၍ အဓိပ္ပာယ်ရပါသည်။ ကရာတေးတွင် "ဒို" ဟူသော ဝေါဟာရ ဖြည့်စွက်ကာ ကရာတေးဒို ဟူ၍ သုံးစွဲသူများကိုလည်း မှားယွင်းသည်ဟု ပြောဆို၍ မရသော်လည်းမူလတည်ထောင်သူဆရာကြီးတို့၏စကားရပ်နှင့်မူ
လွဲချော်နေကြောင်းသတိပြုမိသည်။

Sport karate (Karate-do) ဖြစ်စေ၊ Real Combative Karate ဖြစ်စေ၊ Traditional karate ဖြစ်စေ အခြေခံ basic (kihon)၊ နည်းစနစ်များဖြင့် ဖွဲ့စည်းထားသောပုံစံ pattern or form (kata)၊ တိုက်ခိုက်ခြင်း (သို့) တန်ပြန်တိုက်ခိုက်ခြင်း sparring or free fighting (kumite) များကို စနစ်တကျ မှန်မှန်ကန်ကန် ထိထိရောက်ရောက် သင်ယူလေ့ကျင့်မှု မပါဝင်လျှင် (မရှိလျှင်) ရန်လိုခြင်း၊ မာနကြီးခြင်း၊ နှိမ့်ချမှုမရှိပဲမောက်မာလွန်းခြင်း၊ ရိုင်းစိုင်းခြင်း စသော လုပ်ရပ်များရှိလျှင်(လုပ်နေလျှင်)ကရာတေးပညာရပ်အတွက်တန်ဖိုးမရှိသည့်အပြင် ပတ်ဝန်းကျင်လူအများ၏ အထင်သေး အမြင်သေး ခံရနိုင်ဖွယ်ရှိသည်။


မူလ ကရာတေးကို ကရာတေး အမာ” hard skills ဟူ၍လည်းကောင်း၊ အချကရာတေးဟူ၍လည်းကောင်းအလွယ်ပြောဆိုလေ့ရှိကြောင်း သိရသည်။ ကရာတေးဒို ကို ကရာတေး အပျော့” soft skills ဟူ၍လည်းကောင်း၊ အကကရာတေးဟူ၍လည်းကောင်း "အလှ" ကရာတေးဟူ၍လည်းကောင်း အလွယ်ပြောဆိုလေ့ရှိကြောင်း သိရသည်။ သို့ရာတွင် အစွမ်းထက်ခြင်း၊ အစွမ်းမထက်ခြင်း၊ လက်တွေ့ဘဝတွင် အသုံးကျခြင်း၊ အသုံးမကျခြင်းတို့သည် လေ့ကျင့်သောကရာတေးပညာရှင်၏ အပေါ်တွင်မူတည်ကြောင်း နားလည်ရပါမည်။

နည်းစနစ်များဖြင့် ဖွဲ့စည်းထားသောပုံစံ KATA တွင်လေ့ကျင့်ခြင်း၌ ကိုယ်အင်္ဂါအစိတ်အပိုင်းတို့၏ လှုပ်ရှားခြင်းသည် ညီညွတ်စေရန် အရေးကြီးသည်။ ယင်းညီညွတ်မှုကို ရရှိနိုင်ရန် စည်းချက် ဝါးချက်ရှိဖို့ rhythm, timing, speed, power, balance and sequence ညီညွတ်ရန်လိုလေသည်။ စည်းချက်ဝါးချက်ဖြင့် ကိုယ်လက် လှုပ်ရှား ကစားခြင်းကို စည်းဝါးကိုက် kata လေ့ကျင့်ခြင်း ဟု ခေါ်သည်။ စည်းချက်ကျအောင် လှုပ်ရှားတတ်ရသည်။ ယိမ်းကရာ၌ကဲ့သို့ စနစ်တကျညီညာစွာလှုပ်ရှားတတ်ဖို့လည်းလိုပေသည်။ မြန်
လျှင် မြန်သကဲ့သို့၊ နှေးလျှင်နှေးသကဲ့သို့ စိတ်ရော ကိုယ်ပါလိုက်၍ လှုပ်ရှားလေ့ကျင့်ရသည်။ Kata များကို စနစ်တကျ မှန်မှန်ကန်ကန် ထိထိရောက်ရောက် သင်ယူလေ့ကျင့်မှု မပါဝင်လျှင် (မရှိလျှင်) ထို ကရာတေး ဖြစ်စေ  ကရာတေးဒို ဖြစ်စေ   တန်ဖိုးရှိသင့်သလောက်ရှိမည်မဟုတ်ချေ။
Kumite များ Powerful combative techniques and BUNKAI များကို စနစ်တကျ မှန်မှန်ကန်ကန် ထိထိရောက်ရောက် သင်ယူလေ့ကျင့်မှု
မပါဝင်လျှင် (မရှိလျှင်) ထို ကရာတေး ဖြစ်စေ ကရာတေးဒို ဖြစ်စေ  တန်ဖိုးရှိသင့်သလောက်ရှိမည်မဟုတ်ချေ။

ကရာတေး တွင် အများအားဖြင့်-
(၁) Full Contact Sport Karate (physical impact force)

(၂) Non Contact Sport Karate

(၃) COMBAT- Martial arts Karate နှင့်

(၄)Techniques of Knockdown Karate (most powerful Karate)  

ကရာတေးကျင့်စဉ် ကစားနည်းစနစ်(၄) မျိုး သတ်မှတ်လေ့ ရှိသည်။

မြန်မာနိုင်ငံ ရှိ ကရာတေး ကလပ်များတွင် အများအားဖြင့် အဖြူ ၊ အဝါ၊ အစိမ်း၊ အညို ၊ အနက် ဟု ခါးပတ် Level အရောင်ကို အနိမ့်မှ အမြင့်သို့ (၅) ဆင့် သတ်မှတ်လေ့ ရှိကြသည်။ သို့သော်လည်း အချို့သော ကရာတေး ကလပ်များတွင် အဖြူ ၊ အဝါ၊ လိမ္မော်၊ အစိမ်း၊ အပြာ၊ အညို ၊ အနက် ဟူ၍ ခုနှစ်ဆင့် သတ်မှတ်လေ့ ရှိကြသည်။

ကရာတေးပညာ သာမက မြန်မာ့သိုင်း၊ ဂျူ ဒို၊ ဂျူ ဂျစ်ဆု၊ အိုက်ကီဒို၊ ကင်ဒို၊ ကွန်ဖူး၊ ရှောင်လင်၊ ဗန်တို၊ တိုက်ကွမ်ဒို၊ မြန်မာ့လက်ဝှေ့ စသော ကိုယ်ခံပညာ အားလုံး တို့သည်လည်း သူနည်းသူ့ဟန် နှင့် သူ  အသုံးဝင်လှသည်၊ တန်ဖိုးရှိလှသည်။ သင်ဖို့တတ်ဖို့လည်း လိုအပ်လှပေသည်။ အသုံးချသူကိုယ်ခံပညာရှင်၏ စိတ်ဓာတ်၊ အကျင့်စာရိတ္တ၊ ကိုယ်ကျင့်တရားနှင့် ရည်ရွယ်ချက် ကောင်းမွန်ဖို့သာ လိုအပ်သည်။ စိတ်ဓာတ်၊ အကျင့်စာရိတ္တ၊ ကိုယ်ကျင့်တရားနှင့် ရည်ရွယ်ချက်များ ကောင်းမွန်ပါက အကျိုးရလာဒ်များ ကောင်းမွန်ပေလိမ့်မည်။ သို့ရာတွင် စိတ်ဓာတ်၊ အကျင့်စာရိတ္တ၊ ကိုယ်ကျင့်တရားနှင့် ရည်ရွယ်ချက်များ မကောင်းပါက အကျိုးရလာဒ်သည်လည်း ကောင်းမွန်မည်မဟုတ်ပါ။ ဆိုးကျိုးများနှင့် ကျဆုံးမှုများသာ ကြုံတွေ့ရပေလိမ့်မည်။ 


Doing bad things, easy to anger, malice, hatred,
belligerence, boastfulness နှင့် arrogance စသော မကောင်းမှုများကို
သာ ပြုမူနေပါက ထိုသူများသည် ကရာတေး နှင့် မထိုက်တန် ဟု နားလည်ရပါမည်။  


အမုန်းတရားရှိသူများ ယဉ်ကျေးမှုမရှိသူများ ရန်လိုသူများ နှင့် စော်ကားလိုသူများ မောက်မာသူများသည် ကရာတေး နှင့် မထိုက်တန် ဟု နားလည်ရပါမည်။ 
ကရာတေးကိုယ်ခံပညာမှာ မိမိအနေဖြင့် လာရောက်ထိပါးသူများကိုသာ ခုခံကာကွယ်တန်ပြန်တိုက်ခိုက်ခြင်းဖြစ်ပြီး၊ ၄င်းထိပါးသူများအား အကျိုးနစ်နာစေရန် ရည်ရွယ်တိုက်ခိုက်ခြင်း မရှိရပေ။ 

မည်သို့ပင်ဖြစ်စေကာမူ ကရာတေးပညာအပါအဝင် ကိုယ်ခံပညာရပ်တိုင်းသည် အားကစားတစ်ရပ်သာမက စွမ်းရည်ထက်မြက်သော ကိုယ်ခံပညာများအဖြစ် လူသိများလှသည်။ လွန်စွာအသုံးဝင်လှသည်။

