Pages

ရှိုတိုကန် 松濤館 Shotokan by- Myoma Myint Kywe 先生 သမိုင်းပညာရှင် မြို့ မ မြင့်ကြွယ်


ရှိုတိုကန် 松濤館 Shotokan


                                
Myint Kywe 先生
ဆိုရှိကိ ကရာတေးအသင်း နည်းပြချုပ် 
ဦးမြင့်ကြွယ် ( မြို့ မ မြင့်ကြွယ် )
Soshiki Karate School
   組織空手 Soshiki Karate クラブのチーフインストラクター 
(松濤館 空手 style)
                                      作家、歴史家,ビルマ(ミャンマー)
 





ဂျပန်ကရာတေးဖခင်ကြီး ဟုခေါ်ကြသော ဆရာကြီး ဖူနာကိုရှိ ဂီချင်း (၁၈၆၈-၁၉၅၇) သည် ကရာတေး ကိုယ်ခံပညာ သမိုင်း နှင့် ရှိုတိုကန် သမိုင်း တွင် ဩဇာအကြီးမားဆုံးသောဆရာကြီး ဖြစ်သည်။ ၁၉၃၆ တွင် ဆရာကြီး ဖူနာကိုရှိ ဂီချင်း  船越 義珍 (the founder of modern Karate-do) ကို ဂျပန်ရိုးရာ ရှိုတိုကန်(松濤館 Shotokan) ကရာတေး ကျောင်း ကို စတင်တည်ထောင်သူအဖြစ် ဖော်ပြကြသည်။ ဂျပန်ကရာတေး အသင်း (Japan Karate Association) ၏ နည်းပြချုပ် ဆရာကြီး မာဆာတိုရှိ နာကာရားမား 中山正敏 (၁၉၁၃-၁၉၈၇) သည် ဆရာကြီး ဖူနာကိုရှိ ဂီချင်း ၏ တပည့်ရင်းတစ်ဦးဖြစ်ပြီး J.K.A ကရာတေး သမိုင်း နှင့် ရှိုတိုကန် သမိုင်း တွင်ဆရာကြီး ဖူနာကိုရှိ ဂီချင်း ပြီးလျှင် အထင်ရှားဆုံးသောဩဇာ အကြီးမားဆုံးသောဆရာကြီး ဖြစ်သည်။




 













"ရှိုတို" သည်ဆရာကြီး ဖူနာကိုရှိ ဂီချင်း ၏ စာရေးဆရာကလောင်အမည်ဖြစ်ပြီး ၊
"ထင်းရှူးပင်-ရေလှိုင်း" "pine-waves" (the movement of pine needles when the wind blows through them) ဟူ၍လည်း အဓိပ္ပါယ်ရပါသည်။
"ကန်" သည် "အိမ်" (သို့မဟုတ်) "ခန်းမဆောင်" ဟု အဓိပ္ပါယ်ရပါသည်။ မြန်မာနိုင်ငံတွင် ရှိုတိုကန် စတိုင်(style) သည် အထင်ရှားဆုံးသော ကရာတေး ကစားသည့် စတိုင် ဖြစ်သည်။ 

Self-control is one of the most important life skills that Karate Martial Arts teaches you. In fact, self-control is the key attribute that helps you develop self-discipline, which is essential to reach your goals. Self discipline is also one of the keys to excellence in karate martial arts.

We all karate practitioners must not be poisoned by the seven poisons such as: greed, anger, hatred, stupidity, conceit, jealousy and malice. We must do to cultivate the power of courage by strengthening our mind and body and overcoming any difficulties in our life. We all instructors and students must abstain from all evil, committing murder, suicide, stealing, lying, betraying, sexual misconduct, adultery, polygamy, homosexuality and intoxicants.

https://www.facebook.com/photo.php?fbid=1416080948652034&set=pb.100007504273340.-2207520000.1409491788.&type=3&src=https%3A%2F%2Fscontent-b-nrt.xx.fbcdn.net%2Fhphotos-xfp1%2Ft31.0-8%2F1979187_1416080948652034_5093934898973015538_o.jpg&smallsrc=https%3A%2F%2Fscontent-b-nrt.xx.fbcdn.net%2Fhphotos-xfp1%2Fv%2Ft1.0-9%2F1902994_1416080948652034_5093934898973015538_n.jpg%3Foh%3D86fb378648192554ac7223e683c53a25%26oe%3D546B3484&size=1525%2C1369 


ဆရာတော် ဗောဓိဓမ္မ အစရှိသော ဇင်ဗုဒ္ဓဘာသာ အဆုံးအမများ နှင့် ဆရာကြီး ဖူနာကိုရှိ ဂီချင်း တို့သည် ကရာတေး(Karate) ၏ (Kara=Empty) "ဗလာ" ကို
မိမိအား နှောက်ယှက်ထိပါး စော်ကားသူများအား မိမိအနေဖြင့်အချိန်မဆိုင်းပဲ ချက်ချင်း လက်ချည်းသက်သက်လက်နက်မဲ့ ဗလာ (" Unarmed Combat ") ဖြင့် ခုခံကာကွယ်ခြင်း ဟုဖော်ပြခဲ့သည်။ 






ကရာ(Kara) သည်   ငါ-အတ္တ ဝါဒစိတ် (Ego/selfish) မရှိခြင်း ၊
အမုန်းတရား (Hatred) နှင့် မကောင်းမှုစိတ်စသောစိတ်အညစ်အကြေး မရှိခြင်း/ ဗလာဖြစ်ခြင်း၊ လောဘစိတ် (Greed / Desire)၊ ဒေါသစိတ် (Anger)
မောဟစိတ် (Ignorance/Delusion) စသောစိတ်အညစ်အကြေး မရှိခြင်း/
ဗလာဖြစ်ခြင်း၊ မာနခက်ထန်ယုတ်မာမှုမရှိခြင်း/ ဗလာဖြစ်ခြင်း... ဟုဖော်ပြခဲ့သည်။




မြင့်မြတ်ဖြူစင်သောမေတ္တာစိတ်ရှိခြင်း၊ စိတ်ယဉ်ကျေးမှု ရှိခြင်း၊ တိတ်ဆိတ်ငြိမ်သက်ခြင်း၊ စိတ်ကို အတိတ် (Past) နှင့် အနာဂတ် (Future) သို့ တွေဝေ ငေးမောမနေပဲ ပစ္စုပန် (Present) တည့်တည့်တွင် စိတ်ကိုကောင်းစွာ တည်ငြိမ်စွာ ထားရှိခြင်း...စသည်တို့သည် ကရာတေးပညာရှင်တို့၏ အရေးကြီး သော အကောင်းဆုံးအရည်အချင်း (Ethics of Karate Master) များဖြစ်သည်...ဟုဖော်ပြခဲ့သည်။ 

မိမိ၏ အရှက်ကိုဖြစ်စေ၊ အသက်နှင့် စည်းစိမ်ဥစ္စာတို့ကို ဖြစ်စေ ထိခိုက်နစ်နာမှု ရှိသောအခါမှသာ၊ အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်သည့် အခါမှသာ ကရာတေးပညာကို အသုံးပြုခွင့်ရှိသည်။ power control systems  ရှိသည်။ နေရာတကာတိုင်း 100% maximum power and powerful karate ကရာတေးပညာကို အသုံးပြု ခွင့်မရှိပါ။

သာမန်အားဖြင့် မိမိ အသက်ကို ထိခိုက်နစ်နာစေရန် သုံးကြိမ်သုံးခါ စော်ကားရန်ပြုသူကိုသာ ကရာတေးပညာကို maximum power and powerful karate အသုံးပြု ခွင့်ရှိသည်။ တုံ့ပြန်ချေမှုန်းလေ့ရှိသည်။ မည်သူ့ကိုမဆို အတတ်နိုင်ဆုံး သည်းခံပါ၊ ပြဿ     နာကိုရှောင်ရှားပါ၊ ရန်ကို ရှောင်ရှားပါ စသည်ဖြင့် အဆုံးအမ လမ်းညွှန်မှုများသည် စစ်မှန်သော ကရာတေးပညာတွင် ရှေးခေတ်မှသည် ယနေ့တိုင် အထင်အရှားရှိသည်။  