ရပ်ကွက်မှာဖြစ်စေ၊လမ်းမှာဖြစ်စေ၊ ကျောင်းမှာဖြစ်စေ လူတစ်ချို့က ကရာတေးနှင့်ပတ်သက်၍ စော်ကားမော်ကား
 နောက်ပြောင်သရော်တတ်သည်ကို သတိပြုမိသည်။
တစ်ချို့ကတော့ သူငယ်ချင်းအချင်းချင်း ခင်မင်လို့ နောက်ခြင်း ဖြစ်ပြီး တစ်ချို့ကတော့ လူကို ရန်စချင်သည့်သဘော၊ စော်ကားချင်သော ရည်ရွယ်ချက်ဖြင့် ပြောဆိုခြင်းဖြစ်သည်။ 
သွားလေသူကိုယ်ခံပညာရှင်ဆရာကြီးများ၏ ဂုဏ်သိက္ခာကို နိမ့်ကျစေပါသည်။

၁၉၄၂ ခုနစ် နောက်ပိုင်းကာလတွင် ဂျပန်စစ်သားများ သယ်ဆောင် လာခဲ့သော ဂျူ ဒို၊ ဂျူ ဂျစ်ဆု၊ အိုက်ကီဒို၊ ကင်ဒို၊ ကရာတေး တို့သည် မြန်မာနိုင်ငံသို့ စတင်ပျံ့နှံ့ရောက်ရှိခဲ့ပါသည်။ ထိုစဉ်က မြန်မာနိုင်ငံတွင် ကရာတေးပညာသည် ထင်ရှားပေါ်လွင်ခြင်းမရှိသေးချေ။ ဂျပန်ကိုယ်ခံပညာရပ်များသည် ၁၉၄၂ ခုနစ်ကတည်းက တည်ရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။
 
ကရာတေး ပညာရပ်သည် ၁၉၆၅ ခုနစ် နောက်ပိုင်းကာလတွင် ထူးထူးခြားခြား ပျံ့နှံ့ခဲ့ပါသည်။ တက္ကသိုလ် ကောလိပ်များ၊ အထက်တန်းကျောင်းများ၊ တပ်မတော်
(ဗထူးတိုက်ခိုက်ရေးသင်တန်းကျောင်း) နှင့် ရဲတပ်ဖွဲ့တို့တွင် ကရာတေး သင်တန်းများ ပေါ်ထွန်းခဲ့သည်။

ဂျပန်ရိုးရာ ကိုယ်ခံပညာများကို အာရှလူငယ် အစည်းအရုံး ၊ တို့ဗမာအစည်းအရုံး ၊ ဗမာ့လွတ်လပ်‌ရေး တပ်မတော် (ဘီ၊ အိုင်၊ ‌အေ) ၊ ရဲဘော်
သုံးကျိပ်ဝင်တို့သည်လည်း ကိုယ်ခံပညာအဖြစ်လည်းကောင်း၊ လက်နက်မဲ့တိုက်ခိုက်ရေးကိုယ်ခံပညာအတွက် လည်းကောင်း၊ အားကစားပညာအဖြစ်လည်းကောင်း လေ့ကျင့်သင်ကြားခဲ့ပါသည်။

ကရာတေးလက်နက်မဲ့ ကိုယ်ခံပညာရပ်ကျင့်စဉ်တွင် အရေးပါသည့် အချက်(၁၀)ချက်နှင့် ဖွဲ့စည်းထားပါသည်။

ကရာတေး ကျင့်စဉ်(၁၀)ချက်
 
1. မှန်ကန်ပြီး စနစ်ကျသည့် လေရှူရှိုက်ခြင်း (濃度と呼吸 breathing)
 2. Correct သီအိုရီ နှင့် Systematic စနစ်ကျသည့်လက်တွေ့ လေ့
ကျင့်ခန်း ပြုလုပ်ခြင်း(トレーニング  の理論と実践 Training with theory and practical)
3. အားကစား နှင့် ခုခံတိုက်ခိုက်ခြင်းကိုယ်ခံပညာ(စစ်ပညာ)( スポーツ空手と戦闘空手武道 Sport Karate and Combat Karate Martial arts)
4. အနားယူမှု (緩和 Relaxation)
5. ရိုးသားဖြောင့်မတ်ခြင်း (正直 Honesty)
6. သည်းခံခြင်း (忍耐と我慢強い Patience or forbearing)
7. ခွင့်လွှတ်ခြင်း (許し Forgiveness)
8. ယဉ်ကျေးခြင်း (礼儀 Courtesy)
9. အကောင်းမြင်ဝါဒကျင့်သုံးခြင်း (楽観 Optimism)
10. တရားထိုင်ခြင်း(黙想 Concentration and Meditation) တို့ ဖြစ်သည်။




စစ်မှန်သောနည်းပညာ ကို နေ့စဉ် ကြိမ်ဖန်များစွာ လေ့ကျင့်ထားသော စစ်မှန်သော ကရာတေးပညာရှင်တစ်ဦး (ဝါ) ကိုယ်ခံပညာရှင်တစ်ဦးသည် မည်သည့် ရန်သူတစ်ဦး ကိုသာမက လက်နက်ကိုင်ဆောင်ထားသော ရန်သူ တစ်စု ကိုပင် အကျိုး-အကန်း- အသေ ဖြစ်အောင် တိုက်ခိုက်နိုင်စွမ်းရှိသည်။ သို့ရာတွင် လိုအပ်သလောက်သာ Limited power and control အတိုင်းအတာတစ်ခု အနေဖြင့် အသုံးပြုခွင့်ရှိသည်။ Victory depends on your daily training ဟူသော အဆိုအမိန့်ရှိသည်။

ကရာတေးတွင် မိမိကိုယ်မိမိယုံကြည်ခြင်း(
自信 self-confidence)+ မေတ္တာ-ဂရုဏာ (愛情のこもった優しさ Loving-kindness)+ သည်းခံခြင်း 忍耐 (我慢) patience + မိမိကိုယ်မိမိအားကိုးခြင်း(独立独歩 self reliance)+ အသိဉာဏ်(インテリジェンス intelligence)+ လက်တွေ့ကျင့်စဉ် (実習 , 練習 practice) + နည်းစနစ်ကျခြင်း (体系的 空手,  システム ( 組織 ) + စနစ် (体系的な方法 systematic methods) သည် အလွန်အရေးကြီးပေသည်။ 

ကျောင်းသား(student) ဗဟို ပြု သင်ကြားရေးစနစ်အား Learner ဗဟို ပြုသင်ယူမှုချဉ်းကပ်နည်း ဟူ၍ ခေါ်ပါသည်။ ကရာတေးပညာရေးစနစ်တွင် အဓိကပြုပြင်ပြောင်းလဲမှုများအနေဖြင့် ဆရာဗဟိုပြုသင်ယူမှုချဉ်းကပ်နည်း Teacher Centered မှ ကလေးဗဟို
ပြု သင်ယူမှုချဉ်းကပ်နည်း Student Centered သို့ လည်းကောင်း၊ normal training ပုံစံမှ special intensive training စွမ်းရည် တိုးတက်အောင်

ပြု စုပျိုး ထောင်သည့်ပုံစံ သို့လည်းကောင်း၊ normal belt level စာမေးပွဲစနစ်မှ applied karate and practical useful martial arts စနစ် သို့လည်းကောင်း၊ ကိုယ်ကျင့်တရား(morality) နှင့် ယဉ်ကျေးမှု (courtesy along with manners, etiquette, moral ethics)သင်ကြားရေးစနစ်များ

ကို ပြု ပြင်ပြောင်းလဲဆောင်ရွက်လျက်ရှိကြောင်း တွေ့ရပါသည်။ 

ကရာတေးပညာရှင်(ဆရာ)များ သည် သည်းခံခြင်း၊ လူ့ကျင့်ဝတ်ဆိုင်ရာများ၊ စွမ်းဆောင်နိုင်ရည်များ၊ ကိုယ်ကျင့်တရားများ၊ စာပေ၊ စစ်ပညာ combative martial arts ၊ နည်းစနစ် (Methods)၊ နည်းစနစ်ကျခြင်း(Systematisation)၊ ကရာတေးပညာပရိယာယ်များကို ကျောင်းသားLearnerများအား
သင်ကြားပေးနိုင်စွမ်းရှိရမည် ဖြစ်သည်။ ကမ္ဘာ့ကရာတေးအဆင့်တွင်
လည်း ကျောင်းသား ဗဟိုပြုသင်ကြားရေးစနစ် Student Centered 
Learning အနေဖြင့် White Belt များမှသည် Advanced black belt (Dan) အဆင့်အထိ ပြုပြင်ပြောင်းလဲနေကြောင်း တွေ့ရပါသည်။ ကမ္ဘာကလက်ခံထားသည့် Learner ဗဟိုပြုသင်ကြားရေးစနစ်ဆိုသည်မှာ
စွမ်းအားထက်မြက်သည့်စနစ်တစ်ခုဖြစ်သည်။

သင်ယူရာတွင်ပါဝင်ရမည့်အကြောင်းအရာများကျွမ်းကျင်ခြင်း၊ အကဲဖြတ်ခြင်းများ၊ စွမ်းဆောင်နိုင်ရည်များ၊ ကိုယ်ကျင့်တရားများ၊ မှန်ကန်ပြီး စနစ်ကျသည့်သင်ကြားမှု ကျွမ်းကျင်မှု(teaching qualities and skills) မှာ ဆရာ ၏တာဝန်နှင့်မရှိမဖြစ်လိုအပ်သော(Essential abilities) အရည်အချင်းကောင်း
များဖြစ်သည် ကရာတေးပညာရှင်(chief instructor နည်းပြချုပ်) များသည်သင်ကြားမည့်ဗျူဟာများ နည်းစနစ်များကိုပိုင်နိုင်စွာ တတ်သိကျွမ်းကျင်ရမည်။