ကရာတေးပညာတွင် မည်သူ့ကိုမဆို ဘယ်သောအခါမှ မိမိက စတင်ပြီး မတိုက်ခိုက်ရ၊ အမြဲယဉ်ကျေးရမည်၊ ကြင်နာတတ်ရမည်၊ ရိုးသားရမည်၊ စွမ်းရည်ရှိရမည် ဟူသော စည်းကမ်းချက်များရှိသည်။ 




ကရာတေး 空手 ("empty hand")
(လက်နက်မဲ့ ခုခံကာကွယ်ခြင်း)




ကရာတေး လက်နက်မဲ့ ခုခံကာကွယ်ခြင်းမှာ မိမိအနေဖြင့် တိုက်ခိုက်သူ၏ မမျှော်လင့်နိုင်သော တိုက်ခိုက်မှုကို ရုတ်တရက် လျှင်မြန်စွာ ရှောင်တိမ်းကာ ၄င်းတိုက်ခိုက်သူအား မိမိကို ဆက်လက်မတိုက်ခိုက်နိုင်စေရန် ချက်ချင်း ပြန်လည် ခုခံထိန်းချုပ်ကာကွယ်ခြင်းပင်ဖြစ်သည်။ မိမိမှ ကြိုတင် တိုက်ခိုက်ခြင်း မဟုတ်ပဲ မိမိအား လာရောက်ထိပါးမှသာ တုန့်ပြန်ကာကွယ်ခြင်းပင်ဖြစ်သည်။ ကရာတေးကိုယ်ခံပညာ ဆိုသည်မှာ မိမိ၏ လုံခြုံမှုအတွက် ခုခံကာကွယ်သော နည်းပညာ များကိုဆိုလိုသည်။ တစ်နည်းအားဖြင့် ကိုယ်လုံပညာဟုလည်းခေါ်ဝေါ်သုံးစွဲကြသည်။ 

မည်သူမဆို မိမိ၏လုံခြုံမှုကို ထိပါးနှောက်ယှက်လာလျှင် ခုခံကာကွယ်ခွင့်ရှိပေရာ ခုခံကာကွယ်မှုနည်းပညာများသည်လည်း နိုင်ငံအလိုက် လူမျိုးစုအလိုက် အမျိုးမျိုး ပေါ်ထွန်းလာကြပေသည်။ ကိုယ်ခံပညာအနေဖြင့် မိမိအား နှောက်ယှက်ထိပါး စော်ကားသူများအား အချိန်မဆိုင်းပဲ ချက်ချင်း ခုခံကာကွယ်ခြင်းဖြစ်ပေရာ မိမိအနေဖြင့် လက်ချည်းသက်သက်(လက်နက်မဲ့) ခုခံကာကွယ်ခြင်း၊ နီးစပ်ရာ လက်နက်ဖြင့် ခုခံကာကွယ်ခြင်း ၊ ကြိုတင်စီမံထားသော လက်နက်ဖြင့် ခုခံကာကွယ်ခြင်း စသည်ဖြင့် အမျိုးအစား ခွဲခြားနိုင်ပေသည်။

ကိုယ်ခံပညာ သမိုင်း နှင့် ဆရာတော်ဗောဓိဓမ္မ

ဂျပန်ပြည် တွင် ဆရာတော်ဗောဓိဓမ္မ ကို 達磨 Daruma) ၊ ဇင်(ဈာန်)ဗုဒ္ဓဘာသာ(Zen Buddhism) နှင့် ဂျပန်ကရာတေး ကိုယ်ခံပညာတို့၏ ရှေ့ဆောင်ဦးစီး စတင်တည်ထောင်သူအဖြစ် ဖော်ပြကြသည်။    
                       