မည်သည့်အချိန်တွင် မည်သည့်ဗျူဟာ မည်သည့်နည်းစနစ်ကို သုံးရမည်ကိုလည်း ကောင်းစွာသိထားရမည်။သင်ကြားမှု သင်ယူမှုဖြစ်စဉ်တစ်ခုလုံးကို ကောင်းစွာနားလည်သဘောပေါက်ထားသူ
လည်းဖြစ်ရမည်။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုဦးစားပေးခိုင်းနိုင်သူ
လည်းဖြစ်ရမည်။

ဆရာဆိုသည်မှာ ကျောင်းသားများအတွက် စံပြုလာက်အောင်စံပြ ဆရာဖြစ်ရမည်။ ကိုယ်ကျင့်တရားအရာတွင် ဖြူစင်သူများ ဖြစ်ရန်လိုပါသည်။  သင်ကြားမည့်သင်ယူမည့်ဘာသာရပ်များနှင့်ပတ်သက်သော အထောက်အထား (resources) တို့ကို ရအောင်ယူ၊ သိအောင်ပေး၊ အကျိုးရှိစေရေးကို ဦးစားပေးရမည်။ အားသာချက်၊ အားနည်းချက်များကို ကောင်းစွာဝေဖန်သုံးသပ် နိုင်စွမ်းရှိသူများဖြစ်ရမည်။  




Anatomy vital points on the human body


(Remark: I hope how to defend yourself against an attacker larger and heavier than yourself by applying the principles of vital point striking. Cause your attacker some pain by attacking those weak human body areas. IMPORTANT: Please use extreme caution when practicing these moves. Remember that with the right amount of force, you can severely hurt somebody. These techniques are to be used for self-defense purposes only. All self-defense moves and tips are to be used at the risk of the user. In street survival, it is important how quickly you react in a situation.

This picture will teach you how to do the striking technique for self-defense. The striking method is demonstrated in this video so that you will avoid being a victim of the streets. These are commonly known as pressure points. The points include the eyes, the groin, the temples, the ears etc. 


Use pressure points to control an opponent when deadly force is NOT desired. During close combat, you should strive to attack the accessible target areas of an opponent’s body. The readily accessible areas will vary with each situation and throughout the engagement. The target areas are divided into five major groups: head, neck, torso, groin, and extremities. The figure above illustrates target areas of the body. The vulnerable regions of the head are the eyes, temple, nose, ears, and jaw. Massive damage to the head kills an opponent.



In a close combat situation, many people consider the fists as the only weapon of the body. Fists, knee and elbow are important in close combat, but in fact, there are many other body parts that can be used as an effective weapon in a combat situation. The legs are more powerful than any other weapon of the body, and they are less prone to injury when striking (especially if the feet are protected with shoes).
 
Pressure points are areas on the body that are vulnerable to attack or manipulation. In these areas nerves cross with one another to go in separate directions. Manipulating a pressure point sends a signal to the brain that affects the entire body. While all points are vital, attacking some pressure points can be deadly. Martial artists can use this reflex with minimal effort.)










https://scontent-sin.xx.fbcdn.net/hphotos-xft1/t31.0-8/s720x720/10011867_1407892119470917_391518743_o.jpg
 

 




ကရာတေးကျင့်စဉ် နှင့် အသက်ရှူခြင်း ( breathing)

အသက်ရှူခြင်း (breathing) ကျင့်စဉ် သည် ကရာတေးပညာရှင်တို့အတွက် မရှိ မဖြစ်လိုအပ်သည်။ အသက်ရှူခြင်းဖြင့် အောက်ဆီဂျင်ကို ကိုယ်ခန္ဓာအစိတ်အပိုင်း အသီးသီးသို့ ပို့ဆောင်ပေးပြီး၊ ခန္ဓာကိုယ်အတွက် မလိုအပ်သော ကာဗွန်ဒိုင်အောက်ဆိုက်ကို ဖယ်ထုတ်ပေးသည်။ အသက်ရှူခြင်းနှင့် သွေးကြောတွင်း သွေးလည်ပတ်မှုတို့မှာ ဆက်စပ်လျက် ရှိသည်။


ပထမဦးဆုံး အသက်ရှူသွင်းသည့်အခါ အဆုတ်ထဲသို့ အောက်ဆီဂျင်နှင့် အခြားဓာတ်ငွေ့များ ရောက်ရှိသွားသည်။ ထိုမှတဆင့် အဆုတ်တွင်ရှိသော ဆံခြည်မျှင်သွေးကြောထဲသို့ ထိုဓာတ်ငွေ့များ စိမ့်ဝင်သွားသည်။ ထိုသွေးကို နှလုံးမှ ညှစ်ထုတ်ပြီး ခန္ဓာကိုယ်အနှံ့ လည်ပတ်စေကာ အောက်ဆီဂျင်ဓာတ်ငွေ့ကို ရရှိစေသည်။ မလိုအပ်သော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များကို
 ပြန်လည်သယ်ဆောင်လာပြီး အဆုတ်မှတဆင့် လေထုထဲသို့ ပြန်လည်စွန့်ထုတ်သည်။


အသက်ရှူသွင်းခြင်း(breathe in) လေ့ကျင့်ခန်း အသက်ရှူထုတ်ခြင်း(breathe out) လေ့ကျင့်ခန်းကျင့်စဉ်သည် ကရာတေးပညာရှင်တို့အတွက် မရှိ မဖြစ်လိုအပ်သည်။ ကမ္မဋ္ဌဌာန်း တရားထိုင်ခြင်း(Meditation) သမထအလုပ်သည် မိမိစိတ်ဓာတ်၏ ဖြူစင်မှု တိုးပွားလာအောင် အားထုတ်ရသော အလုပ်မျိုးဟု ဆိုလိုသည်။ သမထ ဟူသည် အာရုံခြောက်ပါး၌ လွင့်ပါးချောက်ချား၍ နေသောစိတ်ကို တစ်ခုတည်းသော အာရုံ၌ သမ္မာသတိ(右マインドフルネ Right mindfulness) စွဲမြဲစွာ သက်ဝင် စေ၍ စူးစူးစိုက်စိုက် သမ္မာသမာဓိ(右濃 Right Concentration) တည်တည်တံ့တံ့ ရှုခြင်းသဘောဖြစ်သည်။




ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းတွင်ကိုယ်ခံပညာ စတင်ဖြစ်ပေါ်လာပုံ



https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg43z5Qe8HyTYkOuJT7T1NwCiI2Zp40oi39-_hwK0r2wVw2V61AlIr23lOOuVaAdb2J4mcah9FQdD5EybRPQjfzBwTGmc2tvEGOaA9fjNiIF2eq2fUPQKBC00MIdx2H6qyiCzhoWJw6F7OR/s1600/Karate-Shotokan-kata.jpg



ဂျပန်၏ ကရာတေးပညာရေးစနစ်သည် ဗုဒ္ဓဘာသာရေးနှင့် အတော် လေး ဆက်စပ်နေသည်။ ကျောင်းသင်ပညာရေးစနစ်ကို ဗုဒ္ဓဘာသာဘုရားကျောင်း များမှတစ်ဆင့်ချုပ်ကိုင်ထားပြီး ဗုဒ္ဓ စာပေများကို ဘုန်းတော်ကြီးများ မှတစ်ဆင့် သင်ကြားလေ့လာကြရသည်။ ကရာတေးကိုယ်ခံပညာကို အိုကီနာဝါကျွန်းတွင် အိုကီနာဝါ တေး (Okinawa Te) အဖြစ် စတင်ခေါ်ဆိုခဲ့သည်။

ကရာတေး သည် လက်နက်ကိရိယာမပါဘဲ ‌ခြေ နှင့် လက်ကိုအသုံးပြလျက် တစ်ဘက် ရန်သူကို လျှပ်တစ်ပြက် တန်ပြန်တိုက် ခိုက်နိုင်‌သော ဂျပန်ရိုးရာ ကိုယ်ခံပညာတစ်ရပ် ဖြစ်သည်။ ခေတ်အဆက်ဆက် ကရာတေးဆရာများ သည် သည်းခံခြင်း၊ လူကျင့်ဝတ်ဆိုင်ရာများ၊ စာရိတ္တ၊ ဇင်ဗုဒ္ဓဘာသာဆိုင်ရာ ဒဿ      န၊ စာပေ၊ စစ်ပညာ၊ ကရာတေးပညာ ပရိယာယ်များကို ထိရောက်သော နည်းစနစ်များနှင့်တကွ သင်ကားပေးခဲ့ကြသည်။


၁၄၂၉-၁၈၇၉ ခုနှစ်များအတွင်း ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း (沖縄 Okinawa Island) တွင် စတင်ခဲ့သော ခြေထောက်ဖြင့် တိုက်ခိုက်ခြင်း နည်းပညာကို အခြေခံသည့် ဂျပန်ရိုးရာ ကိုယ်ခံပညာ တစ်ရပ်ဖြစ်သည်။ ကရာတေး ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ ရှင်းလင်းချက် အမျိုးမျိုးရှိပါသည်။ ယေဘူယျအဖြစ် လူသိများသော ရှင်းလင်းချက်မှာ အိုကီနာဝါဒေသ၏ တိုက်ခိုက်ရေးပညာမှ လက် ပိုင်းဆိုင်ရာ နည်းဗျူဟာတွင် တရုတ်ရိုးရာ ကိုယ်ခံပညာကို ပေါင်းစပ်ထားခြင်းဖြင့် တီထွင်အဆင့်မြှင့်ထား သည်ဟု ယူဆနိုင်သည်။