ဆရာတော် ဗောဓိဓမ္မ သည် ကိုယ်ခံပညာ သမိုင်းတွင် ဩဇာအကြီးမားဆုံးသော သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ဇင်ဗုဒ္ဓဘာသာ ၏ တရားရှုမှတ်ခြင်း Zazen 坐禅 သည်ထင်ရှားကျော်ကြားသည်။ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းတွင် စတင်ခဲ့သော ခြေထောက်ဖြင့် တိုက်ခိုက်ခြင်း နည်းပညာကို အခြေခံသည့် ဂျပန်ရိုးရာ ကိုယ်ခံပညာ တစ်ရပ်ဖြစ်သည်။

ကရာတေး ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ ရှင်းလင်းချက် အမျိုးမျိုးရှိပါသည်။ ယေဘူယျအဖြစ် လူသိများသော ရှင်းလင်းချက်မှာ အိုကီနာဝါ ဒေသ၏ တိုက်ခိုက်ရေးပညာမှ လက်ပိုင်းဆိုင်ရာ နည်းဗျူဟာတွင် တရုတ်ရိုးရာ ကိုယ်ခံပညာကို ပေါင်းစပ်ထားခြင်းဖြင့် တီထွင်အဆင့်မြှင့်ထား သည်ဟု ယူဆနိုင်သည်။

ကြည့်မှန်၏ ရှေ့တွင် ကြည့်သူ၏ကိုယ်နေကိုယ်ထား အမူအရာသည် ပကတိအတိုင်း မိမိတို့ကိုယ်နေကိုယ်ထား အမူအရာကို မိမိတို့ ပြန်မြင်နိုင်သော ကြည့်မှန် (Mirror Reflection Effect) နှင့်တူသော ကံ၊ ကံ ၏ အကျိုးနိယာမ(Causality) ဟု ခေါ်ဆိုနိုင်သောအမှန်တရားရှိခြင်း "..... ဟုရှင်းလင်းခဲ့သည်။












ကရာတေးပညာရှင်တို့အတွက် "စိတ်ထားဖြူစင်ခြင်း (Purification of Mind)၊ ယဉ်ကျေးခြင်း (Courtesy) ၊ သတ္တိကောင်းခြင်း (Courage) ၊ ကိုယ်ကျင့်သီလကောင်းခြင်း (Morality) ၊ မေတ္တာစိတ်ရှိခြင်း (Loving kindness)၊ ကရာတေးပညာထူးချွန်ခြင်း(Skill)၊ သည်းခံခြင်း (Patience or forbearing) နှင့် ရိုးသားဖြောင့်မတ်ခြင်း (Honesty)... စသည် တို့သည် မရှိ မဖြစ်လိုအပ်သောအရည်အချင်းကောင်းများ(Qualities of a Good Karate Master) ဖြစ်သည်."...ဟု ဦးမြင့်ကြွယ် ( မြို့ မ မြင့်ကြွယ် ) က မှတ်ချက် ပြုခဲ့သည်။

မြန်မာနိုင်ငံ ကရာတေး အသင်းများ

ဂျပန်ကရာတေးဖခင်ကြီး ဟုခေါ်ကြသောဆရာကြီး ဖူနာကိုရှိ ဂီချင်း (၁၈၆၈-၁၉၅၇) သည်ကရာတေး ကိုယ်ခံပညာ သမိုင်းတွင် ဩဇာအကြီးမားဆုံးသောဆရာကြီး ဖြစ်သည်။" ဒုတိယ ကမ္ဘာစစ်ပြီးသောအချိန်တွင်မူ ကမ္ဘာအရပ်ရပ်သို့ ပြန့်နှံ့သွားခဲ့ပါသည်။ ယခုအခါ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် တိုက်ခိုက်ရေးအတွက်လည်းကောင်း ၊ ကိုယ်ခံပညာအဖြစ်လည်းကောင်း ၊ အားကစားပညာအဖြစ်လည်းကောင်း လူတိုင်းနှင့် ရင်းနှီးသော ဩဇာအကြီးမားဆုံးသောကိုယ်ခံပညာတစ်ရပ်အဖြစ် နေရာယူထားပါသည်။ 



အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း
နှင့်
ဂျပန် ရိုးရာ ကင်ဒို ပညာ
















 