ဂျပန်နိုင်ငံ၏ တိုင်းရှောခေတ် 大正時 Taishō period (၁၉၁၂-၁၉၂၆) အတွင်း အိုကီနာဝါကျွန်းမှ အခြားခရိုင်များသို့ ပြန့်နှံ့လာခဲ့သည်။ ဆရာကြီး ဖူနာ့ကိုရှိ၊ ဂိချင်း (the founder of modern Karate-do) ကို ဂျပန်ရိုးရာ ရှိုတိုကန် ကရာတေးကိုယ်ခံပညာစတင်တည်ထောင်သူအဖြစ် ဖော်ပြကြသည်။



ဒုတိယ ကမ္ဘာစစ် ပြီးသောအချိန်တွင်မူ ဂျပန်ကရာတေး သည် ကမ္ဘာအရပ်ရပ်သို့ ပြန့်နှံ့သွားခဲ့ပါသည်။ ယခုအခါ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် တိုက်ခိုက်ရေးအတွက် လည်း ကောင်း၊ ကိုယ်ခံပညာအဖြစ် လည်း ကောင်း၊ အားကစားပညာအဖြစ် လည်း ကောင်းလူတိုင်းနှင့်ရင်းနှီးသောဩဇာအကြီး
မားဆုံးသောကိုယ်ခံပညာတစ်ရပ်အဖြစ်
 နေရာယူထားပါသည်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNZ8W6zuHE7rTcpmEQxY_4a9T41fpvGFb8MlPYNHwWAvundvN8cASVl8lsXHMDd3TMTdOfl7kJnGuFP1VWFHDnAdDdJ5J71697yvUJvSRNurjGmjJsY04rPI26l6Zni6pn3frrAtzqCOZR/s1600/isometric.png
ဒဂုံ ကရာတေးအသင်း၊ အဆာဟိ ကရာတေးအသင်း၊ ဟိုက်ကာရီ ကရာတေးအသင်း၊ ဗထူးတပ်မတော် ကရာတေးအသင်း၊ ယူနိုက်တက် ကရာတေးအသင်း၊ အိုကီနာဝါ ကရာတေး အသင်း၊ တိုက်ဂါး ကရာတေးအသင်း၊ အိုယားမား ကရာတေးအသင်း၊ ဘားမား ကရာတေးအသင်း၊ ဂိုစိုးကု ကရာတေး အသင်း၊ ဂိုဂျူးကု ကရာတေးအသင်း၊ အက်ဆက် ကရာတေးအသင်း၊ တန်ဆိုင်း ကရာတေးအသင်း၊ ဖူနာကိုရှိ ဂီချင်း ကရာတေးအသင်း၊ ဆိုရှိကိ ကရာတေးအသင်း ....စသော ကရာတေး အသင်းအဖွဲ့များ ပေါ်ပေါက်ခဲ့သည်။

မြန်မာနိုင်ငံတွင် ရှိုတိုကန် ကရာတေး စတိုင်နှင့် ကျိုရှင်ကိုင်း ကရာတေး စတိုင် တို့ကို အဓိကထားပြီး ကစားကြသည်။ တက္ကသိုလ် ကောလိပ်များ၊ အထက်တန်းကျောင်းများ၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့တွင် ကရာတေး သင်တန်းများ ပေါ်ထွန်းခဲ့သည်။

ဆရာကြီး ဦးကျော်ညွန့်၊ ဆရာကြီး ဦးရစ်ချတ်၊ ဆရာကြီး ဦးစိုးတင့်၊ ဆရာကြီး ဦးသောင်းဒင်၊ ဗိုလ်ကြီးမိုးဟိန်း (ဗထူး)၊ ဆရာ ဦးမောင်မောင်သန်း၊ ဆရာ ဦးမြင့်ကြည်၊ ဆရာ ဦးစံနီ၊ ဆရာ ဦးဝင်းနိုင်၊ ဆရာ ဦးတင်ဝင်းအောင် (ခေါ်) ဆရာ ဦးဖိုးသာအောင်၊ ဆရာ ဦးနေဝင်း၊ ဆရာ ဦးမင်းလွင်၊ ဆရာ ဦးစိုးဝင်း (မြန်မာနိုင်ငံ ကရာတေးဒို အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး)၊ ဆရာ ဦးအောင်တင်စိန်၊ ဆရာ ဦးဂေးလ်မို စိုးမင်း၊ ဆရာ ဦးမောင်မောင်ဦး၊ ဆရာ ဦးမောင်မောင် မြင့်၊ ဆရာ ဦးမြင့်အောင်၊ ဆရာ ဦးစိုးဝင်း (ဟိုက်ကာရီ)…..စသော ကရာတေး ဆရာ များသည် ထင်ရှားခဲ့သည်။


စစ်မှန်သော ကရာတေး ဆိုသည်မှာ


 

ကရာတေး (karate) တွင်ပါသော ခရ (kara) သည် လက်ထဲတွင် တစ်စုံတစ်ရာ မပါပဲ ဗလာ သက်သက်ဖြင့် ရန်သူကို ခုခံတိုက်ခိုက်ရသော ကိုယ်ခံပညာဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုသော်လည်း အမှန်စစ်စစ် (kara) ၏ မူလရည်ရွယ်ချက်သည် လူတို့တွင် ရှိကြသော လောဘ (Greed)၊ ဒေါသ (Anger)၊ မောဟ (Ignorance)၊ မာန (Conceit and Arrogant)၊ အမုန်းတရား (Hatred) စသော မကောင်းမှု မျိုးစုံများ မရှိအောင်၊ မဖြစ်အောင် မိမိစိတ်ကို ဗလာ (empty) ထားရမည်ဟုဆိုသည်။ ကရာတေး (karate) တွင်ပါသော ခရ (kara) သည် ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူခဲ့သော Sunyata ၏ အခြေခံသဘောတရားတစ်ခုအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်ဟု ပညာရှင်တစ်ချို့က ဆိုခဲ့သည်။

(သို့ရာတွင် မဟာယာန ဗုဒ္ဓဘာသာ ၏ သုညတဝါဒ Sunyata
(仏教) နှင့် ထေရဝါဒ ဗုဒ္ဓဘာသာ၏ သုညတဝါဒ Sunyata သည်
မတူကွဲပြားကြောင်း ပါမောက္ခချုပ်ဆရာတော်ကြီး
ဘဒ္ဒန္တဒေါက်တာနန္ဒမာလာဘိဝံသ က ဟောကြားတော်မူခဲ့သည်။)


စိတ်ကို မကောင်းမှု မျိုးစုံ တို့ကို မတွေးအောင်-မရှိအောင်၊ တစ်နည်းအားဖြင့်ဆိုရင် ဗလာဖြစ်အောင် ထားပါ ဟူသော ရည်ရွယ်ချက်များ ပါရှိသည်။ ပြောဆိုလေ့ရှိပါသည်။ “Sunyata" ("zero, nothing") is usually translated as "emptiness".

သို့ရာတွင် တစ်ချို့သော ကရာတေး စသော ကိုယ်ခံပညာတစ်ရပ်ရပ်ကို အနည်းငယ်သာတတ်ပြီး (၆ လ - ၁ နှစ် လောက် နည်းနည်းပါးပါးသင်ယူပြီး) လူတွင်ကျယ်၊ လူတတ်ကြီးများ လုပ်နေသော လူငယ် လူရှုပ် တစ်ချို့ကြောင့်လည်း ကရာတေး အပါအဝင် ကိုယ်ခံပညာများ အလှောင်ပြောင်ခံ အထင်လွဲခံရသည့် ဖြစ်ရပ်တစ်ချို့ကိုလည်း ကြားသိဖူးပါသည်။ မတတ်တစ်ခေါက် မိုက်ရူးရဲ သူတို့တွေကြောင့် စစ်မှန်သော ကရာတေးပညာရှင်များ၊ ကိုယ်ခံပညာရှင်များ အနေရ အထိုင်ရ ခက်လှသည်။ စိတ်အနှောင့်အရှက် ဖြစ်ရသည်။ ထိုတတ်ရောင်ကား လူငယ်တစ်ချို့သည် သူတစ်ပါးအပေါ် ရန်လိုခြင်း၊ ရန်စခြင်း၊ ရန်ဖြစ်ခြင်းသာမက မိမိအိမ်သား မောင်နှမများ၊ သူငယ်ချင်းများကိုသာမက၊ မိမိလူကြီး မိဘများကိုသည်ပင် မိုက်ရိုင်းစွာ မထေမဲ့မြင် ပြုတတ်လေ့ရှိသည်။ မိမိထက် အသက်၊ ပညာ၊ အတွေ့အကြုံ ကြီးမားသော အစဉ်အလာကြီးမားလှသော ကိုယ်ခံပညာရှင်ကြီးများ၏ ကောင်းမွန်သောပညာရပ်နှင့် သွန်သင်ဆုံးမချက်များကို လေးလေးစားစား မှတ်သားနာယူရမည့်အစား၊ Humble ဖြစ်ရမည့်အစား အဆိုပါ ဝါရင့်ကိုယ်ခံပညာရှင်ကြီးများကိုပင် မထေမဲ့မြင်၊ မရိုမသေ၊ မလေးမစား ပြောဆိုပြုမူနေမှုကို ဝမ်းနည်းဖွယ်ရာတွေ့မြင်ရသည်။ ဆရာကြီးတစ်ဦးရေးသားခဲ့သော အဆုံးအမလင်္ကာတစ်ပိုဒ်ကို မှတ်မိပါသေးသည်။

I.        He who knows, and knows he knows, he is a Wiseman, seek him.
II.       He who knows, and knows not he knows, he is asleep, wake him.
III.      He who knows not, and knows he knows not, he is a child, teach him.
IV.      He who knows not and knows not he knows not, he is a fool, shun him.