မြန်မာနိုင်ငံ ရှိ ကရာတေး ကလပ်များတွင် အများအားဖြင့် အဖြူ ၊ အဝါ၊ အစိမ်း၊ အညို၊ အနက် ဟု ခါးပတ် အရောင်ကို အနိမ့်မှ အမြင့်သို့ (၅) ဆင့် သတ်မှတ်လေ့ ရှိကြသည်။ သို့သော် လည်း အချို့သော ကရာတေး ကလပ်များတွင် အဖြူ ၊ အဝါ၊ လိမ္မော်၊ အစိမ်း၊ အပြာ၊ အညို၊ အနက် ဟူ၍ ခုနှစ်ဆင့် သတ်မှတ်လေ့ ရှိကြသည်။ သို့သော်လည်း အချို့သော ကရာတေး ကလပ်များတွင် အဖြူ၊ အဝါ၊ လိမ္မော်၊ အစိမ်း၊ အပြာ၊ အညို၊ အနက် ဟူ၍ ခုနှစ်ဆင့် သတ်မှတ်လေ့ ရှိကြသည်။  


၁၉၄၂ ခုနစ် နောက်ပိုင်းကာလတွင် ဂျပန်စစ်သားများ သယ်ဆောင် လာခဲ့သော ဂျူ ဒို၊ ဂျူ ဂျစ်ဆု၊ အိုက်ကီဒို၊ ကင်ဒို(ဓားသိုင်း)၊ ကရာတေး တို့သည် မြန်မာနိုင်ငံသို့ စတင်ပျံ့နှံ့ရောက်ရှိခဲ့ပါသည်။
 မြန်မာနိုင်ငံတွင် ဂျူ ဒို၊ ဂျူ ဂျစ်ဆု၊ အိုက်ကီဒို၊ ကင်ဒို၊ ကရာတေး ကိုယ်ခံပညာရပ်များသည် ၁၉၄၂ ခုနစ်ကတည်းက တည်ရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။
ဂျပန်ရိုးရာ ကိုယ်ခံပညာများကို အာရှလူငယ် အစည်းအရုံး ၊ တို့ဗမာအစည်းအရုံး ၊ ဗမာ့လွတ်လပ်‌ရေး တပ်မတော် (ဘီ၊ အိုင်၊ ‌အေ) ၊ ရဲဘော်သုံးကျိပ် တို့သည်လည်း ကိုယ်ခံပညာအဖြစ်လည်းကောင်း ၊ တိုက်ခိုက်ရေးအတွက်လည်းကောင်း ၊ အားကစားပညာအဖြစ်လည်းကောင်း လေ့ကျင့်သင်ကြားခဲ့ပါသည်။ လေ့ကျင့်ခန်းများကို အခြေခံမှစ၍ သင် ကြားခဲ့ရသည်။

ကရာတေးပညာ သာမက မြန်မာ့သိုင်း၊ ဂျူ ဒို၊ ဂျူ ဂျစ်ဆု၊ အိုက်ကီဒို၊ ကင်ဒို၊ ကွန်ဖူး၊ ရှောင်လင်၊ ဗန်တို၊ တိုက်ကွမ်ဒို၊ မြန်မာ့လက်ဝှေ့ စသော ကိုယ်ခံပညာ အားလုံး တို့သည်လည်း သူနည်းသူ့ဟန် နှင့် သူ  အသုံးဝင်လှသည်၊ တန်ဖိုးရှိလှသည်။  

ကရာတေး ပညာရပ်သည် ၁၉၆၅ ခုနစ် နောက်ပိုင်းကာလတွင် ပိုမိုပျံ့ပွားလာခဲ့ပါသည်။ တက္ကသိုလ် ကောလိပ်များ၊ အထက်တန်းကျောင်းများ၊ တပ်မတော် နှင့် ရဲတပ်ဖွဲ့တို့တွင် ကရာတေး သင်တန်းများ ပေါ်ထွန်းခဲ့သည်။ 
 