သို့ရာတွင် အသိပညာအတွေးအခေါ်ညံ့ဖျင်းအားနည်းမှုကြောင့် မိုက်မဲနေသော အကြင်သူတစ်ဦးကို မောင်းထုတ်ခြင်းထက် အတိုက်နိုင်ဆုံးလက်တွဲခေါ်ယူကာ စိတ်ရှည်စွာဖြင့်သွန်သင်ဆုံးမပြီးလမ်းမှန်ကိုရောက်အော
င်ပို့ဆောင်ပေးနိုင်မည်ဆိုပါကအကောင်ဆုံးဖြစ်ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာလောကကြီးတွင် အရာရာပြည့်စုံသော၊ အမှားကင်းသော လူဟူ၍ ဘယ်သောအခါမျှ မရှိသောကြောင့် ဖြစ်ပေသည်။ No man is perfect. ဟူသော စကားကို အမှတ်ရသင့်သည်။ သို့ရာတွင် အကြိမ် ၁၀၀ မက မှားပြီးရင်းမှားနေသော လူမိုက်ကိုမူ ရှောင်ကြဉ်ရပေမည်။ အသေ၀နာစဗာလာနံ = လူမိုက်ကို ရှောင်ကြဉ်ပါ (Do not associate with foolish man) ဟူ၍ ၃၈ ဖြာ မင်္ဂလာတွင် အတိအလင်းပါရှိသည်။

ဆိုးသွမ်းမောက်မာသော ကရာတေးသမားများ၊ အခြားကိုယ်ခံပညာရှင်များအနည်းငယ်ရှိကြသော်လည်း အရေအတွက်မများလှချေ။ အရည်အချင်းရှိသော၊ အလားအလာရှိသော မျိုးဆက်သစ်ကရာတေးသမားများလည်း မြောက်များစွာ ရှိမည်ဟုမျှော်လင့်ပါသည်။

ကိုယ့်အကြောင်းကိုအသိဆုံးဖြစ်ပါလိမ့်မည်။ မကောင်းပါ
က ကောင်းအောင်လုပ်ဖို့သာလိုသည်။ မထူးချွန်သေးပါက ထူးချွန်အောင်၊ တော်အောင် လုပ်ဖို့သာလိုသည်။ မသိသေးပါက သိရန်ကြိုးစားဖို့လိုသည်။ အသိတရားမရှိသေးပါက အသိတရားရှိဖို့ ကြိုးစားဖို့သာလိုသည်။ ကြိုးစားပါက ဘုရားပင်ဖြစ်နိုင်သည်ဟူသော မြန်မာ့ဆိုရိုးစကားကို သတိရသင့်သည်။


·                     မည်သည့် နည်းစနစ် ကို မည်သို့သုံးခြင်းက အထိရောက်ဆုံးဖြစ် မည်နည်း.....!
·                     လက်တွေ့ကျင့်စဉ်၊ အမှန်တရား(real truth) ၊ အသိပညာ ၊ မေတ္တာ ၊ သည်းခံခြင်း များ develop ဖြစ်စေရန် ရရှိစေရန် မည်သို့သင်ကြားပေးသင့်သနည်း !
·                     Ethics of Karate + အသိပညာ + ကိုယ်ကျင့်တရား + လက်တွေ့ကျင့်စဉ်ကို မည်သို့ အမှန်ဆုံး ဆက်လက်ထိန်းသိမ်းထား အောင် လိုက်နာနိုင်အောင် သင်ကြားလေ့ကျင့်ပေးမည်နည်း....!
·                     Real ကရာတေးပညာကို မည်သို့ အကောင်းဆုံး ဆက်လက်ထိန်းသိမ်း
·                     ထားအောင်ကြံဆောင် မည်နည်း….!
·                     မျိုးဆက်သစ် ကရာတေး လူငယ်များကို စစ်မှန်သော ကရာတေး နည်းစနစ်များ၊ ကောင်းမွန်သော အတွေးအခေါ်၊ အမူအကျင့်နှင့် ethics of Karate တို့ကို မည်သို့ လက်ဆင့်ကမ်း Handover, the process of transferring လုပ်ဆောင်ပေးမည်နည်း....! စသည့် အချက်များသည် ယနေ့ခေတ် ကျွန်တော်တို့ ကရာတေး ဆရာများ ကိုယ်ခံပညာရှင်များ
အလေးထားစဉ်းစားလုပ်ဆောင်ရမည့်အချက်များဖြစ်သည်။ ကရာတေး
ပညာရေး နှင့် ပတ်သက်၍ အလေးထားစဉ်းစားရမည့်အချက်များ ဖြစ်သည်။

အသုံးချ အားကစား သိပ္ပံပညာများ (Applied Sport Science ) ပါဝင်သည်။ ကရာတေးကျွမ်းကျင်မှု ဆိုင်ရာများတွင် စွမ်းအား(Power) ၊စက်ဝိုင်းပုံသဏ္ဌာန်လည်ပတ်ရွေ့လျားသည့်အရှိန် (Centripetal Acceleration) ၊ မျဉ်းဖြောင့်လှုပ်ရှားမှုအရှိန်(Linear acceleration) ၊ နည်းပရိယာယ်(Tactics)၊ အား (နယူတန် ၏ ရွေ့လျားမှု ဆိုင်ရာ ဒုတိယနိယာမ フォース= 質量 x 加速度 Force = Mass x Acceleration) ၊ စက်ဝိုင်းပုံသဏ္ဌာန်လည်ပတ်ရွေ့လျားသည့်အား (centrifugal force) ၊ ဂရက်ဗီတေးယှင်း ကမ္ဘာမြေကြီးဆွဲအား(Gravitation) ၊ မိုမင်တမ် (ခေါ်) အဟုန်(Momentum) ၊ မျဉ်းဖြောင့်အတိုင်း ရွေ့လျားသည့်လှုပ်ရှားမှု(Linear motion) ၊ စက်ဝိုင်း ပုံသဏ္ဌာန်ရွေ့လျားသည့် ရွေ့ရှားမှု(Circular motion)၊ တော်ဆို ရိုတေးယှင်းနယ် ဖို့စ် (ခေါ်) တင်ပဆုံ ခြေသလုံး ဝမ်းဗိုက်ပိုင်း ခါး နှင့် အထက်က ရင်ခေါင်းပိုင်း လက်မောင်း လက်ဖျံ ပေါင်းစပ်လည်ပတ်ရွေ့လျားသည့် အား (Torso rotational force) ၊ အင်နားရှား (Inertia) ၊ အလုပ်ပြီးခြင်း (Work done) ၊ အလျင် အမြန်နှုန်း (Velocity)၊ ပါဝါ (power) နှင့်လှုပ်ရှားမှု (Movement) ...စသည့် သိပ္ပံနည်းကျကျ သင်ရိုးညွှန်းတမ်း အချက်များပါဝင်သည်။

လေ့လာတွေ့ရှိချက်များအပေါ်မှ စမ်းသပ်ခံနိုင်သော ကိုယ်ခံပညာသိပ္ပံ ပညာတွင် အခြေခံသည်။ ရုပ်ပိုင်းဆိုင်ရာစွမ်းအား(physical power) ၊ စိတ်ပိုင်းဆိုင်ရာစွမ်းအား(spiritual power) ဆိုင်ရာ သီအိုရီ နှင့် လက်တွေ့ကျင့်စဉ် ဟူ၍ပါဝင်သည်။

ထိုကြောင့် မြန်မာနိုင်ငံ ကရာတေးဒို အဖွဲချုပ် အောင်မြင်စွာ မဖွဲ့ စည်းမှီ ၁၉၈၁ခုနှစ် ကာလကတည်းကပင် မြန်မာနိုင်ငံ ကရာတေးဒို အဖွဲချုပ် ဖွဲ့စည်းနိုင်ရေးအတွက် လည်းကောင်း၊ ကရာတေး ပညာရပ်နှင့် လေ့ကျင့်သူ လူငယ်များ၊ စစ်မှန်သော ကရာတေးပညာကို စနစ်တကျ သင်ကြားနိုင်ရေးအတွက် လည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနသို့ စာဖြင့် လည်းကောင်း၊ ၈.၆.၁၉၈၁ ကြေးမုံသတင်းစာ မှ တစ်ဆင့် ပြည်သူလူထုတစ်ရပ်လုံးသို့ လည်းကောင်း၊  ကျွန်တော်က ဓာတ်ပုံနှင့် တကွ စတင်ရေးသားတင်ပြအကြံပြုခဲ့ပါသည်။ 



ကျွန်တော်၏ သတင်းစာပါ ဤကရာတေး ဆောင်းပါး သည် မြန်မာ့ကရာတေးလောက အတွက် Myanmar Karate-do Federation  အတွက် သမိုင်းဝင်ကရာတေး ဆောင်းပါး Document တစ်ပုဒ်ဖြစ်ခဲ့သည်။

 ကျိုရှင်ကိုင်း (Kyokushin) စတိုင်(Style) သည် ရှိုတိုကန် စတိုင်(Style) ပြီးလျှင် ဒုတိယမြောက် အထင်ရှားဆုံးသော ကရာတေး စတိုင်(Style) ဖြစ်သည်။