ဒဂုံ ကရာတေး အသင်း၊ အဆာဟိ ကရာတေး အသင်း၊ ဟိုက်ကာရီ ကရာတေးအသင်း၊ ယူနိုက်တက် ကရာတေးအသင်း၊ အိုကီနာဝါ ကရာတေး အသင်း၊တိုက်ဂါး ကရာတေးအသင်း၊ အိုယားမား ကရာတေး အသင်း၊ မူရာယားမား ကရာတေးအသင်း၊ ဘားမား ကရာတေးအသင်း၊ ဂိုစိုးကု ကရာတေး အသင်း၊ အက်ဆက် ကရာတေးအသင်း၊ တန်ဆိုင်း ကရာတေးအသင်း၊ ဖူနာကိုရှိ ဂီချင်း ကရာတေး အသင်း၊ ဆိုရှိကိ ကရာတေးအသင်း၊ Institute of Karate ...စသော ကရာတေးအသင်းဖွဲ့များ ပေါ်ပေါက်ခဲ့သည်။  

မြန်မာနိုင်ငံ ကရာတေး ကိုယ်ခံပညာသမိုင်း တွင် ဆရာကြီး ဦးကျော်ညွန့်၊ ဆရာကြီး ဦးစိုးတင့်၊ ဆရာကြီး ဦးသောင်းဒင်၊ ဆရာကြီး ဦးရစ်ချတ်၊ စသော ဆရာကြီး တို့သည် ဩဇာ တိက္ကမ ကြီးမားသောဆရာကြီး များဖြစ်ကြသည်။ ဆရာကြီး ဦးကျော်ညွန့်၊ ဆရာကြီး ဦးရစ်ချတ်၊ ဆရာကြီး ဦးစိုးတင့်၊ ဆရာကြီး ဦးသောင်းဒင်၊ ဗိုလ်ကြီးမိုးဟိန်း (ဗထူး)၊ ဆရာ ဦးမောင်မောင်သန်း၊ ဆရာ ဦးမြင့်ကြည်၊ ဆရာ ဦးစံနီ၊ ဆရာ ဦးဝင်းနိုင်၊ ဆရာ ဦးတင်ဝင်းအောင် (ခေါ်) ဆရာ ဦးဖိုးသာအောင်၊ ဆရာ ဦးသိန်းဝင်း၊ ဆရာ ဦးစိုးအောင်၊ ဆရာ ဦးစိုးဝင်း (မြန်မာနိုင်ငံ ကရာတေးဒို အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး)၊ ဆရာ ဦးအောင်တင်စိန်၊ ဆရာ ဦးမောင်မောင်မြင့် ၊ ဆရာ ဦးဂေးလ်မို စိုးမင်း၊ ဆရာ ဦးမောင်မောင်ဦး၊ ဆရာ ဦးနေဝင်း၊ ဆရာ ဦးမင်းလွင်၊ ဆရာ ဦးစိုးဝင်း(ဟိုက်ကာရီ)၊ ဆရာဦး မြင့်အောင်…..စသော ဆရာများသည် ထင်ရှားခဲ့သည်။

ရှိုတိုကန် 松濤館 ကရာတေး စတိုင် နှင့် ကျိုရှင်ကိုင်း 極真会館 ကရာတေး စတိုင် တို့ကို အဓိကထားပြီး ကစားကြသည်။ 
ကျိုရှင်ကိုင်း(ကျို့ရှင်း) (Kyokushin) ဆိုသည်မှာ ကရာတေးကစားသည့် စတိုင်(Style) တစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံတွင် ရှိုတိုကန် စတိုင်(Style) ပြီးလျှင် ကျိုရှင်ကိုင်း 極真会館 ကရာတေး စတိုင် သည်  ဒုတိယမြောက်အထင်ရှားဆုံးသော ကရာတေးကစားသည့် စတိုင်ဖြစ်သည်။
တိုက်ပွဲ ၁၀၀ ကို အောင်နိုင်ခြင်းသည် အကျွမ်းကျင်ဆုံးမဟုတ်ပါ။
ရန်သူကို မတိုက်ခိုက်ပဲနှင့် (မေတ္တာတရား၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းဖြင့်) အောင်နိုင်ခြင်းသည်သာ အကျွမ်းကျင်ဆုံးဖြစ်သည်။