ကျွန်တော်သည်စမ်းချောင်း မြို့ နယ် တွင်လည်းကောင်း၊ အထက (၂) ဒဂုံ မြို့မကျောင်းတွင် လည်းကောင်း၊ ခြံအမှတ်-၇၄ စီ အင်လျားလမ်း၊ ကမာရွတ် မြို့ နယ် တွင်လည်းကောင်း၊ နိုင်ငံခြားဘာသာတက္ကသိုလ် University of Foreign Languages, Yangon ၏ နောက်ဘက်ရှိ ဦးဘဘကြီး အင်းလျားလမ်း ခြံတွင်လည်းကောင်း၊ ရန်ကုန်ဆေးတက္ကသိုလ် (၁) University of Medicine 1, Yangon လိပ်ခုံးခန်းမ တွင်လည်းကောင်း၊ ခြံအမှတ်-၃၀ F အင်းယားလမ်း ကမာရွတ် မြို့ နယ် တွင်လည်းကောင်း ကျောင်းသားကျောင်းသူများ၊ လူငယ်များအား ဖွင့်လှစ်ပို့ချခဲ့သည်။

ငွေကြေးချို့တဲ့သူများဆိုရင် Free of charge အခမဲ့ ကရာတေးသင်ပေးခဲ့သည်။ ကရာတေး သာမက ဗုဒ္ဓဘာသာ ယဉ်ကျေးမှု၊ စာရိတ္တကျင့်ဝတ်၊ ယဉ်ကျေးမှု၊ ကိုယ်ကျင့်တရား၊ လူမှုဆက်ဆံရေး၊ စသည်တို့ကိုလည်း စာတွေ့လက်တွေ့ပူးတွဲပို့ချပေးခဲ့သည်။

အထူးသဖြင့် မြန်မာ့သိုင်းနှင့် ကရာတေးပညာရပ်တို့တွင် သမထ ထိုင်ခြင်း (meditation)၊ စိတ်ကို ထိန်းချုပ်ခြင်း (mind control)၊ စိတ်ကို စုစည်းခြင်း
(mind concentration)၊ စိတ်ကို ပြုစုပျိုးထောင်ခြင်း (mind cultivation)၊ မှန်သော သတိရှိခြင်း (right mindfulness) စသော ဗုဒ္ဓဘာသာ၏ ကျင့်စဉ်တစ်ချို့ကို မဖြစ်မနေ လေ့ကျင့်ရသော နည်းလမ်းများ ပါဝင်သည်။

စစ်မှန်သောကရာတေးပညာ၏ မူလ ရည်ရွယ်ချက် သည် အားကစားနှင့် ကိုယ်ခံပညာကို စနစ်တကျ ကျင့်ကြံရန် ဖြစ်သည့်အပြင် စိတ်ပိုင်းဆိုင်ရာ၊ ကာယပိုင်းဆိုင်ရာ နည်းစနစ်များ၊ ကျင့်စဉ်များ၊ ရိုးသားခြင်း၊ ယဉ်ကျေးခြင်း၊ ခွင့်လွှတ်ခြင်း နှင့် သည်းခံခြင်း ခံယူချက် သဘောတရားများ ပါဝင်သည်။  

ကရာတေးပညာအပါအဝင် မည်သည့်ပညာရပ် မဆို ပြီးပြည့်စုံသည်ဟူ၍ မရှိချေ။ နှစ်ပေါင်းများစွာ လေ့ကျင့်သင်ယူထားစေကာမူ ပြီးပြည့်စုံပြီဟူ၍ ပြောဆို၍ မရချေ။


ကျွန်တော်ဆိုလျှင် ၁၉၇၆ ခုနှစ်တွင် Black Belt Graduation Diploma and Certified Instructor ခါးစည်းအနက်ရပြီး ၁၉၇၈ ခုနှစ် မှ စ၍ Founder and Chief Instructor of Soshiki Karate ကရာတေး နည်းပြချုပ် အဖြစ် လူငယ်အများအပြားအား စာတွေ့လက်တွေ့ သင်ကြားပို့ချလျက်ရှိပါသောကြောင့် ယနေ့ဆိုလျှင် နှစ်ပေါင်း ၄၀ ခန့် ဆရာလုပ်သက်ရှိခဲ့ပါသည်။ တပည့်များကတော့ ကျွန်တော်ကို "Master"..” 師範 Shihan”…”อาจารย์ဟု လည်းကောင်း၊
"ဆရာကြီး"ဟုလည်းကောင်း လေးလေးစားစား ခေါ်ဆိုလေ့ရှိသော်လည်း ကျွန်တော် ကိုယ်တိုင်ကမူ မိမိကိုယ်မိမိ ဆရာကြီးတစ်ဦးဖြစ်သည်ဟု မခံယူလိုပါ။ 先生 Sensei ဆရာတစ်ဦးဖြစ်သည် ဟုသာခံယူလိုပါသည်။ “先輩 (senior student)တစ်ဦးဖြစ်သည် ဟုသာခံယူလိုပါသည်။ အကြောင်းမှာ ကရာတေးပညာရပ်သည် လွန်စွာနက်ရှိုင်းကျယ်ဝန်းသောကြောင့် နှစ်ပေါင်း ၄၀ သာမက နှစ်ပေါင်း ၈၀-၁၀၀ တိုင်အောင် သင်ကြားလေ့ကျင့်စေကာမူ ပြီးပြည့်စုံသည်ဟု မရှိချေ။

နိုင်ငံခြားသားတပည့်များကို အောက်ပါအတိုင်း ကျွန်တော့်၏ Hypothesis, opinion and QUOTES များအား ပြောကြားလေ့ရှိပါသည်။  

“I am a chief instructor in Karate since 1978. 
I have teaching experience 37 years in karate.
I have been practicing karate since 1970.
I have had experience 45 years in karate.
All my pupils always call me “Master”, “Sensei”.
However, I am always a “senior student” and
“Teacher”in karate.

Because Karate martial art is very wide and deep.
Karate will always be an important part of my life.”

彼は言った:
 
「私は1978年以来の空手先生です。
私が経験空手で37年を教えています。
私は1970年から空手を練習してきた。
私は経験の空手で45年を持っていた。
すべての私の生徒は常に「"マスター".." 師範"... "先生"」と呼んで。
しかし、私はいつも「シニア(先輩) 学生」と空手の「ジュニア先生」です。
 空手武道は非常に広く、深い。
空手はいつも私の人生」の重要な一部となります
"Karate arts is like ocean. Ocean is very deep and very widespread". 
空手の芸術、オーシャンのようなものです。オーシャンは非常に深く、非常に広く普及している。

"Karate has been a part of my life since I was 10 years old since 1970".
私は1970年以来、10歳の頃から空手は私の人生の一部となっています。

ဆရာတို့သည် တပည့်များအပေါ် တစ်ပြေးညီစွာ ဆက်ဆံရပြီး မည်သည့်တပည့်ကိုမျှ မျက်နှာမလိုက်ရချေ။ မိမိသိသည်ကို အတိအကျ အမှန်အကန်သင်ပေးရမည်။ မိမိထက်ပို၍ ထူးချွန်အောင် (ဆရာထက်တပည့် လက်စောင်းထက်အောင်) သင်ကြားပေးနိုင်ရမည်။ ဆင်းရဲသောတပည့်၊ ချမ်းသာသောတပည့်၊ ပညာတော်သောတပည့်၊ ပညာညံ့သောတပည့် ဟူ၍ ခွဲခြားမဆက်ဆံပဲ တစ်ပြေးညီစွာ သင်ကြားပေးနိုင်ရမည်။ လက်တွေ့ Practical သာမက စာတွေ့ Theoretical ကိုလည်း တွဲဖက်သင်ကြားပေးရမည်။ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ နှိမ့်ချခြင်း၊ ရန်မလိုခြင်း စသော Manners and moral ethics များကိုလည်း သင်ပေးရမည်။ ဆရာတိုင်းသည် တပည့်တိုင်း၏ နမူနာစံပြ (Teachers should be ideal) ဖြစ်စေရမည်။

အလျင်းသင့်တုန်း ပြောရမည်ဆိုလျှင် ကျွန်တော်သည် Four-Year Program များ၊ Belt level စာမေးပွဲများ၊ Black belt grade level and rank degree (Dan ) စာမေးပွဲများကို (academic program of Shotokan Karate Style syllabus) ကာလသက်မှတ်ချက်နှင့် စွမ်းရည်အရည်အချင်း (skills abilities and qualities) အရ တပည့်များကို စာမေးပွဲစစ်ဆေးပေးခဲ့သည်မှာ ၁၉၇၈ခုနှစ်မှ ယနေ့အထိ နှစ်ကျော် ရှိပြီဖြစ်ပါသည်။ အဆိုပါ စာမေးပွဲများတွင် မည်သည့်တပည့်ကိုမျှ မျက်နှာမလိုက်ပဲ၊ ဆင်းရဲချမ်းသာမခွဲခြားပဲ တိတိကျကျ စစ်ဆေးမေးမြန်းခဲ့ပါသည်။ အမှန်တကယ်အောင်မှ အဆင့်တက်ပေးခဲ့ပါသည်။ 

The Ranking Structure in Karate


 

GRADE
BELT
MINIMUM TRAINING REQUIRED
10th KYU
White
3 Months
9th KYU
Junior White
3 Months
8th KYU
Senior White
6 Months
7th KYU
Junior Yellow
12 Months
6th KYU
Senior Yellow
18 Months
5th KYU
Junior Green
24 Months
4th KYU
Senior Green
30 Months
3rd KYU
Junior Brown
36 Months
2nd KYU
Assistant Senior Brown
42 Months
1st KYU
Senior Brown
48 Months



1st DAN
1st Degree Black Belt
4 Years
2nd DAN
2nd Degree Black Belt
5 Years
3rd DAN
3rd Degree Black Belt
7 Years
4th DAN
4th Degree Black Belt
10 Years
5th DAN
5th Degree Black Belt
14 Years - must be 35 years or older
6th DAN
6th Degree Black Belt
20 Years - Minimum age 40
7th DAN
7th Degree Black Belt
30 Years - Minimum age 45
8th DAN
8th Degree Black Belt
40 Years - Minimum age 50
9th DAN
9th Degree Black Belt
50 Years - Minimum age 60
10th DAN
10th Degree Black Belt
60 Years - Minimum age 70

Instructor training program (Four-year course) အနေနဲ့ ခါးစည်းအဖြူ မှသည် အနက်ရောင်အထိ ၄နှစ် သက်မှတ်ချက် ရှိပါသည်။ အလွယ်ပြောရရင်


ခါးစည်း အဖြူ  မှ အဝါ   = ၁ နှစ်
ခါးစည်း အဝါ မှ အစိမ်း   = ၁ နှစ်
ခါးစည်း အစိမ်း မှ အညို  = ၁ နှစ်
ခါးစည်း အညို မှ အနက်  = ၁ နှစ်


ဟူ၍ ယေဘူယျအားဖြင့် ၄ နှစ် သက်မှတ်ထားပါသည်။

မှတ်ချက် ။ ။ JKA မှ ကရာတေးဆရာကြီး 首席師範 Funatoshi Gichin နှင့် ကရာတေးဆရာကြီး 首席師範 Masatoshi Nakayama တို့၏ တပည့်အရင်းဖြစ်သူ နာမည်ကျော် ကရာတေးပညာရှင် Kanazawa (b. 1931) သည်ပင် ၂ နှစ်အတွင်း black belt 1st dan (Shotokan Karate) ရခဲ့ကြောင်း မှတ်တမ်းများ တွေ့ရှိခဲ့ရပါသည်။ Shihan Hirokazu Kanazawa promoted to the rank of 1st Dan in Shotokan karate less than two years of training in the art.

http://www.theshotokanway.com/hirokazukanazawaprofile.html 


(In 1924, Master Funakoshi adopted the Kyu / Dan rank system and the uniform (keikogi) developed by Master Kano Jigoro, the founder of Judo. This system uses colored belts (obi) to indicate rank. Originally, karate had only three belt colors: white, brown, and black (with ranks within each). The original belt system, still used by many Shotokan schools, is:
8th rising to 4th kyu: white
3rd rising to 1st kyu: brown
1st and higher dan: black)
ပုံမှန်သင်တန်းကာလသည် ၄ နှစ်ဖြစ်သော်လည်း သင်တန်းသား၏
ထူးချွန်မှု-ညံ့ဖျင်းမှု၊ ရက်မှန်မှု ရက်ပျက်မှု၊ လေ့ကျင့်ချိန်များပြားမှု
-လေ့ကျင့်ချိန်နည်းပါးမှုစသော အချက်များပေါ်တွင်လည်း မူတည်၍ တစ်ချို့ဆိုရင် ၄ နှစ်မတိုင်မီ ခါးစည်းအနက် ရရှိသူ ရှိသကဲ့သို့ တစ်ချို့ဆိုရင် ၄ နှစ်ကျော်-၅ နှစ်မှ ခါးစည်းအနက် ရရှိသူများလည်း ရှိပေသည်။

(After your last brown belt, you'll achieve your first black belt, or dan belt. Your first dan (degree) black belt earns you the title of "senpai"(senior student) or assistant teacher. While this may seem like the end of the journey, it's the beginning of a new one. There 10 dan levels or black belt degrees to achieve. All 10 dan levels require continuous training).

(Everyone begins wearing a white belt. From white they progress through the respective levels of yellow, orange, green, purple, brown and black. The Japanese term "KYU" to refer to the coloured belts and "DAN" to refer to black belts. Karate-ka (a practitioner of karate) shall wear a clean, white, unmarked karate Gi (karate training uniform), and the belt representing his/her present rank at the time of grading. Many martial arts use between one and ten DAN ranks. Karate belts are used to indicate when a student has been promoted to the next level. Improved Karate technique and deeper knowledge of the 3 elements of Kihon (basics), Kata (form) and Kumite (sparring) needs to be shown before the next Karate level can be awarded.

To advance to a new Karate level, the Karate belt holder takes a formal test called a Karate grading examination. Karate grading examinations for all higher ranks include theory, practical, oral and written requirements. 


These vary depending on the Karate level being tested. The contents of tests vary among Karate styles but each school has set criteria around...
 


·        Minimum Time Elapsed from Last Karate grading

·        Consistent Training

·        Proficient Karate Technique

·        Demonstrated Progress

·        Approval or Recommendation of Instructor(s)
 
The normal karate belt colours are white, yellow, green, brown and black etc. White belt is always the first grade, so in most schools this would be 10th Kyu. Everyone starts out as a white belt. White belt is always the first grade, so in most schools this would be 10th Kyu. Everyone starts out as a white belt. It usually takes about 6 to 12 months to move up 1 belt level in karate if you are training thrice (three days) a week or so. If you train only once a week, it will take longer. It may take less time at the early belt levels and more time at the later belt levels. 
  
In many styles there is no way to tell what Dan a karate student is. They all wear a black belt, it is often a sign of humility that they don't need to show off their grade on their belt. Some karate styles will use a gold stripe on the belt for each dan they have attained).

များစွာသော တပည့်များနည်းတူ ကျွန်တော်၏ သမီး ၂ဦး (သော်တာဝင်း၊ စုစုစံ) တို့ကိုလည်း၂၀၉-၂၀၁၃ အထိ Four-Year Graduation Program စာတွေ့လက်တွေ့ (၄နှစ်) သင်ကြားပြီးမှ Black Belt Tests (oral examinations and written tests) စာမေးပွဲကို Thesis papers နှင့်တကွ တိတိကျကျ စစ်ဆေးခဲ့ပါသည်။ သမီးများဆိုပြီး မျက်နှာမလိုက်ခဲ့ပါ။ သမီး၂ဦး သည် စာတွေ့လက်တွေ့ထိုက်ထိုက်တန်တန်ဖြေဆိုအောင်မြင်သည့် အတွက်ကြောင့် တစ်ခြားတပည့်များနည်းတူ Black Belt 1st Dan (Graduate Diploma in Karate) ၂၀၁၃ ခုနှစ်တွင်ပေးအပ်အသိမှတ်ပြုခဲ့ပါသည်။ တကယ်အောင်မြင်မှသာ Dan grade ပေးအပ်ခဲ့ပါသည်။

သမီးအရင်း၂ ဦး ပင်ဖြစ်လင့်ကစား ကရာတေးလေ့ကျင့်ချိန်၊ သင်တန်းချိန်တို့တွင်လည်းကောင်း၊ ကရာတေးပညာနှင့်ပတ်သက်သည့် ကိစ္စများတွင်လည်းကောင်း တခြားတပည့်များနည်းတူ ဆရာ-တပည့် ပုံစံဖြင့်သာ တိတိကျကျ ပြတ်ပြတ်သားသား ပြောဆိုဆက်ဆံသင်ကြားခဲ့ပါသည်။ Intensive training များ၊ combat training များ၊ အတိအကျ လေ့ကျင့်စေခဲ့ပါသည်။ စည်းကမ်းနှင့်ပတ်သက်၍ မည်သူ့ကိုမျှ ကျောသားရင်သားမခွဲခြားခဲ့ပါ။ လူကိုယ်တိုင်ဖြစ်စေ၊ အင်တာနက်မှဖြစ်စေ၊ Facebook မှဖြစ်စေ ကရာတေး၏တိုးတက်ရာတိုးတက်ကြောင်း topic များနှင့်စပ်လျဉ်း၍ အပြန်အလှန်ပြောဆိုဆွေးနွေးမှုများ (debate and discuss) အား လွတ်လပ်စွာပြောဆိုဆွေးနွေးခွင့်ပြုခဲ့သည်။ ယဉ်ကျေးမှုနှင့် အမှန်တရားကို အခြေခံသော criticism and negotiation အား ခွင့်ပြုပေးခဲ့သည်။ အကြောင်းမှာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးခြင်း၊ အမြင်ခြင်းဖလှယ်ခြင်း၊ အားသာချက် အားနည်းချက် ချိန်ညှိခြင်း၊ လွတ်လပ်စွာ ဝေဖန်သုံးသပ်ခြင်းတို့သည် ကရာတေးပညာရပ်အတွက်သာမက မည်သည့်အတတ်ပညာတွင်မဆို မဖြစ်မနေလိုအပ်သော အခြေခံလိုအပ်ချက်များ ဖြစ်သောကြောင့်ပင်ဖြစ်သည်။  

မြန်မာ၊ ထိုင်း၊ ဂျပန် လူမျိုးများအပါအဝင် နိုင်ငံတကာ ကရာတေးသမားများအနက် ၅% ခန့် သာလျှင် မောက်မာကြမ်းတမ်းသော impolite and rude behaviour များ တွေ့ရသော်လည်းပဲ အများစု ၉၅% ခန့်မှာမူ ယဉ်ကျေးပြီး ပြေပြေလည်လည်ဆက်ဆံခဲ့သော polite and good  behaviour များ တွေ့ရှိရသည်။



ကရာတေးနိုင်ငံတကာပညာရှင်များအား youtube မှ တစ်ဆင့် ကရာတေး၏ တိုးတက်ရာတိုးတက်ကြောင်း (opinion and discussion about Karate topic) အား အပြုသဘောဖြင့် စုစုစံ က ဆွေးနွေးတင်ပြသောအခါ လူ အယောက် ၁၆,၅၉၁ ကြည့်ကြသည့်အနက် like လုပ်သူ အယောက် ၁၀ ရှိပြီး dislike လုပ်သူ ယောက်သာ ရှိသည်ကို မြင်တွေ့နိုင်ပါသည်။ (ရက်စွဲ: ၁၈၊ ဧပြီ၊ ၂၀၁၅) Su Su San said in video:
"We're NOT rejecting Sport Karate. Sport Karate is GOOD. However, we strongly DISLIKE the "bouncing Karate (SPORT KARATE)" which we usually see at tournaments. We strongly DISLIKE Sport Karate if without bunkai, without powerful advanced kumite. If Sport Karate involves POWERFUL advanced bunkai and REAL advanced sparring technique instead of bouncing for show, then Sport Karate would be recognized as "Real Karate." Real Karate is the REAL self defense. In other words, "Real Karate" is real self defense martial art in combination of sport Karate.