 

Ref:

ဦးမြင့်ကြွယ် (မြို့ မ မြင့်ကြွယ်), Karate do (ကရာတေးဒို)
တရုတ်ပြည် ဂျပန်ပြည် ကိုယ်ခံပညာ နှင့် ဇင်ဗုဒ္ဓဘာသာအစ- ဗောဓိဓမ္မ
ဦးမြင့်ကြွယ် (မြို့ မ မြင့်ကြွယ်) Karate and Buddhism ရှောင်လင်အစ ဆရာတော် ဗောဓိဓမ္မ
True History of Bodhidharma Life ဆရာတော် ဗောဓိဓမ္မ
ကရာတေးကိုယ်ခံပညာ နှင့် ဇင်ဗုဒ္ဓဘာသာအစ- ဆရာတော် ဗောဓိဓမ္မ က
History of Karate
ဦးမြင့်ကြွယ် (မြို့ မ မြင့်ကြွယ်) ဆရာကြီး ဖူနာ့ကိုရှိ၊ ဂိချင်း ၏ ကရာတေးအမှန်တရား
ဇင်ဗုဒ္ဓဘာသာအမှန်တရားနှင့် ဗုဒ္ဓမြတ်စွာဘုရား ကြာပန်း တရားတော် Flower Sermon
ဦးမြင့်ကြွယ် (မြို့ မ မြင့်ကြွယ်) ကရာတေးဒို အမှန်တရား
http://en.wikipedia.org/wiki/Gichin_Funakoshi
http://www.scribd.com/doc/47785810/Gichin-Funakoshi-Karate-Do-Kyohan
http://www.shotokai.com/ingles/history/shotokaikan.html
http://en.wikipedia.org/wiki/Masatoshi_Nakayama
http://www.jka.or.jp/english/about/nakayama.html
http://www.genyukan.com/shotokanKarate.php
http://my.wikipedia.org/wiki/%E1%80%9B%E1%80%BE%E1%80%AD%E1%80%AF%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%94%E1%80%BA
http://www.jkskarate.co.za/Shotokan_history.html
http://www.jkaindia.org/_final/ShotokanJka.htm
http://en.wikipedia.org/wiki/Zazen
http://zmm.mro.org/teachings/meditation-instructions/
http://www.onmarkproductions.com/html/daruma.shtml#.UeIaVqz7b64
http://www.caledonkarate.ca/about/history.html
http://www.knowledgerush.com/kr/jsp/db/board.jsp?id=77471
http://www.fourseas.co.uk/taichi/gichin%20funakoshi.html
http://www.knowledgerush.com/kr/jsp/db/board.jsp?id=76999
http://www.fourseas.co.uk/taichi/gichin%20funakoshi.html
http://www.aibudo.com/history/shotokan/gichin.html
http://www.knowledgerush.com/kr/jsp/db/board.jsp?id=77471
http://tenguhouse.typepad.com/aikikuzushi/page/2/
http://www.shotokai.com/ingles/kyohan/karakyoh.html
http://www.shotokai.com/ingles/kyohan/karakyoh.html
http://en.wikipedia.org/wiki/Flower_Sermon
http://www.fightingmaster.com/masters/funakoshi/

http://ja.wikipedia.org/wiki/%E7%A9%BA%E6%89%8B
http://images.google.com/imgres?imgurl=http://kenshinjukukaratedo.com/Kenshinjuku_Karate_Do_-_Aventura_North_Miami_Beach_Shotokan_Karate_Do_files/shapeimage_2.jpg&imgrefurl=http://kenshinjukukaratedo.com/&usg=__MLTL4Zv8QN2D4fqsC5FmvS5b7Ug=&h=313&w=386&sz=49&hl=en&start=42&um=1&tbnid=vsj3W1pPIrEwbM:&tbnh=100&tbnw=123&prev=/images%3Fq%3Dkarate-do%26ndsp%3D18%26hl%3Den%26sa%3DN%26start%3D36%26um%3D1
http://ikomyanmar.com/ikomyanmar.htm