Real KARATE is practical in real life and the Japanese self defense that uses beyond both HAND and LEG techniques. The 'traditional Karate' consists Kihon, Kata, Kumite, and meditation systematically and theoretically. Real (TRADITIONAL) Karate is the real combat striking martial art using punching, kicking, knee strikes, elbow strikes, open hand techniques, chokes, dodges, , joint manipulations, grappling, throws, take downs blocks, strikes, throws, restraints."

စစ်မှန်သောကရာတေးပညာနှင့်စပ်လျဉ်း၍ သမီးဖြစ်သူ (တပည့်ဖြစ်သူ) စုစုစံက သူမ၏ Black Belt Thesis စာတမ်းကို အခြေခံပြီး youtube မှာ suggestion, opinion နဲ့ discussion topic တစ်ခုကို နိုင်ငံတကာမှ ကရာတေးပညာရှင်များအား ဆွေးနွေးတင်ပြထားခဲ့သည့် ဗီဒီယို
တစ်ခါတစ်ရံ discuss and debate လုပ်ရာတွင် ယဉ်ကျေးသောပညာရှင်များ ရှိသကဲ့သို့ ကြမ်းတမ်းခက်ထန်သော ပညာရှင်တစ်ချို့ရှိကြောင်း၊ ပညာပြည့်ဝသော ပညာရှင်များရှိသကဲ့သို့ နည်းနည်းသိပြီး များများပြောချင်သော နည်းစနစ်အမှန်များကိုသည်ပင်လျှင် နားလည်တတ်ကျွမ်းခြင်းမရှိသော အတုအယောင်ပညာရှင်များရှိကြောင်း တပည့်များမှတစ်ဆင့် ကြားသိခဲ့ရသည်။ ဤကဲ့သို့သော ခက်ထန်ကြမ်းတမ်းပြီး မောက်မာလှသောတတ်ယောင်ကား ပညာရှင်အချို့ကြောင့် စစ်မှန်သော ကရာတေးပညာရပ်အတွက်သာမက အဆိုပါ (ခက်ထန်မောက်မာပြီး လူတတ်ကြီးလုပ်နေသော) ထိုပုဂ္ဂိုလ်များအတွက်ပါ လွန်စွာရင်လေးလှသည်။ အုန်းမှုတ်ခွက်အောက်က ဖားနှင့်တူသည် ဟု ဆိုနိုင်သည်။ မိမိညံ့သည်ကို ညံ့သည်ဟုသိသော လူညံ့တစ်ဦးသည်ပင် ထိုသို့အမှန်ကိုသိသောစိတ်ကြောင့် အမြင်မှန်ရပြီး လက်တွေ့ကြိုးစားလျှင် တစ်နေ့တွင် လူတော်တစ်ဦးဖြစ်လာနိုင်သည်ဆိုသော ဆိုရိုးစကားကို သတိရမိသည်။ မိမိမှားသည်ကို မှားသည်ဟုသိသော လူတစ်ဦးသည်ပင် ထိုသို့အမှန်ကိုသိသောစိတ်ကြောင့် အမြင်မှန်ရပြီး လက်တွေ့ကြိုးစားလျှင်တစ်နေ့တွင်မှန်ကန်သောလူသားတစ်ဦးဖြစ်လာနိုင်
သည်ဆိုသော ဆိုရိုးစကားကိုလည်း သတိရမိသည်။ သို့ရာတွင် မိမိမှားသည်ကို မှားသည်ဟုမသိသည့်အပြင် အမှန်ကို သိအောင် မကြိုးစားပဲ ဆက်လက်မှားယွင်းနေမည်ဆိုပါက ထိုသူသည် အမှားဘဝက လွတ်မည်မဟုတ်။ တစ်နည်းဆိုရသော် တစ်သက်လုံးမှားနေမည် ဖြစ်သည်။ မိမိညံ့သည်ကို ညံ့သည်ဟုမသိသည့်အပြင် တော်အောင်၊ ထူးချွန်အောင် မကြိုးစားပဲ ဆက်လက်ညံ့ဖျင်းမြဲ ညံ့ဖျင်းနေမည်ဆိုပါက ထိုသူသည် အညံ့ဘဝက လွတ်မည်မဟုတ်။ တစ်နည်းဆိုရသော် တစ်သက်လုံးညံ့နေမည်သာ ဖြစ်ပေလိမ့်မည်။ အရေးကြီးသည်မှာ မိမိကိုမိမိ သိနားလည်ဖို့ပင် ဖြစ်သည်။ အမှန်-အမှားကိုသိပြီးပါကလည်း အမှားကိုရှောင်ပြီး အမှန်ကို လိုက်နာကျင့်ကြံဖို့ အရေးကြီးသည်။ အကောင်းနှင့်အဆိုးသည်လည်း ထိုနည်းတူပင်ဖြစ်သည်။ မှားယွင်းမှု ဆိုးသွမ်းမှုများကို ရှောင်ကြဉ်ပြီး မှန်ကန်မှု ဖြောင့်မှန်မှုများကို လက်တွေ့လိုက်နာကျင့်ကြံဖို့ အရေးကြီးလှသည်။ 

ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ ဓမ္မပဒ မြန်မာ အင်္ဂလိပ်မှ သွန်သင်ဆုံးမချက်များကို သတိပြုသင့်ပါ၏။


- မိုက်သောသူသည် မိမိမိုက်သည့် အဖြစ်ကိုသိ၏၊ ထိုသိမှုကြောင့် ပညာရှိဖြစ်နိုင်သေး၏၊ မိုက်သောသူသည် ငါပညာရှိဟု မိမိကိုယ်ကို ထင်မှတ်နေပါမူကား ထိုသူကို စင်စစ် လူမိုက်ဟူ၍ ဆိုအပ်၏။
If a fool can see his own folly, he is this at least is wise; but the fool who thinks he is wise, he indeed is the real fool. 
- ယောက်မသည် ဟင်း၏အရသာကို မသိသကဲ့သို့ မိုက်သူသည် အသက်ရှည်သမျှ ကာလပတ်လုံး ပညာရှိကို ဆည်းကပ်စေကာမူ သူတော်ကောင်းတရားကို မသိနိုင်။
Even if a fool associates with someone wise throughout his life, he never knows the path of wisdom (Dhamma) as the spoon never knows the taste of the soup.


- လျှာသည် ဟင်း၏အရသာကို သိသကဲ့သို့ သိကြား လိမ္မာသူသည် တစ်ခဏမျှ ပညာရှိကို ဆည်းကပ်ရစေကာမူ (သူတော်ကောင်း) တရားကို လျင်မြန်စွာ သိနိုင်၏။
Even though, for a brief moment, an intelligent one attends on a wise person, he soon knows the path of wisdom (Dhamma), as the tongue knows the taste of the soup.

ကရာတေးပညာတွင် မည်သူ့ကိုမဆို ဘယ်သောအခါမှ မိမိက စတင်ပြီး မတိုက်ခိုက်ရ၊ အမြဲယဉ်ကျေးရမည်၊ ကြင်နာတတ်ရမည်၊ ရိုးသားရမည်၊ စွမ်းရည်ရှိရမည် ဟူသော စည်းကမ်းချက်များရှိသည်။ 




·      Patience is better than arrogance.
·      Patience is better than belligerence.
·      If he is always very arrogant and belligerent towards other, he will fail his dignity and life.
·      If he always maintained the correct way of thinking with humility and patience, he will be successful and satisfied in his life.
·      Hatred and anger are our enemies.
·      Metta is forever and essential.


 

In Karate, there is no first attack!
Karate: begins and ends with courtesy!
Karate: begins and ends with mercy!
Karate: begins and ends with honesty!
Karate: begins and ends with ability!
ဟူသော အခြေခံ စည်းကမ်းချက်များလည်း ရှိသည်။

တိုက်ပွဲ ၁၀၀ ကို အောင်နိုင်ခြင်းသည် အကျွမ်းကျင်ဆုံးမဟုတ်ပါ။
ရန်သူကို မတိုက်ခိုက်ပဲနှင့် (မေတ္တာတရား၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းဖြင့်) အောင်နိုင်ခြင်းသည်သာ အကျွမ်းကျင်ဆုံးဖြစ်သည်။

For to win one hundred victories in one hundred battles is NOT the acme of skill. To subdue the enemy without fighting is the acme of skill.

百戦いで百勝利を勝ち取るためにはスキルのアクメではありません。
戦闘せずに敵を征服するにはスキルのアクメです。

สำหรับที่จะชนะหนึ่งร้อยชัยชนะในหนึ่งร้อยต่อสู้ไม่ได้จุดสุดยอดของสกิล จะปราบศัตรูโดยไม่ต้องต่อสู้เป็นจุดสุดยอดของสกิล  

True Karate is never old.
真の空手は決して古いです。
คาราเต้ที่แท้จริงคือไม่เก่า